၂၀၂၄ ခုနှစ်၊ မတ်လအတွက် FAO စားနပ်ရိက္ခာဈေးနှုန်းညွှန်းကိန်း ထုတ်ပြန်ခဲ့ခြင်း

၁။     မတ်လတွင် ဟင်းသီးဟင်းရွက်ဆီ၊ နို့ထွက်ပစ္စည်းများနှင့် အသားဈေးနှုန်း သတ်မှတ်ချက်များ မြင့်တက်ခဲ့မှုကြောင့် ကမ္ဘာ့စားသောက်ကုန် ဈေးနှုန်းညွှန်းကိန်း ၁.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က ၅-၄-၂၀၂၄ ရက်စွဲဖြင့် သတင်းထုတ်ပြန် ခဲ့ပါသည်။ 

၂။     အဆိုပါထုတ်ပြန်ချက်တွင် အောက်ပါအချက်များကို အဓိက ဖော်ပြထားပါသည် - 

Maldives သို့ သကြား၊ ဆန်နှင့် ကြက်သွန်နီများတင်ပို့ခွင့်ပြုခဲ့သည့် အိန္ဒိယနိုင်ငံ

အိန္ဒိယနိုင်ငံသည် နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူညီချက်အရ Maldives သို့ ဥများ၊ အာလူး၊ ကြက်သွန်နီ၊ ဆန်၊ ဂျုံမှုန့်၊ သကြား၊ ပဲမျိုးစုံ၊ ကျောက်ခဲမျိုးစုံ (stone aggregate) နှင့် မြစ်မှရယူ သောသဲ (river sand) တို့ကို တင်ပို့ရောင်းချခဲ့ခွင့်ပြုခဲ့ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံသည် အဆိုပါ ထုတ်ကုန်များကို ပြည်ပသို့တင်ပို့ရောင်းချခွင့်အား လတ်တလောတွင် တားမြစ်ကန့်သတ်ထားခြင်း ဖြစ်သည်။

အိန္ဒိယနိုင်ငံတွင် ပဲစျေးနှုန်းများတက်လာခြင်းကြောင့်- စားတော်ပဲ၊ ပဲစင်းငုံနှင့် မတ်ပဲတို့၏ သိုလှောင်ထားရှိမှုလက်ကျန်စာရင်းကို ပုံမှန်ကြေညာရန် ကုန်သည်များအား တောင်းဆိုလာနိုင်

အိန္ဒိယနိုင်ငံ၏ အချို့သောဈေးကွက်များတွင် ပဲစျေးနှုန်းများ မြင့်တက်နေသည့်အတွက် စားတော်ပဲ၊  ပဲစင်းငုံနှင့် မတ်ပဲ သိုလှောင်ထားရှိမှုလက်ကျန်စာရင်းကို ကုန်သည်များနှင့် လက်လီ ရောင်းချသူများမှ မဖြစ်မနေတင်ပြရန် အစိုးရမှ စီစဉ်လျက်ရှိကြောင်း The Economic Times သတင်းစာတွင်ဖော်ပြထားပါသည်။ 

၂၀၂၄ ခုနှစ်၊ ပထမ(၂)လအတွင်း တရုတ်နိုင်ငံ၏ ကောက်ပဲသီးနှံတင်သွင်းမှု မြင့်တက်ခဲ့

တရုတ်နိုင်ငံ၏ ကောက်ပဲသီးနှံတင်သွင်းမှုသည် ယခုနှစ် ပထမနှစ်လတွင် ပုံမှန်တိုးတက် လျက်ရှိသည်ဟု တရားဝင်အချက်အလက်များ၌ ဖော်ပြထားကြောင်း သိရှိရပါသည်။ အဆိုပါ(၂) လ အတွင်း တရုတ်နိုင်ငံသည် ကောက်ပဲသီးနှံတန်ချိန် (၁၃.၃၆)သန်း တင်သွင်းခဲ့ပြီး တစ်နှစ်ထက် တစ် နှစ် (၂၉.၅၇)ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာန၏ အချက်အလက်များအရ သိရှိရပါသည်။

ကုန်းလမ်း-ပင်လယ်ရေကြောင်းကုန်သွယ်ရေးစင်္ကြံသည် တရုတ်နှင့် အာဆီယံနိုင်ငံများအကြား သစ်သီးဝလံကုန်သွယ်မှုကို လွယ်ကူချောမွေ့စေ

အင်ဒိုနီးရှားနိုင်ငံမှ မင်းဂွတ်သီး (၆၈)တန် သယ်ဆောင်လာသည့် ကုန်တင်သင်္ဘောတစ်စီး သည် ရှစ်ရက်ကြာ ခရီးစဉ်အပြီးတွင် တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ ချင်းကျိုးဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့ကြောင်းနှင့် အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းများ လျင် မြန်စွာ ဆောင်ရွက်ပြီးနောက် သစ်သီးများကို အနီးအနားရှိပြည်နယ်များအပြင် ကွမ်တုန်း-ဟောင် ကောင်-မကာအိုဒေသနှင့် ရန်ဇီမြစ်ဝကျွန်းပေါ်ဒေသများသို့ ဆက်လက်ပို့ဆောင်ခဲ့ကြောင်း သိရှိရပါ သည်။

အိန္ဒိယနိုင်ငံတွင် အစိုးရသစ်၏ ရက် ၁၀၀ အစီအစဉ်အတွက် အဓိက ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ သောကြာနေ့တွင် တွေ့ဆုံမည်။

