ကျေးရွာသစ်လှုပ်ရှားမှု မွမ်းမံသင်တန်း(၁/၂၀၂၅)ဖွင့်ပွဲနှင့် ကျေးရွာဝင်ငွေတိုးပွားရေးကဏ္ဍပြပွဲ ကျင်းပ
နေပြည်တော် အောက်တိုဘာ ၂၁
စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှု လေ့ကျင့် ရေးသင်တန်းကျောင်း(ရေဆင်း)၌ ကျေးရွာသစ်လှုပ်ရှားမှုမွမ်းမံသင်တန်း(၁/၂၀၂၅)ဖွင့်ပွဲနှင့် ကျေးရွာ များမှ ဝင်ငွေတိုးပွားရေးကဏ္ဍပြပွဲကို အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းနှင့် ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါသင်တန်းသို့ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည် နယ်တို့ရှိ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း တာဝန်ခံများ၊ စီမံကိန်း ဝင်ကျေးရွာ ၄၄ ရွာမှ ကျေးရွာခေါင်းဆောင်များအပါအဝင် ဝန်ထမ်း နှင့် တောင်သူလယ်သမား သင်တန်း သား ၇၈ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ အောက်တိုဘာ ၂၁ ရက် နေ့မှ ၂၃ ရက်နေ့ထိ
ဖြစ်ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနား၌ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာရဲတင့်ထွန်းက "အမျိုးသားကာ ကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဦးတည်ချက် (၄)ရပ် အနက် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက် ရေး၌အဓိကနှင့် အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုး မွေးမြူရေးကိုအခြေခံသည့် စက်မှုကဏ္ဍ(Agro-based Industries) ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူ တို့၏လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင့်တင်ရေးဆိုသော ဦးတည်ချက်ကိုလည်း ချမှတ်ဆောင် ရွက်နေသည်ဖြစ်၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အဓိကအကောင်အထည်ဖော်ဆောင်ရွက်နေသော ကျေးလက်နေပြည်သူများ၏ အခန်းကဏ္ဍသည် များစွာအရေးကြီးကြောင်း"။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအနေဖြင့် “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ် မှုအားပေးစို့၊ နိုင်ငံတော်ဖွံ့ဖြိုးဖို့ပညာရေးကို အားပေးစို့၊ နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့” ဆိုသည့် ဆောင်ပုဒ် ၃ ခုကို ချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကျေးရွာ များရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေးထုတ်ကုန်များကိုအဓိကအခြေခံရမည်ဖြစ်၍ ကျေးရွာတစ်ရွာ တန်ဖိုးမြှင့်ထုတ်ကုန် တစ်မျိုး ထုတ်လုပ်နိုင်ရေးကိုလည်း ဦးစားပေးဆောင်ရွက်သွားကြရန် နှင့်တန်ဖိုးမြှင့်ထုတ်ကုန်များထုတ် လုပ်နိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်၍ ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးသူရစိုးက မြန်မာနိုင်ငံတွင် ကျေးရွာသစ်လှုပ် ရှားမှု စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းရွာများမှ ဝင်ငွေတိုးပွားရေးကဏ္ဍပြပွဲ၌ နေပြည်တော်၊ ပျဉ်းမနား မြို့နယ်၊ ငကောင်းကံကျေးရွာမှထုတ်လုပ်သော စပါးမျိုးစေ့အမျိုးမျိုး၊ ရန်ကုန် တိုင်းဒေသကြီး ဝဲကြီး ကျေးရွာမှ Recycle အမှိုက်အိတ်နှင့် ဟာလဝါ၊ အုန္နဲကုန်းကျေးရွာမှ ဆပ်ပြာဆီ၊ ပဲခူးမြို့နယ် တောင်သူ စုကျေးရွာနှင့် မယင်းရွာမကျေးရွာတို့မှ ဆပ်ပြာဆီအမျိုးမျိုး ၊ ပျော်ဘွယ်မြို့နယ်၊ မယ်ဇလီအိုင့်ကျေး ရွာမှဖိနပ်နှင့်လက်ဆွဲခြင်းအမျိုးမျိုး၊ ကလောမြို့နယ်၊ လက်ပံပင်ကျေးရွာမှ ထောပတ်သီး၊ နောင်လယ် ကျေးရွာမှ သနပ်ဖက်၊ သာမိုင်းခမ်းကျေးရွာမှ စတော်ဘယ်ရီဝိုင်နှင့် ဂျင်းလက်ဖက် ရည်ထွက်ကုန်၊ တောင်ကြီးမြို့နယ် ဘန်းကန်နှင့်လူရိုးတောင်ကျေးရွာတို့မှ မြန်မာ မျိုးရင်းကြက်သွန်ဖြူ၊ ညောင်စဉ် ကျေးရွာနှင့်ကျောက်စုကျေးရွာတို့မှ ထောပတ်သီးထွက် ကုန်များကိုပြသခဲ့ရာ ညွှန်ကြားရေး မှူးချုပ်၊ တက်ရောက်လာသူများနှင့် သင်တန်းသားများက စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြသည်။
ပြပွဲအပြီးတွင် စွမ်းဆောင်ရည်မြှင့်တင်ရေးကဏ္ဍ၊ လူနေမှုပတ်ဝန်း ကျင်ဖွံ့ဖြိုးရေးကဏ္ဍ၊ ဝင်ငွေ တိုးပွားရေးကဏ္ဍတို့၌ အကောင်းဆုံးဆောင်ရွက်နိုင်သည့်ကျေးရွာများအား ညွှန်ကြားရေးမှူးချုပ်က ဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းကို စိုက်ပျိုးရေးဦးစီးဌာနမှ ယနေ့အထိ ကျေးရွာပေါင်း ၂၅၀ တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင် ရွက်လျက်ရှိကြောင်း သိရှိရသည်။
DOA