အိန္ဒိယနိုင်ငံ၏ စီးပွားရေးတိုးတက် မှုနှုန်းသည် လက်ရှိဘဏ္ဍာနှစ်တွင် ကမ္ဘာလုံးဆိုင်ရာနှင့် ပြည်တွင်းဖြစ်ပေါ်တိုးတက်မှုများကြောင့် အသင့် အတင့်သာရှိမည်ဟု ခန့်မှန်းထားကြောင်းနှင့် ရေတိုအတွင်း တိုးတက်မှု အရှိန်အဟုန်ကို ထိန်းသိမ်းရန်အတွက် ငွေကြေးနှင့် ဘဏ္ဍာရေးဆိုင်ရာ မူဝါဒများကို မျှတစွာ ပေါင်းစပ်အသုံးပြုရန် လိုအပ်နိုင်ကြောင်း EY အစီရင်ခံစာတစ်စောင်တွင် မေ ၂၈ ရက်က ဖော်ပြခဲ့သည်။
အိန္ဒိယနိုင်ငံတွင် လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်များအရ ထုတ်ပေးခဲ့သော ဦးစားပေးအကောက်ခွန်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်အရေအတွက်သည် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် ၆,၈၄,၇၂၄ စောင်မှ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် ၇,၂၀,၉၉၆ စောင်အထိ ပုံမှန်တိုးတက် လာနေကြောင်း အစိုးရ၏ အချက်အလက်များအရ သိရပြီး၊ အိန္ဒိယနိုင်ငံမှ တင်ပို့သူများအနေဖြင့် အဆိုပါ ကုန်သွယ် ရေးဆိုင်ရာသဘောတူညီချက်များကိုပိုမိုအသုံးပြုလာကြသည်ကို တွေ့ ရှိရကြောင်း Economic Times က ဖော်ပြသည်။