မန္တလေးဈေးကွက်

ဆန်

မန္တလေး ကိုင်းတန်းဈေးတွင် ရန်ကုန်ပေါ်ဆန်း၊ ရွှေဘိုပေါ်ဆန်းတို့မှာ အဝင်ပုံမှန် ၊ စားသုံးမှုပုံမှန်ရှိခြင်းကြောင့် ရန်ကုန်ပေါ်ဆန်း တစ်အိတ် ၁၃၅၀၀၀ ကျပ် ၊ ရွှေဘိုပေါ်ဆန်းတစ်အိတ်  ၁၅၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ မနောသုခဆန်မှာ အဝင်ပုံမှန် ၊ စားသုံးမှုပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၉၂၀၀၀ ကျပ်ဖြင့်ဈေးတည်ငြိမ်နေသည်။  မြို့ တွင်းသုံးဝယ်ယူမှုနည်းခြင်းကြောင့် ဇီယာဆန်တစ်အိတ် ၉၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ငစိန်ဆန်မှာ မုန့်လုပ်ငန်းသမားများ အဝယ်ပုံမှန်ရှိသဖြင့်  တစ်အိတ် ၇၈၀၀၀ ကျပ် မှ ၈၅၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။ ဧရာမင်းဆန်မှာ မန္တလေးဝန်းကျင်မှ ဝင်ရောက်မှုပုံမှန်ရှိခြင်း ၊ မြို့တွင်းစား

ရန်ကုန်ဈေးကွက်

ဆန်

ယခုရက်သတ္တပတ်အတွက်ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်းလမ်း)တွင်ထုတ်ပြန်ထားသည့် ဆန်ဈေးနှုန်းများအရ ရွှေဘိုပေါ်ဆန်း အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၃၀၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၂၅၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဖျာပုံပေါ်ဆန်း အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၀၅၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ် ၁၀၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ပေါ်ကျွဲဆန် အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၉၁၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၉၀၀၀၀ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဧည့်မထဆန်ဟောင်း အလတ်စ တစ်တင်းခွဲတစ်အိတ်လျှင် ၇၈၀၀၀ ကျပ်နှင့် အောက်စ တစ်တင်းခွဲတစ်အိတ်လျှင် ၇၇၀၀၀ ကျပ်နှုန်းဖြင့် လည်း ကောင်း၊ ငစိန်ဆန် အလတ်စ တစ်တ

သင်္ကြန်ပိတ်ရက် နောက်ပိုင်းကာလများတွင် ကုလားပဲဈေးနှုန်း ပြန်လည်မြင့်တက်လျက်ရှိ

ကုလားပဲဈေးကွက်အတွင်း ကုလားပဲအသစ်များ အဆမတန်ဝင်ရောက်မှုကြောင့် သင်္ကြန်ပိတ်ရက်မတိုင်မီ ကုလားပဲဈေးနှုန်းကျဆင်းခဲ့ပြီး ဧပြီ ၂၀ ရက်နောက်ပိုင်းတွင် ပြန်လည်မြင့်တက်လာခဲ့ကြောင်း မန္တလေး လက်ကားအရောင်းဆိုင်စာရင်းများအရ သိရှိရသည်။