၂၀၂၄ ခုနှစ်၊ ပထမသုံးလပတ်အတွင်း တရုတ်နိုင်ငံသည် ဗီယက်နမ်မှ ရေထွက်ကုန်ပစ္စည်း တင်သွင်းမှုအများဆုံးနိုင်ငံများအနက်မှတစ်ခုဖြစ်

တရုတ်နိုင်ငံသည် ယခုနှစ် ပထမသုံးလပတ်တွင် အမေရိကန်နှင့် ဂျပန်နိုင်ငံတို့နှင့်အတူ ဗီယက်နမ်နိုင်ငံမှ ရေထွက်ကုန်ပစ္စည်း တင်သွင်းမှုအများဆုံး နိုင်ငံများအနက်မှ တစ်ခုဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံထုတ် ပင်လယ်စာတင်ပို့သူများနှင့် ထုတ်လုပ်သူများအသင်းကို ကိုးကား၍ ဗီယက်နမ် သတင်းအေဂျင်စီက ဖော်ပြခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံနှင့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသသို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့မှု သည် (၁၅) ရာခိုင်နှုန်း တိုးလာသည်ဟု ဖော်ပြထားကြောင်း သိရှိရပါသည်။

အိန္ဒိယ၏ ပဲမျိုးစုံတင်သွင်းမှုသည် 2023-24 တွင် နှစ်ဆနီးပါးတိုးလာကာ ယခုနှစ်တွင် ပိုမိုမြင့်တက်လာနိုင်

အိန္ဒိယသည် လယ်သမားများအတွက် မက်လုံးအမျိုးမျိုး အပါအဝင် အစီအစဉ်များစွာ ချမှတ် ဆောင်ရွက်လျှက်ရှိသော်လည်း ၎င်း၏ပြည်တွင်းလိုအပ်ချက်အတွက် ပဲမျိုးစုံတင်သွင်းမှု အပေါ်မှီခို နေရဆဲဖြစ်ပြီး 2023-24 တွင် ပဲမျိုးစုံတင်သွင်းမှုသည် နှစ်ဆနီးပါး မြင့်တက်ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ 3.74 ဘီလီယံအထိ ရှိခဲ့ကြောင်းသိရသည်။

အိန္ဒိယအစိုးရသည် တရားဝင်ကိန်းဂဏန်းကို ထုတ်ပြန်ခြင်းမရှိသေးသော်လည်း  ပြီးခဲ့သည့် ၂၀၂၂-၂၃ ခုနှစ်တွင်  ပဲမျိုးစုံတန်ချိန် ၂၄.၅ သိန်းသာ တင်သွင်းမှုရှိခဲ့သော်လည်း ၂၀၂၃-၂၄ ဘဏ္ဍာ ရေးနှစ်တွင် တန်ချိန် ၄၅ သိန်းကျော် တင်သွင်းခဲ့ကြောင်း ခန့်မှန်းတွက်ချက်မှုများအရ သိရသည်။

အိန္ဒိယအစိုးရက ပဲမျိုးစုံအား အနိမ့်ဆုံးပံ့ပိုးဈေးနှုန်းဖြင့် အကန့်အသတ်မရှိ ဝယ်ယူပေးမည်ဟု ကမ်းလှမ်း၍ ပြည်နယ် ၃ ခုအား ပဲမျိုးစုံစိုက်ပျိုးမှုမြှင့်တင်ရန် တွန်းအားပေး

