မန္တလေးဈေးကွက်

ဆန်
မန္တလေးဆန်ပွဲရုံများတွင် အရောင်းအဝယ်အေးခြင်း၊ နယ်ဝေးတင်ပို့မှု နည်းခြင်းကြောင့် ရန်ကုန်ပေါ်ဆန်း တစ်အိတ် ၁၃၀၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း တစ်အိတ် ၁၄၅၀၀၀ကျပ် ဖြင့် ဈေးတည်ငြိမ် နေသည်။ မနောသုခဆန်မှာ အသစ်များဝင်ရောက်မှုရှိခြင်း၊ မြို့တွင်းသုံးသာရှိပြီး နယ်ဝေး တင်ပို့ရမှု နည်းခြင်းကြောင့် အသစ်တစ်အိတ် ၉၀၀၀၀ ကျပ်မှ ၈၅၀၀၀ ကျပ်သို့ ဈေးနိမ့်သွားပြီး အဟောင်းမှာ လက်ကျန်နည်းခြင်းကြောင့် တစ်အိတ် ၉၈၀၀၀၀ ကျပ်သို့ ဈေးမြင့်နေသည်။ ငစိန်ဆန်မှာ လုပ်ငန်းသုံး ဝယ်ယူမှု ရှိခြင်း၊ ပင်ရင်းဈေးမြင့်ခြင်းကြောင့် ယခင်အပတ် တစ်အိတ် ၇၀၀၀၀ ကျပ်မှ ၇၅၀၀၀ ကျပ်သို့ ဈေးမြင့်သွားပြီး ဇီယာဆန်မှာ အဝင်ပုံမှန်၊ မြို့တွင်းသုံး ပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၉၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ဧရာမင်းဆန်မှာ အဝင်ပုံမှန်၊ စားသုံးမှုပုံမှန်ရှိခြင်း၊ နယ်ဝေးတင်ပို့ရမှုမရှိခြင်း၊ အရောင်းအဝယ် အေးခြင်းကြောင့် တစ်အိတ် ၁၃၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ဆီထွက်သီးနှံ
မန္တလေးပွဲစား ကုန်သည် စက်ပိုင်ကထိန်တော်အသင်းတွင် မြေပဲ (လုံးဆန်) ဈေးနှုန်းမှာ မိုးမြေပဲ မပေါ်သေးခြင်း၊ ဆောင်းမြေပဲလက်ကျန်နည်းခြင်းတို့ကြောင့် မြေပဲ(လုံးဆန်) ၁၀၀ ပိဿာလျှင် အရည်အသွေး အကောင်းဆုံး ၈၀၀၀၀၀ ကျပ်မှ ၈၃၀၀၀၀ ကျပ်သို့လည်းကောင်း၊ မြေပဲ (ဆီဆန်) မှာ ဆီစက်သမား ပုံမှန်ဝယ်ယူမှု ရှိခြင်းကြောင့် ဆီဆံ ၁၀၀ ပိဿာ အရည်အသွေး အကောင်းဆုံး ၇၇၀၀၀၀ ကျပ်မှ ၈၃၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။
နှမ်းမျိုးစုံဈေးနှုန်းများအနေဖြင့် မိုးနှမ်းနှင့် ဆောင်းနှမ်းကြား စပ်ကူးမတ်ကူးကာလဖြစ်ခြင်း၊ လုပ်ငန်းသမားနှင့် တရုတ်ဝယ်လက်နည်းခြင်းကြောင့် နှမ်းဖြူ ၄၅ပိဿာ ၃၉၀၀၀၀ ကျပ်ဖြင့် ဈေး တည်ငြိမ်နေပြီး နှမ်းနက်မှာ တရုတ်ဝယ်လက်ရှိခြင်း၊ မိုးနှင့်ဆောင်းကြား စပ်ကူးမတ်ကူး ကာလ ဖြစ်ခြင်းကြောင့် အရည်အသွေးအကောင်းဆုံး ၄၅ ပိဿာ ၄၈၅၀၀၀ ကျပ်မှ ၅၅၀၀၀၀ ကျပ်သို့ ဈေးများစွာ မြင့်သွားသည်။ နှမ်းညိုမှာ မိုးနှမ်းမဝင်သေးခြင်းကြောင့် လက်ကျန် နည်းခြင်း၊ ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ၄၅ ပိဿာ ၃၂၅၀၀၀ ကျပ်မှ ၃၄၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။
