ထူးချွန်ကျောင်းသား မွေးထုတ်ဖို့ မိဘ၊ ဆရာ၊ ကျောင်းသား ပူးပေါင်းစို့

ကိုအောင်ရေ ငါ့ညီဆီဖုန်းဆက်ရတာလည်း မလွယ်ပါလားကွာ။ ရုံးပိတ်ရက် စနေ၊ တနင်္ဂနွေတောင် ဖုန်းဆက်ဖို့မလွယ်ဘူး။ ပြီးခဲ့တဲ့အပတ်က မင်း မှော်ဘီ၊ တိုက်ကြီး၊ ဥက္ကံ၊ သုံးဆယ်၊ သာယာဝတီ၊ ပြည်၊ မကွေး၊ မိတ္ထီလာတွေ သွားထားတော့ ဒီတစ်ပတ်အဝေးခရီး မသွားဘဲ နားမယ်ဆိုလို့ ငါဖုန်းဆက်လိုက်တာ။ ၉ နာရီခွဲ၊ ၁၀ နာရီခွဲ၊ ၁၁ နာရီခွဲ၊ တစ်နာရီစီ ခြားပြီး သုံးခါဆက်တာမရတော့ နားလိုက်တာ။ ရုံးပိတ်ရက်ကြီး မင်းကဘာများလုပ်နေလို့ ငါ့ဖုန်းကို မကိုင်ရ
တာလဲ။”
သည်နေ့ ကျွန်တော်တို့ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ၂၀၂၄ ခုနှစ် ပညာ ရည်ချွန်ဆုနှင့် ထူးချွန်ဝန်ထမ်းများ ဆုပေးပွဲအခမ်းအနားကျင်းပပါ သည်။ အခမ်းအနားကို မနက် ၉ နာရီကစ၍ ကျင်းပခြင်းဖြစ်ပါသည်။ အခမ်းအနားစကတည်းက အနှောင့်အယှက်ဖြစ်မည်စိုး၍ ကျွန်တော်ဖုန်းကို အသံပိတ်ထားမိသည်။ နေ့လယ်တစ်နာရီခန့်တွင် အခမ်းအနားပြီး၍ အိမ်ပြန်ရန် ကားပေါ်ရောက်မှ ကျွန်တော်ဖုန်းကို ဖွင့်ကြည့်သည့်အခါ ကျွန်တော့်အစ်ကိုကြီးထံမှဖုန်းသုံးကြိမ်ဆက်ထားကြောင်းတွေ့၍ ကျွန်တော်ပြန်၍ ဆက်လိုက်ချိန်တွင် အစ်ကိုကြီး၏ မကျေနပ်သံဖြင့် အမေးက ပေါ်ထွက်
လာခြင်းဖြစ်သည်။
“အစ်ကိုကြီးပြောရင်လည်း ခံရမှာဘဲ အစ်ကိုကြီး။ ဒီနေ့ကျွန်တော်တို့ဝန်ကြီးဌာနက ၂၀၂၄ ခုနှစ်၊ ပညာ သင်နှစ်မှာ အခြေခံပညာအထက် တန်းကို ထူးချွန်စွာအောင်မြင်ခဲ့တဲ့ ဝန်ထမ်းတွေရဲ့ သားသမီးတွေ ပညာ ရည်ချွန်ဆုပေးပွဲနှင့် ထူးချွန်ဝန်ထမ်းတွေ ဆုပေးပွဲအခမ်းအနားကျင်းပနေလို့ပါ။”
“ဒါများကွာ စာမေးပွဲအောင်စာ ရင်း ထွက်တာ ကြာ ကြာလှပြီ။ ဒီပြင်ဝန်ကြီးဌာနတွေ လုပ်ပြီးတာ မေ့တောင်နေလောက်ပြီ။သူများဝန်ကြီး ဌာနတွေထက် မင်းတို့ဝန်ကြီးဌာနက ဆုပေးပွဲလုပ်တာ နောက်လည်းကျသေးတယ်။ ပြီးတော့ ရုံးဖွင့်ရက်မလုပ်ဘဲ ရုံးပိတ်ရက်လုပ်တော့ တို့ဝန်ထမ်းတွေ တစ်ပတ်မှနှစ်ရက်လောက် နားရတာ မနားရတော့ဘူးပေါ့။”