အိန္ဒိယအစိုးရသည် Bihar ၊ Jharkhand နှင့် Uttar Pradesh ပြည်နယ်တို့ရှိ တောင်သူများ အား ၎င်းတို့ စိုက်ပျိုးထွက်ရှိသည့် ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲတီစိမ်း စသည့်ပဲမျိုးစုံကို အနိမ့်ဆုံးပံ့ပိုး  သတ် မှတ်ဈေးနှုန်း ( Minimum Support Price – MSP) ဖြင့် ဝယ်ယူပေးမည်ဖြစ်ကြောင်း ကမ်းလှမ်း ချက်ဖြင့် ယင်းပဲအမျိုးအစားများကိုဦးစားပေးစိုက်ပျိုးရန် ရာသီချိန်စိုက်ပျိုးမှုများ မစတင်မီ စနစ်တကျ တွန်းအားပေး‌ဆောင်ရွက်လျက်ရှိကြောင်း၊ ရည်ရွယ်ချက်မှာ ပဲမျိုးစုံ စိုက်ပျိုးမှုတိုးမြှင့်ရန်နှင့် ပဲမျိုးစုံသွင်းကုန်မှီခိုမှုလျှော့ချရန်ဖြစ်ကြောင်း၊ သို့ရာတွင် ထုတ်လုပ်မှုရည်မှန်းချက်ကို အစိုးရက သတ်မှတ်ထားခြင်းမရှိဟု အမည်မဖော်

အိန္ဒိယသည် ပဲစင်းငုံအား လွတ်လပ်စွာ တင်သွင်းခွင့်ပြုထားသော်လည်း ဈေးနှုန်းမှာ ၁၀ ရာခိုင်နှုန်းကျော် မြင့်တက်

အိန္ဒိယသည် ပဲစင်းငုံအား လွတ်လပ်စွာတင်သွင်းခွင့်ပြုထားသော်လည်း ပြီးခဲ့သည့် တစ်လ အတွင်း ဈေးနှုန်းများ  ၁၀ ရာခိုင်နှုန်းကျော် တက်လာခဲ့ကြောင်းနှင့် ပဲစင်းငုံခွဲခြမ်းထုတ်လုပ်ရန် အတွက် ပဲစင်းငုံကုန်ကြမ်းများ ဈေးကွက်အတွင်းပြတ်တောက်မှုနှင့်ရင်ဆိုင်နေရကြောင်း ပဲမျိုးစုံ ထုတ်လုပ်ရေးလုပ်ငန်းမှ ပြောကြားထားသည်။

အိန္ဒိယအစိုးရသည် ကုန်သည်များအနေဖြင့် မြန်မာနိုင်ငံမှ ပဲမျိုးစုံဝယ်ယူတင်သွင်းသည့်အခါ လွယ်ကူစွာပေးချေမှုပြုနိုင်ရန် ရူပီး/ကျပ် တိုက်ရိုက်ပေးချေမှုစနစ်အားဆောင်ရွက်

အိန္ဒိယအစိုးရသည် ၎င်း၏ ကုန်သည်များအနေဖြင့် မြန်မာနိုင်ငံမှ ပဲမျိုးစုံဝယ်ယူ တင်သွင်း သည့်အခါ လွယ်ကူစွာပေးချေမှုပြုနိုင်ရန် ဆောင်ရွက်ပေးခဲ့ကြောင်း၊ ၎င်းတို့သည် ရူပီး/ကျပ် တိုက် ရိုက်ပေးချေမှုစနစ်ခေါ် အထူးပေးချေမှုစနစ်ကို ပန်ဂျပ်နေရှင်နယ်ဘဏ် (Punjab National Bank) မှ တစ်ဆင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် အဆိုပါစနစ်ကို အထူးရူပီးဗိုစတိုစာရင်း (Special Rupee Vostro Account-SRVA) ဟု ခေါ်ကြောင်း The Economic Times သတင်းဌာနမှ ယခုလ ၁၃ ရက်နေ့က ဖော်ပြသည်။

အိန္ဒိယနိုင်ငံတွင် စပါးနှင့် ပဲမျိုးစုံစိုက်ဧရိယာများတိုးတက်ပြီး နွေရာသီ သီးနှံစိုက်ပျိုးမှု ၈ ရာခိုင်နှုန်း တိုးတက်

