တိုးတက်မွေးမြူတွန်းအားပေး၊ တိုင်းရင်းကြက်မွေးမြူရေး

Image
ကြက်

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းသည် မြန်မာနိုင်ငံ၏ စီးပွား ရေး ဖွံ့ဖြိုးတိုးတက်လာစေရန် အလွန်ပင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ စိုက်ပျိုးမွေးမြူရေးဟုဆိုရာတွင် သီးနှံစိုက်ပျိုးရေး၊ သားငါးမွေးမြူရေး၊ သီးနှံသစ်တောရောနှော စိုက်ပျိုး ရေး စသည့်ကဏ္ဍများ ပါဝင်ပါသည်။ စိုက်ပျိုးမွေးမြူရေးကဏ္ဍသည် ၂၀၂၃-၂၀၂၄ ခုနှစ် တစ်မျိုးသားလုံး၏ ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) တွင် ၂၃ ဒသမ ၃ ရာခိုင်နှုန်း ပါဝင်နေရာ စိုက်ပျိုးမွေးမြူရေးကို အခြေခံလုပ်ကိုင်လျှက်ရှိသော ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေပြည်သူတို့၏ အခန်းကဏ္ဍသည် အလွန်ပင် အရေး ကြီးလှကြောင်း အထင်အရှားပင်ဖြစ်ပါသည်။ စ

သဘာဝကပေး အစာနှင့်ဆေး ၊ မြေပစ်ပင်

Image
မျက်ထောင့်ပင်

မြေပစ်ပင်ကို မြေချဥ်ပင်၊ တီကျစ်ပင်၊ မျက်ထောင့်ပင်၊ ကုလားချဥ်ပေါင်ပင်ဟု ဒေသအလိုက် အမည်နာမ မျိုးစုံခေါ်ဆို တတ်ကြ၏။ ယင်း၏ အင်္ဂလိပ်အမည်မှာ Little Hogweed ဟု  ခေါ်ဆိုကြသကဲ့သို့ Red root, Verdolaga နှင့် Pursley ဟုလည်း ခေါ်ဆိုကြ၏။ ရုက္ခဗေဒအမည်မှာ Portulaca oleracea Linn ဖြစ်ပြီး ကိုးနာရီပန်းနှင့်မျိုးရင်းတူသည့် Portulacaceae တွင်ပါဝင်၏။ မြေပစ်ပင်သည် မြောက်အာဖရိကဒေသမှ သဘာဝအတိုင်း စတင် ဖြစ်ထွန်းပြီး ထိုမှ တစ်ဖန် အရှေ့အလယ်ပိုင်း၊ အိန္ဒိယ၊ မလေးရှားနှင့် သြစတြေးလျနိုင်ငံတို့အထိ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ပေါက်ရောက် ဖြစ်ထွန်းလာခဲ့၏။ မြေပစ်ပင်သည် အမေရိကတိုက်သို့ ကိုလံဘတ် မရော

မြန်မာ့နာနက်သီးနှင့် ဈေးကွက်အလားအလာ

Image
နာနက်သီး

မြန်မာ့နာနတ်သီးများသည် အခြားနိုင်ငံ၏ နာနတ်သီးများနှင့် မတူညီဘဲ တစ်မူ ထူးခြားသော သစ်သီးမွှေးရနံ့ရှိပါသည်။ အသီး၏အရသာမှာလည်း ချိုချဉ်လတ်ဆတ်ပြီး အရည်ရွှမ်းသောကြောင့် ပြည်တွင်း၌ သာမက ပြည်ပရှိ စားသုံးသူများစွာကို အလွယ်တကူ ဆွဲဆောင်နိုင်သော အသီးတစ်မျိုးဖြစ်သည်။ နာနတ်သီး၏ အင်္ဂလိပ်အမည်မှာ Pineapple ဟု ခေါ်တွင်ပြီး မျိုးရင်းအမည်မှာ Bromeliaceae၊ မျိုးစုအမည်မှာ Ananas နှင့် မျိုးစိတ် အမည်မှာ comosus ဖြစ်သည်။ သိပ္ပံအမည်မှာ Ananas Comosus ဖြစ်သည်။ နာနတ်သီးသည် Bromeliaceae မျိုးရင်းတွင် စီးပွားဖြစ်အရေးပါသော အသီးအနှံတစ်ခု ဖြစ်ပြီး အပူပိုင်းဒေသတွင် စိုက်ပျိုးရန်သင့်တော်သော အပင်တစ