အိန္ဒိယနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲအပြီး တာဝန်ယူမည့် အစိုးရသစ်၏ ပထမရက် ၁၀၀ စီးပွားရေးဆိုင်ရာအစီအစဉ်ကိုဆွေးနွေးရန်အတွက် အစိုးရအဖွဲ့အတွင်းရေးမှုးသည် အရေးကြီး သောစီးပွားရေးဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံရန် သောကြာနေ့တွင် စီစဉ်ထားကြောင်း သိရသည်။ 

ဗီယက်နမ်မှ အုန်းသီးနှင့် အေးခဲထားသော ဒူးရင်းသီးများ တရုတ်ဈေးကွက်သို့ ဝင်ရောက်ခွင့်ရလုနီးပြီဖြစ်

Việt Nam News ၏ အစီရင်ခံစာအရ လက်ရှိတွင် ဗီယက်နမ်နိုင်ငံ၌ တရုတ်နိုင်ငံသို့ တင်ပို့ရန် အရည်အချင်းပြည့်မီ၍ တရုတ်နိုင်ငံအကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့မှ ကုဒ်နံပါတ် များ ထုတ်ပေးထားသည့် ဒူးရင်းစိုက်ပျိုးရေးခြံနှင့် ထုပ်ပိုးမှုလုပ်ငန်းများ (၈၇၆)ခုရှိပြီး ဗီယက်နမ်အနေဖြင့် တရုတ်နိုင်ငံနှင့် ဒူးရင်းသီးကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပိုမိုကောင်း မွန်သော အခြေအနေများ ဖန်တီးပေးထားကြောင်း သိရှိရပါသည်။ 

တရုတ်နိုင်ငံသည် အပူပိုင်းဒေသထွက် သစ်သီးကုန်သွယ်မှုအတွက် ဆိပ်ကမ်းအဆင့်မြှင့်တင်ခြင်း၌ ရင်းနှီးမြှုပ်နှံ

ချင်းကျိုးဆိပ်ကမ်းသည် တရုတ်နိုင်ငံ တောင်ပိုင်းတွင် အာရှအပူပိုင်းဒေသထွက် သစ်သီးများ ကုန်သွယ်မှုအတွက် အချက်အချာဖြစ်လာပြီး အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် အခြားသော နိုင်ငံများရှိ အဓိကသစ်သီးထုတ်လုပ်သူများနှင့် ချိတ်ဆက်ထားကြောင်း ဖော်ပြထားပါသည်။

Belt and Road Initiative ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် တရုတ်အစိုးရသည် ချင်းကျိုး ဆိပ်ကမ်းတွင် အပူပိုင်းဒေသထွက်သစ်သီးဝလံများအတွက် အအေးခန်းသိုလှောင်ရုံများနှင့် ပြုပြင် ထုတ်လုပ်မှုများကို ထပ်မံရင်းနှီးမြှုပ်နှံထားသည်ဟု နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ကြောင်း သိရှိရပါ သည်။

သီရိလင်္ကာ နာနတ်သီးများသည် တရုတ်ဈေးကွက်သို့ ဝင်ရောက်ခွင့် ရရှိခဲ့

သီရိလင်္ကာနိုင်ငံမှ လတ်ဆတ်သော နာနတ်သီးများ တင်သွင်းခြင်းအတွက် အပင်ပိုးမွှား ကင်းရှင်းရေးဆိုင်ရာလိုအပ်ချက်များကို တရုတ်နိုင်ငံအကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင် အဖွဲ့က ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့ တွင် ထုတ်ပြန်ခဲ့ကြောင်း၊ နာနတ်သီးသည် ၂၀၁၅ ခုနှစ်တွင် ခွင့်ပြုချက်ရခဲ့သော ငှက်ပျောသီးပြီးနောက်တွင် သီရိလင်္ကာနိုင်ငံမှ တင်သွင်းခွင့်ရသည့် ဒုတိယ မြောက်သစ်သီးအမျိုးအစားဖြစ်ကြောင်း သိရှိရပါသည်။

ဗီယက်နမ်သည် ထိုင်းနိုင်ငံကို ကျော်တက်ပြီး တရုတ်နိုင်ငံသို့ ဒူးရင်းသီးအများဆုံး တင်သွင်းရောင်းချသူဖြစ်လာ

၂၀၂၄ ခုနှစ် ပထမနှစ်လတွင် ဗီယက်နမ်သည် ယခင်ရာသီလက်ကျန် ဒူးရင်းသီးများကြောင့် တရုတ်နိုင်ငံသို့ ဒူးရင်းသီးအများဆုံး တင်သွင်းရောင်းချသူအဖြစ် ထိုင်းနိုင်ငံကို ကျော်တက်သွားခဲ့ ကြောင်း၊ ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ပုံမှန်ကုန်သွယ်မှုလမ်းကြောင်းများမှတစ်ဆင့် တရုတ်စျေးကွက် သို့ ဒူးရင်းသီးဝင်ရောက်ခွင့်ရရှိပြီးကတည်းက ဗီယက်နမ်သည် တရုတ်နိုင်ငံသို့ ဒူးရင်းသီး အဓိက တင်သွင်းသူအဖြစ် ရပ်တည်နေခဲ့ကြောင်း သိရှိရပါသည်။