စိုက်ပျိုးရေးပို့ကုန်လိုင်စင်လျှောက်ထားမှုကို အာဂျင်တီးနား ဆိုင်းငံ့ထား

အာဂျင်တီးနားအစိုးရအနေဖြင့် ဆန်နှင့်ဆီထွက်သီးနှံများအတွက် ပို့ကုန်လိုင်စင်အသစ် လျှောက်ထားမှုကို ဆိုင်းငံ့ထားကြောင်း၊ ယခုတစ်ပတ် အင်္ဂါနေ့ နောက်ဆုံးထား၍ စီးပွားရေး ဆိုင်ရာ လုပ်ဆောင်မှုများကို ကြေညာသွားရန် မျှော်လင့်ထားပါကြောင်း သမ္မတသစ် Javier Milei က ပြောကြားခဲ့သည်။

ဆောင်းရာသီတွင် ဥရောပသမဂ္ဂ(EU) ၌ ဂျုံစိုက်ပျိုးမှု လျော့နည်းလာ

ဥရောပသမဂ္ဂ၏ ဆောင်းရာသီတွင် ဂျုံသီးနှံစိုက်ပျိုးမှုသည် မှတ်ထားသည့်စံနှုန်းထက် လျော့နည်းနေကြောင်း လေ့လာသုံးသပ် သူများကဆိုသည်။ သီးနှံအများဆုံး စိုက်ပျိုးထုတ်လုပ်သည့် ပြင်သစ်နိုင်ငံတွင် အစိုဓာတ်လွန်ကဲခြင်းကြောင့် စိုက်ပျိုးမှုများ နှောင့်နှေးခဲ့ရသည်။ ပြင်သစ် စိုက်ပျိုးရေးဝန်ကြီးဌာနသည် နိုင်ငံအတွင်း မျိုးစေ့စိုက်ပျိုးသည့် ဧရိယာ(၅%)ကျဆင်းမည်ဟု ခန့်မှန်းထား ကြောင်း အီတလီစိုက်ပျိုးရေးဆိုင်ရာကုမ္ပဏီ တစ်ခုဖြစ်သည့် Arete မှ လေ့လာသူ Annachiara Saguatti က ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Jashore တွင် ကြက်သွန်စိုက်ပျိုးမှု လျာထားချက်ထက် ကျော်လွန်

    ခရိုင်အတွင်း ကြက်သွန်နီစိုက်ပျိုးမှုသည် အစိုးရမှ ချမှတ်ထားသည့် လျာထားချက်ထက် ကျော်လွန်လျက်ရှိသည်။ ခရိုင်အတွင်းရှိတောင်သူများသည် အထွက်နှုန်းမြင့်မားရန်နှင့် ဒေသဈေးကွက်တွင် ကြက်သွန်နီ ဝယ်လိုအားတိုးတက်ရန် အတွက် လယ်မြေများတွင် အများဆုံးစိုက်ပျိုးကြသည်။

ကနေဒါက အင်ဒို-ပစိဖိတ်ဒေသတွင် စိုက်ပျိုးရေး နှင့် လယ်ယာစားနပ်ရိက္ခာရုံး ဖွင့်လှစ်

     ကနေဒါအစိုးရသည် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် အင်ဒို-ပစိဖိတ် စိုက်ပျိုးရေးနှင့် လယ်ယာစားနပ်ရိက္ခာရုံးအသစ် (IPAAO)ကို  ဖွင့်လှစ်ခဲ့သည်။ အဆိုပါရုံးတွင် IPAAO ၏ အမှုဆောင်ဒါရိုက်တာအဖြစ် Diedrah Kel

စိုက်ပျိုးရေးထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၄)ဘီလီယံ နီးပါး ကမ္ဘောဒီးယားရရှိ

           ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၃ ခုနှစ်၊ ပထမ (၁၁)လအတွင်း နိုင်ငံတကာဈေးကွက်များသို့ စိုက်ပျိုးရေးထွက်ကုန် တန်ချိန် (၇.၃)သန်းအထက် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၄)ဘီလီယံ နီးပါး ရရှိခဲ့ကြောင်း၊ နိုဝင်ဘာလအတွင်း ပို့ကုန်ပမာဏမှာ တန်ချိန်(၁)သန်းအထက်ရှိကြောင်း စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီးဌာန အစီရင်ခံစာအရ သိရှိရသည်။