အစ်ကိုကြီးက သူဖုန်းဆက်မရ၍ သက်သက်ပြောလိုက်ခြင်းဖြစ်သည်။ သူဝန်ထမ်းဘဝတုန်းကလည်း ရုံး ပိတ်ရက်အမြဲတမ်းအချိန်ပိုဆင်းသူဖြစ်သည်။
“ဒါနဲ့ နေပါအုံး။ မင်းတို့ဝန်ကြီးဌာနက ကလေးတွေ အောင်ချက်ရော ဘယ်လိုရှိသလဲ။ ဂုဏ်ထူးတွေရောပါရဲ့လား။”
“ပါတာပေါ့ အစ်ကိုကြီးရ။ ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ဝန်ထမ်းသားသမီး ၈၀၁ ယောက် စာမေးပွဲဝင်ရောက်ဖြေဆိုပြီး၊ အောင်မြင်သူ ၅၇၄ ဦးရှိတာ ကြောင့် ရာခိုင်နှုန်းနဲ့တွက်ရင် ၇၂ ရာခိုင်နှုန်း အောင်မြင်တာတွေ့ရတယ်။ စာမေးပွဲအောင်တဲ့သူတွေအထဲမှာ ဂုဏ်ထူးနဲ့အောင်မြင်သူ ၁၈၅ ဦးရှိပြီး ရိုးရိုးအောင်မြင်သူ ၃၈၉ ဦးရှိပါတယ်။”
“အေး မင်းတို့ဝန်ကြီးဌာနက ကလေးတွေအောင်ချက်ကတော့ မဆိုးပါဘူး။ အဲဒါပေမယ့် တစ်ဘာသာလောက်ဘဲ ဂုဏ်ထူးပါတာနေမှာပေါ့ကွာ။ ၄-၅ ဘာသာဂုဏ်ထူးပါတာရောရှိ ရဲ့လား။”
အစ်ကိုကြီး၏အသံက ကျွန်တော်တို့ဝန်ကြီးဌာနက ကလေးများကို အထင်ကြီးပုံမရ။ သည်တော့လည်း အဖြစ်မှန်ကို ကျွန်တော်ပြောရမည်။ ကျွန်တော်တို့ဝန်ကြီးဌာနမှ ဝန်ထမ်း သားသမီးများ၏ ကြိုးစားအားထုတ်မှုကို ပြောပြရပေမည်။
“ပါတာပေါ့ အစ်ကိုကြီးရ ဒီစာမေးပွဲမှာ ၃ ဘာသာဂုဏ်ထူးရတာ ၁၁ ယောက်၊ ၄ ဘာသာဂုဏ်ထူးရတာ ၁၅ ယောက်၊ ၅ ဘာသာဂုဏ်ထူးရတာ ၁၅ ယောက်နှင့် ၆ ဘာသာ ဂုဏ်ထူးရတာ ၂၃ ယောက်ရှိတဲ့အနက် ဆုပေးပွဲအခမ်းအနားကို ၂၁ ယောက်တက်ပြီးဆုယူကြတယ်။ သွားရေးလာရေးခက်မှာရယ်၊ အခမ်းအနားမှာလူများလွန်းမှာရယ်ကြောင့် ဂုဏ်ထူး တစ်ဘာသာနှင့် နှစ်ဘာ သာရတဲ့ ကျောင်းသား၊ ကျောင်းသူနှင့် မိဘတွေကို ဒီအခမ်းအနားကို မတက်ခိုင်းဘဲ၊ သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်၊ ကိုယ့်ဌာနနှင့်ကိုယ် ဆုချီးမြှင့်ပေးဖို့ စီစဉ်ထားတယ်။ ဒီအခမ်းအနားမှာတော့ သုံးဘာသာနှင့်အထက် ဂုဏ်ထူးရကျောင်းသူ ကျောင်းသားနှင့် မိဘတွေဘဲတက်ခိုင်းတာ။”
