အိန္ဒိယနိုင်ငံ Chittoor ခရိုင်ရှိ သရက်စိုက်တောင်သူများအား ဒေါ်လာ ၁၇ ဒသမ ၆ သန်း ထောက်ပံ့
အိန္ဒိယနိုင်ငံ အန်ဒရာပရာဒက်ရှ် ပြည်နယ်၊ Chittoor ခရိုင်ရှိ သရက်စိုက်တောင်သူ ၃၁,၉၂၉ ၏ ဘဏ်စာရင်းသို့ ရူပီး ၁၄၆ ဒသမ ၈၄ ကုဋေ (အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၆ သန်း) တိုက်ရိုက်အကျိုး ခံစားခွင့်ငွေလွှဲမှု (DBT) စနစ်ဖြင့် လွှဲပြောင်းပေးခဲ့သည်။ ထိုထောက်ပံ့ငွေများသည် ယခုရာသီတွင် ထွက်ရှိသော သရက်သီး မက်ထရစ်တန် ၃ ဒသမ ၆၇ သိန်း အတွက်ဖြစ်ကြောင်း ခရိုင် အုပ်ချုပ်ရေးမှူး Sumit Kumar က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ကြေညာခဲ့ပါသည်။ ခရိုင် ဥယျာဉ်ခြံအရာရှိ Madhusudan Reddy လည်း တက်ရောက်ခဲ့သည်။
ပြည်နယ်အစိုးရ၏ဆုံးဖြတ်ချက်အရ သရက်စိုက်တောင်သူများအား တစ်ကီလိုလျှင် ၄ ရူပီး ဖြင့် ရူပီး ၁၄၆ ဒသမ ၈၄ ကုဋေ (အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၆ သန်း) ကို အရည်အချင်းပြည့်မီသော တောင်သူ ၃၁၉၂၉ ဦး၏ စာရင်းတွင်ထည့်သွင်းထားကြောင်း၊ အများဆုံးငွေထုတ်ချေးမှုကို Bangarupalem mandal တွင် ထုတ်ချေးထားကြောင်း Kumar က ဆိုပါသည်။ တမီလ်နာဒူးနှင့် ကာနာတာကာ နှင့် မတူဘဲ အန်ဒရာပရာဒတ်ရှ်ပြည်နယ်သည် သရက်သီးစိုက်ပျိုးသူများအတွက် ထောက်ပံ့ကြေးနှင့် အနိမ့်ဆုံး အာမခံစျေးနှုန်းနှစ်ခုလုံးကို ပေးဆောင်သည့် တစ်ခုတည်းသော ပြည်နယ်ဖြစ်ကြောင်း၊ ၎င်းတို့ဘက်က ရပ်တည်ပေးသော နိုင်ငံတော်အစိုးရကို သရက်စိုက် တောင်သူများကိုယ်စား ကျေးဇူးတင်ရှိကြောင်း ၎င်းက ပြောသည်။
ထောက်ပံ့ကြေးအတွက် အရည်အချင်းပြည့်မီမှုကို e-Crop ကြိုတင်စာရင်းသွင်းခြင်းနှင့် ကွင်းဆင်း စစ်ဆေးခြင်းများမှတစ်ဆင့် စစ်ဆေးကြောင်း၊ ပေးချေမှုမရသေးသော်လည်း အရည် အချင်းပြည့်မီသော လယ်သမားများသည် မကျေနပ်ချက်များကို အောက်တိုဘာ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး Rythu Seva Kendras (RSKs) သို့မဟုတ် မြို့နယ်နှင့် ခရိုင်စိုက် ပျိုးရေး တာဝန်ရှိသူများထံ တင်ပြနိုင်ကြောင်း၊ ၎င်းတို့၏ အရည်အချင်းပြည့်မီမှုကို ၄၈ နာရီအတွင်း စိစစ်သွားမည်ဖြစ်ကြောင်း Kumar က ဆိုသည်။
လယ်သမား ၂၁ ဦးသည် တစ်ဦးလျှင် ရူပီး ၅ သိန်း (အမေရိကန်ဒေါ်လာ ၆,၀၀၀) ထက် ကျော်လွန်၍ ထောက်ပံ့ကြေးများရရှိနိုင်ပြီး ၎င်းတို့ကိစ္စများကို အပြီးသတ်မထုတ်ပေးမီ ပြန်လည် သုံးသပ်ထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ထောက်ပံ့ကြေးငွေပေးချေမှုသည် ရိတ်သိမ်းရာသီအတွင်း တိုက်ရိုက်ပေးချေမှုနှင့် စျေးကွက်စျေးနှုန်း ဆိုင်ရာ စည်းမျဉ်းများမှတစ်ဆင့် လယ်ယာလုပ်ငန်းဝင်ငွေတည်ငြိမ်စေရန် နိုင်ငံတော်၏ ကျယ်ပြန့် သော မူဝါဒ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရှိရသည်။
ဟေမာန်အောင်မင်း
https://www.freshplaza.com/asia/article/9774887/india-transfers-17-6-million-mango-subsidies-to-chittoor-farmers/