ကိုရီးယား chamoe သခွားမွှေးများ လေထုထိန်းချုပ်နည်းပညာဖြင့် ရေကြောင်းမှ ဗီယက်နမ်သို့ ရောက်ရှိ

Chamoe ဟု လူသိများသော ကိုရီးယား သခွားမွှေးသီးများသည် ယခုအခါ ပင်လယ်ရေကြောင်းမှတစ်ဆင့် အရှေ့တောင်အာရှဈေးကွက်များသို့ လေကြောင်းပို့ဆောင်ရေး ကုန်ကျစရိတ်များကို ကျော်လွှားကာ ရောက်ရှိလာပါသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး စီမံခန့်ခွဲမှုအဖွဲ့ (RDA)သည် ဗီယက်နမ်နိုင်ငံသို့ သင်္ဘောဖြင့် စတင် တင်ပို့ရာတွင် လေထုထိန်းချုပ်သိုလှောင်မှုနည်းပညာ (CA)ကို စတင် အသုံးပြုခဲ့ပြီး စင်ကာပူနိုင်ငံကဲ့သို့သော အခြားနိုင်ငံများကိုလည်း တိုးချဲ့တင်ပို့သွားရန် စီစဉ်လျက်ရှိသည်။

အခွံမာ ရေသတ္တဝါ၊ ပုစွန်ကျား၏ သဘာဝနှင့်အသုံးဝင်ပုံ

Image
ပုစွန်ကျား

ပုစွန်မျိုးစိတ်များသည် ခြေ၊ လက် ၅ စုံပါသော အခွံမာရေသတ္တဝါ(decapoda crustaceans) များ ဖြစ်ကြပြီး ပုစွန်ကျားသည် မျိုးပေါင်းစု-Arthropoda တွင်ပါဝင်ပြီး မျိုးစဥ်-Decapoda အောက်တွင် ပါဝင်ပါသည်။အင်္ဂလိပ်အခေါ်မှာ  Black Tiger shrimp / Giant Tiger shrimp/ Asian Tiger shrimp ဟုသိရပြီး သိပ္ပံအမည်မှာ Penaeus Monodon (P.Monodon) ဖြစ်သည်။

ပုစွန်မျိုးစိတ်များတွင် လူသိများပြီး ပြည်တွင်းပြည်ပစျေးကွက်တွင် စျေးကောင်းသောပုစွန်မှာ ပုစွန်ကျားဖြစ်ပါသည်။ ၄င်းကို နေရာဒေသအလိုက် အမည်အမျိုးမျိုးဖြင့် ခေါ်ဝေါ် ကြပါသည်။

တရုတ်နိုင်ငံ သရက်သီးတင်သွင်းမှုဈေးကွက်၏ ၉၇ ရာခိုင်နှုန်းကို ဗီယက်နမ် သိမ်းပိုက်ထား

ဗီယက်နမ်သရက်သီးများသည် ထိုင်း၊ ပီရူးနှင့် သြစတြေးလျတို့မှ တင်ပို့မှုထက်ကျော်လွန်ကာ တရုတ်၏ သရက်သီးတင်သွင်းမှုဈေးကွက်ဝေစု၏ ၉၇ ရာခိုင်နှုန်းကို သိမ်းပိုက်ထားကြောင်း၊ စျေးနှုန်းအရယှဉ်ပြိုင်နိုင်ခြင်း၊ အရည်အသွေးတစ်သမတ် တည်းရှိခြင်းနှင့် အချိန်နှင့်တစ်ပြေးညီရောင်းချနိုင်ခြင်းတို့ကြောင့် ဈေးကွက်ရရှိနေခြင်းဖြစ်ကြောင်း သိရှိရသည်။