“မင်းတို့ဝန်ကြီးဌာနကလည်း တစ်မျိုးပါလား၊ ပညာရည်ချွန်ဆုပေးပွဲကို ထူးချွန်ကျောင်းသားကျောင်းသူတွေသာမက၊ မိဘတွေကိုပါ အခမ်းအနားဖိတ်ရတယ်လို့။ မိဘတွေဖိတ်တာက ဘာရည်ရွယ်ချက်နှင့်လဲ။ နောက်ပြီး လာတက်တာတော့ ဟုတ်ပါပြီ။ မိဘတွေက သားသမီး ပညာရည်ချွန်ဆုယူတာကို လက်ခုပ်တီးဖို့ သက်သက်လား ဘာအတွက်လဲ။”
အစ်ကိုကြီးက ကျွန်တော့်ကို သက် သက်စကားကပ်၍ မေးလိုက်ခြင်း ဖြစ်သည်။ သားသမီးများ၏ ပညာရည်ချွန်ဆုပေးပွဲကို မိဘများဖိတ် ကြားရခြင်း ဘာ့ကြောင့်ဖြစ်သည်ကို အစ်ကိုကြီး သိပြီးဖြစ်ပါသည်။
“အစ်ကိုကြီးကလည်း အစ်ကိုကြီးဘဲ ပြောပြောနေတာလေ။ “ မိဘ၊ ဆရာ၊ကျောင်းသားပူးပေါင်း ကလေး ပညာကောင်း” ဆိုတာလေ။ အဲဒါကြောင့် မိဘတွေကို ဆုပေးပွဲဂုဏ်ပြုပွဲကို ဖိတ်တာပါ။ အဲနောက်ပြီး ကျွန်တော်တို့ဝန်ကြီးရဲ့ဂုဏ်ပြုအဖွင့် မိန့်ခွန်းထဲမှာ ဝန်ထမ်းတွေထဲက ထူးချွန်ထက်မြက်တဲ့နိုင်ငံ့သားကောင်းရတနာတွေကို မွေးထုတ် ပေးတဲ့မိဘများဖြစ်တဲ့ ကိုယ့် ဝန်ကြီး ဌာနက ဝန်ထမ်းတွေကို ဂုဏ်ပြုတာပါတဲ့။ ပြီးတော့ အစ်ကိုကြီးပြောသလို ထူးချွန်ဆုရ သားသမီးတွေရဲ့ မိဘဝန်ထမ်းတွေကိုလည်း လက်ခုပ် တီးဖို့သက်သက် ဖိတ်တာမဟုတ်ဘူး ထောက်ပံ့ငွေပေးအပ် ချီးမြှင့်ပါသေး
တယ်။”
အစ်ကိုကြီးက ကျွန်တော်ရှင်းပြမှုကြောင့် ကျေနပ်သွားပုံရသော်လည်း ထပ်ဆင့်မေးခွန်းတက်လာပြန်သည်။
“အေးပေါ့ကွာ၊ မင်းတို့ဝန်ကြီးဌာနက ဝန်ထမ်းတွေက ပညာရှင်တွေဖြစ်တော့ ချမ်းသာမှာပေါ့ကွာ။ ဆည် မြောင်းတို့၊ စက်မှုလယ်ယာတို့ဆို အင်ဂျင်နီယာဝန်ထမ်းတွေ၊ စိုက်ပျိုး ရေးဦးစီးဌာနတို့ စိုက်တက္ကသိုလ်၊ စိုက်ပျိုးရေးသုတေသနတို့ဆိုလည်း စိုက်ပျိုးရေးပညာရှင်တွေ၊ မွေးမြူ ရေးနှင့်ကုသရေးဉီးစီးဌာနတို့၊ မွေးမြူရေးသုတေသနဦးစီးဌာနတို့၊ မွေးမြူရေးဆိုင်ရာဆေး တက္ကသိုလ်တို့ဆိုလည်း မွေးမြူရေးနှင့်ဆေးကုသရေးပညာရှင်တွေ၊ ကြေးတိုင်နှင့်မြေစာရင်းတို့၊ငါးဦးစီးတို့ဆိုရင်လည်း သူ့ဟာနဲ့သူ အဆင်ပြေတဲ့ဌာနတွေဆိုတော့ ကလေးတွေကို ကျောင်းကောင်းကောင်းထား၊ ကျူရှင်ကောင်းကောင်းထားနိုင်လို့ အောင်ချက်ဒီလောက် ကောင်းပြီး၊ ဂုဏ်ထူးတွေ အများကြီးရတာ နေမှာပေါ့။ ငါသတိထားမိသလောက် ကျန်တဲ့ဝန်ကြီး ဌာနတွေ၊ မင်းတို့ဝန်ကြီး ဌာနလောက် အောင်ချက်ကောင်းတာ ဂုဏ်ထူးရတာ မတွေ့သလိုဘဲ။”
