ပထမသုံးလပတ်တွင် မြန်မာ့ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၄၃ သန်းကျော်ရရှိ

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် မှတ် ပုံတင်ထားပြီးဖြစ်သော မြန်မာ့ရေ လုပ်ငန်းကဏ္ဍမှ အမေရိကန်ဒေါ် လာ ၁၁၁ ဒသမ ၉၈၄ သန်းတန်ဖိုးတင်ပို့နိုင်ခဲ့ရာမှ လက်ရှိဘဏ္ဍာရေး နှစ် ၂၀၂၄-၂၀၂၅ ခုနှစ် ဧပြီ ၁ ရက်နေ့မှ စတင်၍ အမေရိကန်ဒေါ်လာ ၁၄၃ ဒသမ ၂၄၄ သန်းတန်ဖိုး တင်ပို့ နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စာရင်းဇယားများအရ သိရှိရပါသည်။
ကိန်းဂဏန်းများအရ လွန်ခဲ့သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါကအမေရိကန် ဒေါ်လာ ၃၁ ဒသမ ၂၆ သန်း တိုးလာကြောင်း သိရှိရသည်။
မြန်မာနိုင်ငံသည် ရေကြောင်းကုန်သွယ်မှုနှင့် နယ်စပ်ကုန်သွယ် ရေး လမ်းကြောင်းများမှ ရေထွက် ကုန်များကို နိုင်ငံတကာဈေးကွက်သို့ တင်ပို့လျက်ရှိပါသည်။
မြန်မာ့ရေထွက်ကုန်များကို ဂျပန်၊ ဥရောပနိုင်ငံများ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကြောင်းမှ တင်ပို့ပြီး ငါး၊ ပုစွန်ကြား၊ ဂျော့ပုစွန်နှင့် အခြား ပင်လယ်စာများကို အိမ်နီး ချင်း နိုင်ငံများသို့ နယ်စပ်ကုန်သွယ် ရေးစခန်းများ (မူဆယ်၊ မြဝတီ၊ ကော့သောင်း၊ စစ်တွေ၊ မြိတ်နှင့် မောင်တော)မှ တင်ပို့လျက်ရှိသည်။
ငါးသလောက်၊ ငါးမြစ်ခြင်း၊ ငါးခူနှင့် ပင်လယ်စာများ အပါအဝင် ငါးမျိုးစိတ် ၂၀ ကျော်ကို ပြည်ပ ဈေး ကွက်သို့ တင်ပို့နေကြောင်း မြန်မာ နိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။ မြန်မာနိုင်ငံသည် ရေထွက်ကုန်ပစ္စည်းများကို နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့နေပြီး အဓိကအား ဖြင့် ထိုင်းနှင့် တရုတ်နိုင်ငံတို့ဖြစ်
ကြောင်းသိရှိရသည်။
အေးအေးခိုင်
https://www.gnlm.com.mm/myanmars-fishery-exports-exceed-us143m-in-q1-2024-2025fy/#article-title