အိန္ဒိယနိုင်ငံတွင် ယခုလ ၁၉ ရက်နေ့အထိ နွေသီးနှံများစိုက်ပျိုးထားရှိမှု  ဟက်တာ ၆၄ ဒသ မ ၄၇ သိန်းရှိပြီး ယခင်နှစ်ကာလတူက စုစုပေါင်း ဟက်တာ ၅၉ ဒသမ ၅၉ သိန်းသာ ရှိခဲ့သည့် အတွက် ၈ ရာခိုင်နှုန်းပိုမိုတိုးတက်လာခဲ့ကြောင်း The Hindu businessline သတင်းဌာနမှ ယခုလ ၁၉ ရက် နေ့တွင် ဖော်ပြသည်။ ရာဘီ (ဆောင်း) ရာသီ သီးနှံများ ရိတ်သိမ်းအပြီးနှင့် ခါရစ် (မိုး) ရာသီ မတိုင်မီကာလဖြစ်သော အဆိုပါ နွေသီးနှံရာသီ (zaid) (မတ်လ မှ ဇူလိုင်လ အထိကာလ) အတွင်း အဆိုပါ သီးနှံများကို ပိုမိုတိုးတက်စိုက်ပျိုးလာပြီး (zaid) သီးနှံစုစုပေါင်း ဟက်တာ ၆၆ သိန်းခန့် စိုက် ပျိုးထားရှိကြောင်း သိရသည်။

အိန္ဒိယနိုင်ငံတွင် သုံးနှစ်နီးပါးအချိန်အတွင်း သဘာဝရော်ဘာဈေးနှုန်းများ စတင်မြင့်တက်လာ

အိန္ဒိယနိုင်ငံတွင် သုံးနှစ်နီးပါးအချိန်အတွင်း သဘာဝရော်ဘာဈေးနှုန်းများ စတင်မြင့်တက် လျက်ရှိပြီး၊ မှိုင်းခံရော်ဘာ အဆင့်-၄ (RSS IV) အရည်အသွေးအဆင့်ရှိ သဘာဝရော်ဘာ ၁ ကီလို ဂရမ်လျင် ရူပီး ၁၈၂ ရှိကြောင်း သိရသည်။ ယင်းသို့ ရော်ဘာဈေးနှုန်းများ မြင့်တက်လာရခြင်းမှာ ရော်ဘာအဓိက ထုတ်လုပ်သော နိုင်ငံတစ်ခုဖြစ်သော ထိုင်းနိုင်ငံတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ် ကာ ဆောင်းရာသီသို့ဝင်ရောက်လာသောကြောင့်ဟု Hindu Businessline သတင်းဌာနက မတ်လ ၂၈ ရက်နေ့က ဖော်ပြသည်။ 

အိန္ဒိယနိုင်ငံတွင် ပဲမျိုးစုံသိုလှောင်ထားရှိမှုနှင့် ကုန်လက်ကျန်အခြေအနေကို အပတ်စဉ် ထုတ်ဖေါ်တင်ပြအတည်ပြုသွားရန် ညွှန်ကြားချက်ထုတ်ပြန်

အိန္ဒိယနိုင်ငံရှိ ကုန်စည်ဒိုင်၊ လက်လီလက်ကားဆိုင်ကြီးများနှင့် သွင်းကုန်လုပ်ငန်းရှင်များ အနေဖြင့် ၎င်းတို့၏ ပဲမျိုးစုံသိုလှောင်ထားရှိမှုနှင့် ကုန်လက်ကျန်အခြေအနေကို အပတ်စဉ် ထုတ် ဖေါ်တင်ပြ အတည်ပြုသွားရန် အိန္ဒိယနိုင်ငံ စားသုံးသူရေးရာဦးစီးဌာနက ပြည်နယ်အားလုံးနှင့် ပြည် ထောင်စုနယ်မြေအားလုံးအား ယခုလ (၁၀) ရက်နေ့က ညွှန်ကြားချက်ထုတ်ပြန်ခဲ့ကြောင်း သိရ သည်။