“အေးဒါနဲ့ သူတို့ကျူရှင်တွေ၊ ကိုယ်ပိုင်အထက်တန်းကျောင်းတွေတက်လို့၊ ဒီလောက်ဂုဏ်ထူးတွေရ တာ မဟုတ်လား။ အစိုးရအခြေခံ ပညာအထက်တန်းကျောင်းရော တက်ကြသေးလား။ အဲဒါကိုရော မင်းတို့ဆန်းစစ်ကြည့်သေးလား။”
အစ်ကိုကြီးက စေ့စပ်သည်။ သေချာသည်။ သူမေးသည့်မေးခွန်းများက တော်ရုံလူဆို ဖြေရန်မလွယ်။ ကျွန်တော်က ဒါမျိုးဆို စပ်စုတတ်။ ကျွန်တော်တို့ဝန်ကြီးကလည်း စေ့စပ်သည်။ သေချာသည်။ သည်တော့လည်း အစ်ကိုကြီးမေးခွန်းက ကျွန်တော့်အတွက် ဖြေရန်မခက်ခဲလှပါ။
“ဆန်းစစ်ကြည့်ပါတယ် အစ်ကိုကြီးရယ်။ အစ်ကိုကြီးညီအကြောင်းလည်း အစ်ကိုကြီး အသိပါ။ ဒီနှစ်တက္ကသိုလ်ဝင်တန်း အောင်မြင်သူ ၅၇၄ ဦးထဲမှာ နှစ်ချင်းပေါက်အောင် မြင်သူ ၅၆၉ ဦးနှင့် တစ်နှစ်ကျရှုံးပြီးမှ အောင်မြင်သူ ၅ ဦးရှိပါတယ်။ အဲဒီအထဲမှာ ကိုယ်ပိုင်အထက်တန်း ကျောင်း တက်ရောက်ပြီး အောင်မြင်သူ ၁၆၇ ဦး၊ အစိုးရအခြေခံပညာအထက်တန်းကျောင်းသာ တက်ရောက်ပြီးအောင်မြင်သူ ၄၀၆ ဦးနှင့် ပြင်ပမှ ဖြေဆိုအောင်မြင်သူတစ်ဦး ပါဝင်ပါတယ်။ ဒါ့အပြင် အစ်ကိုကြီး မမေးပေမယ့် ကျွန်တော်ထပ်ပြီးပြောပြချင်တာက၊ အစိုးရကျောင်းက ဖြေဆိုအောင်မြင်သူ ၄၀၆ ဦးအနက်က ဘာသာရပ်တစ်ချို့ကို ကျူရှင်တက်ရောက် အောင်မြင်သူ ၃၃၄ ဦးနှင့် သီးခြားကျူရှင်တက် ရောက်ခြင်းမပြုဘဲ အောင်မြင်သူ ၄၉ ဦး၊ အနီးကပ်ဘော်ဒါ တက်ရောက်အောင်မြင်သူ ၂၃ ဦး ပါဝင်ခဲ့ပါတယ်။
“အဲဒီအထဲမှာ တစ်ဘာသာဂုဏ်ထူးရသူထဲမှာ ကျူရှင်တက်တဲ့လူ ၄၀ ဦး၊ ကျူရှင်မတက် တဲ့လူ ၆ ဦး၊ နှစ်ဘာသာဂုဏ်ထူးရသူထဲမှာ ကျူရှင်တက်သူ ၁၆ ဦးနှင့် ကျူရှင်မတက်သူ ၂ ဦး၊ ၃ ဘာသာဂုဏ်ထူးရသူတွေထဲမှာ ကျူရှင်တက်သူ ၄ ဦးပါဝင်ပြီး၊ ၄ ဘာသာဂုဏ်ထူးရသူတွေ ထဲမှာ ကျူရှင်တက်သူ ၁၅ ဦး၊ ၅ ဘာသာဂုဏ်ထူးရသူတွေထဲမှာ ကျူရှင်တက်သူ ၅ ဦးနှင့် ၆ ဘာသာ ဂုဏ်ထူးရသူတွေထဲမှာကျူရှင်တက် သူ ၇ ဦးပါဝင်တာကြောင့်၊ စုစုပေါင်းကျူရှင်တက်သူ ၈၇ ဦးရှိပြီး ကျန်တဲ့သူတွေက၊ ကျူရှင်မတက်ဘဲ အောင်မြင်တာလို့ တွက်လို့ရပါတယ်။”