ဆီဈေးနှုန်းများအနေဖြင့် မြေပဲ(ဆီဆန်)နှင့် နှမ်းညိုဈေးမြင့်သဖြင့် ပဲဆီတစ်ပိဿာ ၁၆၅၀၀၀ကျပ်၊ နှမ်းဆီတစ်ပိဿာ ၁၅၀၀၀ကျပ်၊ နေကြာဆီတစ်ပိဿာ ၁၅၀၀၀ကျပ်၊ ပဲပုတ်ဆီ တစ်ပိဿာ ၁၀၀၀၀ကျပ်သို့ အသီးသီး ဈေးမြင့်သွားသည်။
စားဖိုဆောင်သီးနှံ
မန္တလေးကိုင်းတန်းဈေးကွင် မြစ်သား၊ မုံရွာ၊ မြင်းခြံနယ်စုံမှ အသစ်ဝင်ရောက်မှုနည်းသော်လည်း လမ်းပမ်းဆက်သွယ်ရေး မကောင်းသဖြင့် နယ်ဝေး တင်ပို့ရမှု မရှိခြင်း၊ မြို့တွင်းသုံးဝယ်ယူမှုနည်းခြင်းကြောင့် ကြက်သွန်နီ ကြီးတစ်ပိဿာ ၂၃၀၀ကျပ်မှ ၂၂၀၀ကျပ်၊ လတ် တစ်ပိဿာ ၂၀၀၀ကျပ်၊ သေးတစ်ပိဿာ ၁၈၀၀ကျပ်မှ ၁၇၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။
ကြက်သွန်ဖြူ(တရုတ်)မှာလည်းလမ်းပမ်းဆက်သွယ်ရေးမကောင်းခြင်းကြောင့် အဝင်နည်းသော်လည်း မြို့တွင်းသုံးဝယ်ယူမှုနည်းခြင်း၊ နယ်ဝေးတင်ပို့ရမှု မရှိခြင်းကြောင့် တစ်ပိဿာ ၁၃၀၀၀ကျပ် မှ ၁၂၅၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။ ကြက်သွန်ဖြူ(ရှမ်း)မှာ လက်ကျန် အရည်အသွေး ပေါ် မူတည်၍ အကောင်းဆုံးတစ်ပိဿာ ၁၀၅၀၀ကျပ်၊ အညံ့ဆုံး တစ်ပိဿာ ၉၀၀၀ကျပ်ဖြင့် မြို့တွင်းသုံး ဝယ်ယူမှုသာ ရှိသည်။
အာလူးဈေးနှုန်းအနေဖြင့် တရုတ်အာလူးနှင့် အောင်ပန်းအာလူး နှစ်မျိုးလုံး ဝင်ရောက်မှုရှိပြီး အရည်အသွေးကောင်းသောကြောင့် တရုတ်အာလူးတစ်ပိဿာ ၃၆၀၀ကျပ်၊ အောင်ပန်းအာလူး အိုကေတစ်ပိဿာ ၃၈၀၀၊ အေဝမ်းတစ်ပိဿာ ၃၃၀၀ကျပ်ဖြင့် မြို့တွင်း သုံးရောင်းဝယ်မှုသာရှိသည်။
ပဲမျိုးစုံ
မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်းတွင် မတ်ပဲမှာ ရန်ကုန် ဝယ်လက် နှင့် ပဲခွဲစက်များ အဝယ်နည်းသော်လည်း အဝင်နည်းသွားခြင်း၊ ရေသွင်းပဲများလည်း ဝင်ရောက်မှု ရှိခြင်းကြောင့် ၃တင်း တစ်အိတ် ၃၀၀၀၀၀ကျပ် ရေသွင်းပဲ ၂၅၅၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ပဲတီစိမ်း (အညာ)မှာ မိုးပဲဝင်ရောက်ချိန် နီးခြင်းကြောင့် လှောင်သမား ထုတ်ရောင်းမှု ရှိခြင်း၊ အရည်အသွေးပေါ်မူတည်၍ ဈေးကွာခြားခြင်း၊ တရုတ်ဝယ်လက်ရှိခြင်းကြောင့် အရည်အသွေး အနိမ့်ဆုံး ၃တင်းတစ်အိတ် ၁၆၅၀၀၀ကျပ်မှ ၁၇၅၀၀၀ကျပ်သို့လည်းကောင်း၊ အကောင်းဆုံးတစ်အိတ် ၂၀၂၀၀၀ကျပ်မှ ၂၂၀၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။ ပဲစဉ်းငုံ (ဖြူ/နီ) တို့မှာ လက်ကျန်နည်းခြင်း၊ အရောင်းအဝယ်ဖြစ်မှု နည်းခြင်းကြောင့် ပဲစဉ်းငုံ(ဖြူ) ၃တင်းတစ်အိတ် ၄၀၅၀၀၀ကျပ်၊ ပဲစဉ်းငုံ (နီ) ၄၂၅၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ပဲပုတ် (ရှမ်း/ မြန်မာ) တို့မှာ မိုးပဲမဝင်သေးခြင်း၊ ဆောင်းလက်ကျန်နည်းခြင်း လုပ်ငန်းသမား ဝယ်ယူမှု ပုံမှန်ရှိခြင်းကြောင့် ပဲပုတ် (မြန်မာ) ၃တင်းတစ်အိတ် ၂၁၀၀၀၀ကျပ်မှ ၂၄၀၀၀၀ကျပ်သို့ လည်းကောင်း၊ ပဲပုတ် (ရှမ်း) ဆီစက်သမား ဝယ်ယူမှုများခြင်း၊ လက်ကျန်နည်းခြင်းကြောင့် ၃တင်း တစ်အိတ် ၂၂၀၀၀၀ ကျပ်မှ ၂၅၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။
ကုလားပဲ (လုံးဖြူကြီး)မှာ လှောင်လက်ထံမှ ဝယ်ယူခြင်း၊ လုပ်ငန်း သမား အဝယ်ရှိခြင်းကြောင့် ၃တင်းတစ်အိတ် ၂၄၅၀၀၀ကျပ်မှ ၂၅၂၀၀၀ကျပ်သို့ ဈေးမြင့်သွားပြီး ကုလားပဲ(လုံးဝါကြီး)မှာလည်း မြို့တွင်းစားသုံးမှုအတွက် ပဲခွဲစက်များ အဝယ်ရှိခြင်းကြောင့် ၁၂၅၀၀၀ ကျပ် မှ ၂၄၈၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။ ခွဲခြမ်းမှာ လုံးဝါကြီး ဈေးမသိမသာ မြင့်သွားခြင်းကြောင့် အမြင့်ဈေးဖြင့် ဝယ်သူကြိတ်ခွဲရသဖြင့် တစ်ပိဿာ ၅၈၀၀ကျပ်မှ ၅၈၅၀ကျပ်
သို့ ဈေးမသိမသာ မြင့်သွားသည်။
ပဲယင်း၊ မြေတောက်ပဲ၊ ပဲလွန်းဖြူ၊ ပြာတို့မှာ အရောင်းအဝယ်အေးခြင်း လက်လီသမား အဝယ် အနည်းငယ်သာရှိခြင်းကြောင့် ပဲယင်း ၃တင်းတစ်အိတ် ၁၃၈၀၀၀ကျပ်၊ မြေတောက်ပဲ ၃၁၀၀၀၀ကျပ်၊ ပဲလွန်းဖြူ ၂၈၅၀၀၀ ကျပ်၊ ပဲလွန်းပြာ ၂၅၀၀၀၀ကျပ်ဖြင့် ဈေး တည်ငြိမ်နေသည်။
စားတော်ပဲ(ကျွန်း) မှာ လက်ကျန်နည်းခြင်း၊ စားတော်ပဲ (ကနေဒါ) ဈေးမြင့်ခြင်း လက်လီ သမားဝယ်ယူမှု ပုံမှန်ရှိခြင်း၊ စားတော်ပဲ(ကနေဒါ/ ယူကရန်း)တို့ထက် အရည်အသွေးကောင်းခြင်း ကြောင့် ၃တင်းတစ်အိတ် ယခင်အပတ် အရည်အသွေး အကောင်းဆုံးတစ်အိတ် ၂၈၅၀၀၀ကျပ်မှ ယခုအပတ် ၃၁၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။
ပဲကြီး(ကြီး/သေး)တို့မှာ ဆောင်းလက်ကျန်နည်းခြင်း၊ မိုးပဲမဝင်သေးသော စပ်ကူးမတ်ကူး ကာလဖြစ်ခြင်း၊ လုပ်ငန်းသမားအဝယ်ရှိခြင်းကြောင့် ပဲကြီး(ကြီး) ၂၇၅၀၀၀ကျပ်မှ ၂၈၀၀၀၀ ကျပ် သို့လည်း ဈေးမြင့်သွားပြီး ပဲကြီး (သေး) မှာ အရောင်းအဝယ်အေးခြင်းကြောင့် ၃တင်းတစ်အိတ် ၂၃၀၀၀၀ ကျပ်မှ ၂၂၀၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။
ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ
မန္တလေးသီရိမာလာဈေးတွင် ခရမ်းချဉ် (ရှမ်းတောင်အင်းသီး)နှင့် ရွာငံသီး နှစ်မျိုးလုံး ဝင်ရောက်ခြင်းကြောင့် အင်းသီး ၂၀ပိဿာ တစ်သေတ္တာ ၈၀၀၀၀ကျပ်မှ ၇၀၀၀၀ကျပ်သို့ ဈေးနိမ့်သွားပြီး ရွာငံသီးမှာ ၂၀ပိဿာ တစ်သေတ္တာလျှင် အရည်သွေးပေါ် မူတည်၍ ၅၀၀၀၀ကျပ်မှ ၆၀၀၀၀ကျပ်ဈေး ရှိသည်။ ငရုတ်စို(ရှည်နှင့်လတ်)မှာ တပ်ကုန်း၊ သာစည်တို့မှ ဝင်ရောက်ပြီး ငရုတ်စို (ရှည်) တစ်ပိဿာ ၄၀၀၀ကျပ်၊ ငရုတ်စို (လတ်) တစ်ပိဿာ
၈၀၀၀ ကျပ်ထိဈေးဖြင့် တည်ငြိမ်နေသည်။
ပြင်ဦးလွင်မှ ဂေါ်ဖီထုပ်များ အဝင်နည်းပြီး အရည်အသွေးမသိမသာနိမ့်သွားသဖြင့် တစ်ထုပ် ၁၅၀၀ကျပ်၊ ခရမ်းသီးတစ်ပိဿာ ၅၀၀ကျပ်၊ ဘိုစားပဲသီး တစ်ပိဿာ ၂၁၀၀ ကျပ်ဖြင့် ရောင်းဝယ် နေကြသည်။ အောင်ပန်းမှ ပန်းမုံလာများလည်း ဝင်ရောက်မှုများခြင်းကြောင့် တစ်ပွင့် ၅၀၀ကျပ်ထိ ဈေးနိမ့်သွားသည်။ ပြင်ဦးလွင် မုံလာနီတစ်ပိဿာ ၄၀၀၀ကျပ်၊ မုန့်ညှင်းတစ်အိတ် ၈၀၀၀ကျပ်၊ ပြောင်းဖူး ၁၂၀ပါ အိတ်တစ်လုံး ၂၀၀၀၀ကျပ်မှ ၂၅၀၀၀ကျပ်ဖြင့် ကျောက်ဆည်၊ မြင်းခြံ၊ မိတ္ထီလာ၊ တောင်ငူ၊ စစ်ကိုင်း၊ တံတားဦး အမှာရှိသော မြို့များသို့ တင်ပို့မှုရှိသည်။
သစ်သီးဝလံများအနေဖြင့် ဖရဲသီးများ အဝင်များပြီး အရည်အသွေးပေါ်မူတည်၍ တစ်လုံး ၁၀၀၀ မှ ၂၅၀၀ကျပ်၊ သခွားမွှေး ၄လုံးတစ်ဖာ ၁၅၀၀၀ကျပ်ဖြင့် မန္တလေးဝန်းကျင် အမှာရှိသောမြို့များသို့ တင်ပို့သည်။ ပြင်ဦးလွင်မှ နာနတ်သီးများ အဝင်များသော်လည်း အရည်အသွေးကောင်းခြင်း၊ မြို့တွင်းလက်လီနှင့်မန္တလေးဝန်း ကျင် မှ ဝယ်ယူမှုရှိသဖြင့် တစ်လုံးလျှင် ၁၀၀၀ ကျပ်မှ ၁၂၀၀ ကျပ်ထိ ဈေးမြင့်နေသည်။
ဂျုံနှင့် အစေ့ထုတ်ပြောင်း
မန္တလေးပွဲစားကုန်သည် စက် ပိုင်ကထိန်တော်အသင်းတွင် ဂျုံလက် ကျန်နည်းသွားသော်လည်းအရောင်း အဝယ်အေးခြင်း၊ ဂျုံစက်များအဝယ်နည်းခြင်းကြောင့် ငါန်းဇွန်၊ မြင်းမူ၊ မြောင်၊ ဆားတောင်၊ ဘုတလင်၊ မုံရွာဂျုံများ လဆန်းပိုင်းတွင် ၃တင်း တစ်အိတ် ၁၈၅၀၀ကျပ်မှ ၁၇၅၀၀၀ ကျပ် သို့ ဈေးနိမ့်သွားပြီး ရှမ်းဂျုံမှာ ၃တင်း တစ်အိတ် ၁၇၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ဩစတေးလျ ဂျုံမှုန့်မှာအဝင်ပုံမှန်ရှိခြင်း၊ လက် လီသမား အဝယ်များခြင်းကြောင့် တစ်ပိဿာလျှင် အရည်အ သွေးပေါ် မူတည်၍ ၃၃၀၀ကျပ်မှ ၃၅၀၀ကျပ်ဖြင့် ရောင်းဝယ်နေသည်။
အစေ့ထုတ်ပြောင်းဈေးနှုန်းမှာ လက်ကျန်နည်းပြီး လှောင်သမားထံမှ ဝယ်ရခြင်း၊ အစာစပ်သမား များ ဝယ်ယူမှုရှိခြင်းကြောင့် ယခင်အပတ် ၃တင်း တစ်အိတ် ၇၀၀၀၀ ကျပ် မှ ၇၃၀၀၀ ကျပ် ထိ ဈေး မြင့်သွားသည်။
ခင်မေကြည်