“အေး ထားပါတော့ ထားပါတော့။ မင်းတို့ဝန်ကြီးဌာနကမင်းတို့ဝန် ထမ်း သားသမီးတွေရဲ့ ပညာရေးကို အတော်လေး အလေးထားပြီး၊ ဂရု စိုက်တာကို ငါသတိပြုမိတယ်။ အဲ ဒါပေမဲ့တစ်ခုတော့မေးချင်သေးတယ်ကွာ။ မနှစ်က ပညာသင်နှစ်မှာရော မင်းတို့ဝန်ကြီးဌာနက ကျောင်း သား ဘယ်လောက်ဝင်ဖြေသလဲ။ အောင်ချက်ရာခိုင်နှုန်းရော ဘယ် လောက်ရှိသလဲ။ အခုနှစ်လိုရော ၆ ဘာသာဂုဏ်ထူးရတဲ့ သူတွေပါသေးလား။”
အစ်ကိုကြီးက ကျွန်တော်တို့ဝန်ကြီးဌာန၏ ပညာရေးနှင့်ပတ် သက်၍ ကျွန်တော်သတိပြုမိလေသလား သဘောဖြင့် မေးလာခြင်းပင် ဖြစ်သည်။ ကျွန်တော်ကလည်း အစ်ကိုကြီးမေးခွန်းကို ဖြေရန်အသင့်ပင်ဖြစ်သည်။
“ပြီးခဲ့တဲ့ အရင်နှစ် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်မှာ ကျွန်တော်တို့ဝန်ကြီးဌာနက၊ အခြေခံပညာအ ထက်တန်းဖြေဆိုသူ ၉၁၄ ဦးရှိပြီး၊ အောင်မြင်သူ ၄၅၂ ဦးရှိတာကြောင့် ၄၉ ရာခိုင်နှုန်းအောင်မြင်တာ ဖြစ်ပါတယ်။ ဒီနှစ်အောင်ချက်က ၇၂ ရာ ခိုင်နှုန်းဖြစ်တာကြောင့်၊ မနှစ်ကထက် အောင်ချက် (၂၃)ရာခိုင်နှုန်း ပိုတာကိုတွေ့ရပါတယ်။ဒါ့အပြင် မနှစ်က အောင်မြင်သူများထဲမှာ ၆ ဘာ သာဂုဏ်ထူးရ ၁၃ ဦးပါဝင်ပြီး၊ တစ်နိုင်ငံလုံး သိပ္ပံဘာသာတွဲမှာ ပထမရရှိသူ တစ်ဦးနှင့် တတိယရရှိသူ ၂ ဦး ပါဝင်ခဲ့ပါတယ်။ ဒီနှစ်မှာတော့မြန်မာတစ်နိုင်ငံလုံးတွင် စတုတ္ထအဆင့်ရရှိသူ တစ်ဦးသာပါရှိသော်လည်း၊ ၆ ဘာသာဂုဏ်ထူးရ အရေအတွက် ၁၀ ဦး တိုးလာတဲ့အတွက် တိုးတက်မှုရှိတယ်လို့ သုံး သပ်ရပါတယ်။”
“အေး ကောင်းပါတယ်ကွာ၊ ဝမ်းသာပါတယ်။ မင်းတို့ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဝန်ထမ်းတွေရဲ့သား သမီးတွေ ပညာရေးနှင့်ပတ်သက်ပြီး တိုးတက်မှုရှိတာတို့နိုင်ငံတော်အတွက် အားရစရာပါ။ ဒါနဲ့ မင်းကိုငါစောစောက မေးခဲ့တဲ့ဆုရကျောင်း သူ ကျောင်းသားတွေရဲ့မိဘဝန်ထမ်းတွေကို ထောက်ပံ့ငွေပေးအပ်တယ်ဆိုတာ အားလုံးကိုပေးတာလား။ ဘယ်လိုလူတွေကို အဓိကထားပြီး ပေးတာလဲ။”
“ဒါကတော့ ရှင်းပါတယ် အစ်ကိုကြီးရယ်။ ကလေးတွေကို ကိုယ်ပိုင်အထက်တန်း ကျောင်းထားတယ်၊ ဘော်ဒါမှာထားတယ်ဆိုတာ တတ် နိုင်တဲ့မိဘတွေသာ ထားနိုင်ကြတာပါ။ ဝန်ထမ်းတွေထဲမှာလည်း ရာထူးကြီးလို့အဆင်ပြေတဲ့လူရှိသလို၊ ရာ ထူးငယ် ဝင်ငွေနည်းပေမယ့် ကိုယ့်သားသမီးကို ပညာတတ်စေချင်လို့ ခြိုးခြံချွေတာပြီး ပညာအမွေ ပေးတဲ့မိဘတွေလည်း ရှိတာပဲလေ။ အဲဒီတော့ကျွန်တော်တို့ ဝန်ကြီးဌာနမှာ အဓိကအားဖြင့် ကိုယ်ပိုင်ကျောင်း မတက်နိုင်ဘဲ အစိုးရအခြေခံပညာကျောင်းတက်ပြီးဂုဏ်ထူးရတဲ့ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ မိဘတွေကို ဂုဏ်ထူးတစ်ဘာသာကို ငွေကျပ် ၂၀၀၀၀ ကျပ်နှုန်းနှင့် ချီးမြှင့်ပေးတာပါ။ ချီးမြှင့်ပေးခံရတဲ့လူ ၉၈ ဦးရှိပါတယ်။ ဆုငွေလက်ခံရတဲ့ မိဘတွေလည်း အတော်လေးဝမ်းသာ ကြတာတွေ့လို့ အဲ့ဒီနေ့ကတော့ တကယ့်ကို ကြည်နူးဖွယ်ရာ မြင်ကွင်းတွေပါဘဲ"
“အေးကွာ။ မင်းဖြေတာတွေကြားရတော့ ငါအတော်လေးကျေနပ်တယ်။ ဝမ်းလည်း ဝမ်းသာတယ်။ စိတ်လည်းကြည်နူးမိတယ်။ အဲဒါပေမယ့် မင်းဖြေမယ့် အဖြေကိုငါသိထားပေမယ့် မင်းဖြေတာလေးကိုတော့ ကြားချင်သေးတယ်။ အဲဒါက မင်းတို့ဝန်ကြီးဌာနကဝန်ထမ်းတွေရဲ့ သားသမီးတွေ အခုလိုပညာရေးမှာ အောင်မြင်မှုရတာက ဘာကြောင့်လဲ။ ဘာကြောင့်လို့ မင်းယူဆသလဲ။”
အစ်ကိုကြီးကသူမေးချင်သည့် မေးခွန်းကို မေးလာသည်။ သည်အဖြေကိုလည်း ကျွန်တော် က ဖြေချင်နေပါသည်။ သို့ဖြစ်၍လည်း-
“အစ်ကိုကြီးရယ် ကျွန်တော် တို့ဝန်ကြီးဌာနက ဝန်ထမ်းတွေရဲ့သား သမီးတွေအခြေခံပညာအထက် တန်း စာမေးပွဲမှာ အောင်မြင်မှုကိုပြန်ပြီးသုံးသပ်ရင် ဂုဏ်ထူးရသူတွေထဲမှာကျူရှင်တက်သူလည်းပါသလို၊ ကျူရှင်မတက်သူတွေလည်း ပါတာတွေ့ရတယ်။ ကိုယ်ပိုင် ကျောင်းတွေတက်သလို အစိုးရအခြေခံပညာအထက်တန်းကျောင်းတွေမှာ တက်သူတွေလည်းပါဝင်တာတွေ့ရတယ်။ အရေးကြီးတာက အခြေခံပညာအထက်တန်းကျောင်းတွေမှာ ကျောင်းမှန်မှန်တက်၊ စာမှန်မှန် ကျက်ရင်တစ်နေ့သင်တဲ့စာကို နေ့စဉ် မှန်မှန်လုပ်ရင်၊ အောင်မြင်မှုဆိုတာ မလွဲမသွေရတယ် ဆိုတာ ကျောင်းသူကျောင်းသားတွေရော မိဘတွေပါ သဘောပေါက်ဖို့ လိုပါတယ်။ ဒီအတွက်ကြောင့် မိဘတွေကလည်း သားသမီးတွေကို အခြေခံ ပညာအထက်တန်း ကျောင်းတွေမှာ ယုံယုံကြည်ကြည်အပ်နှံပြီး ကျောင်းမှန်မှန်တက်စေသင့်တယ်။ ဆုရတဲ့ ကျောင်းသူကျောင်းသားတွေထဲမှာ ကျူရှင်မယူဘဲ ဂုဏ်ထူးနှင့် အောင် မြင်သူတွေပါဝင်တာကိုလည်း တွေ့နေရပါတယ်။ ဒီနေရာမှာ ဂုဏ်ထူးရတာချင်းအတူတူအခြေခံပညာအထက်တန်းကျောင်းမှာတက်ပြီး ဂုဏ်ထူးရခဲ့ကြတဲ့ကျောင်းသူကျောင်း သားများက ပိုပြီးဂုဏ်ယူထိုက်ပါတယ်။”
“ဒါ့အပြင် ဌာနဆိုင်ရာတာဝန်တွေနဲ့ မအားမလပ်တဲ့ကြားက သားသမီးတွေ ပညာရည်ထူးချွန်အောင် လို အပ်ချက်များကို ဖြည့်ဆည်းပေးတဲ့ ဝန်ထမ်းမိဘတွေရဲ့ စွမ်းဆောင်မှုကိုပါ ဝန်ကြီး ဌာနက ချီးကျူးဂုဏ်ပြုတဲ့အနေနဲ့ ဂုဏ်ပြုချီးမြှင့်ငွေ ပေး အပ်ခြင်းဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ဝန်ကြီးရဲ့ ဂုဏ်ပြုအမှာစကားမှာ “အခုလို ဂုဏ်ထူးများရရှိအောင်ပံ့ပိုးပေးခဲ့ကြတဲ့ ကျောင်းသူကျောင်းသားများရဲ့ မိဘများဟာ နိုင်ငံ့ဝန်ထမ်းများဖြစ်ကြပြီး၊ မိမိတို့လုပ်ငန်းတာဝန် များကို ကျေပွန်စွာ ကြိုးပမ်းထမ်းဆောင်နေကြရင်း မိမိတို့ရဲ့ ပေးဆပ်မှုမျိုးစုံနဲ့ ပြုစုပျိုးထောင်ခဲ့တဲ့ သားမီးများကို ထူးချွန်စွာ အောင်မြင်မှုများ ရရှိစေခဲ့တဲ့အပေါ် အတိုင်းမသိဝမ်းမြောက်ဂုဏ်ယူ ခံစားနေကြမှာဖြစ်လို့ မိမိအနေနဲ့လည်း ထပ်တူခံစား ဂုဏ်ယူဝမ်းမြောက်ကြောင်း” ပြောကြား သွားပါတယ်။ အားလုံးကို ခြုံပြီးပြောရရင်တော့ အစ်ကိုကြီးသိတဲ့အတိုင်း “မိဘ၊ ဆရာ၊ ကျောင်း သားပူးပေါင်း ကလေးပညာကောင်း” ပေါ့ အစ်ကို
ကြီးရာ။”
“အေး ငါထပ်ပြောချင်တာကတော့………
“ဝန်ကြီးဌာန၊ မိဘ၊ ဆရာ၊ ကျောင်း သားပူးပေါင်းကလေးပညာကောင်း” ပေါ့ကွာ။”
အစ်ကိုကြီးက သူ့စကားကို အားရပါးရပြောရင်း ဖုန်းချသွားပါ သည်။
မောင်အောင်