အိန္ဒိယတွင် မီးဖိုချောင်သုံးစား‌သောက်ကုန်ဈေးနှုန်းများ ကြီးမြင့်မှု အိမ်အသုံးစရိတ်များအပေါ် သက်ရောက်

၂၀၂၃ ခုနှစ်တွင် မိုးနည်းပါးမှုကြောင့် အိန္ဒိယနိုင်ငံ၏ ပြည်တွင်း စိုက်ပျိုးရေးထုတ်ကုန်များ ထွက်ရှိမှုကျဆင်းခဲ့သဖြင့် မီးဖိုချောင်သုံး ပဲမျိုးစုံ၊ ဂျုံနှင့် သကြားကဲ့သို့သော အဓိကစားသောက်ကုန်များ၏ ဈေး နှုန်းများ  မေလတွင် ဆက်တိုက်မြင့်တက်ခဲ့ကြောင်း၊ နိုင်ငံတကာ ဈေး ကွက်တွင်လည်း ကုလားပဲ၊မတ်ပဲနှင့်ပဲစင်းငုံများရရှိနိုင်မှု ကန့်သတ်ချက်များကြောင့် တင်သွင်းမှု နှောင့်နှေးပြီး ဈေးနှုန်းများကြီးမြင့်ခဲ့သကဲ့သို့ သကြားနှင့်ဂျုံဈေးနှုန်းမှာလည်း အရန်ထားမှု လျော့နည်းနေသဖြင့် ဈေးနှုန်းမှာအမြင့်တန်းတွင်ရှိနေကြောင်း သိရှိရသည်။ 

မန္တလေးဈေးကွက်

ဆန်နှင့်ဆီ

မန္တလေး ကိုင်းတန်းဈေး ဆန်ပွဲရုံများတွင် ရွှေဘိုပေါ်ဆန်း၊ ရန်ကုန်ပေါ်ဆန်းတို့မှာ အဝင်ပုံမှန်၊ မြို့တွင်းသုံးပုံမှန်၊ နယ်ဝေးတင်ပို့ရမှု မရှိခြင်းကြောင့် ဆောင်းလက်ကျန် နည်းသော်လည်း ရန်ကုန်ပေါ်ဆန်း တစ်အိတ် ၁၃၅၀၀၀ကျပ်၊ ရွှေဘိုပေါ်ဆန်း တစ်အိတ် ၁၅၅၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်
နေသည်။     မနောသုခဆန်ဈေးမှာ နွေစပါးအသစ်နှင့် လက်ကျန်အဟောင်းနှစ်မျိုးလုံး ဝင်ရောက်မှု ရှိပြီး အသစ်တစ်အိတ် ၈၈၀၀၀ကျပ် အဟောင်းတစ်အိတ် ၉၄၀၀၀ ကျပ်ဖြင့် မြို့တွင်းသုံး ဝယ်ယူမှု ပုံမှန်ရှိနေသည်။ 

ရန်ကုန်ဈေးကွက်

ဆန်

ယခုရက်သတ္တပတ်အတွက်ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်းလမ်း)တွင်ထုတ်ပြန်ထားသည့် ဆန်ဈေးနှုန်းများအရ ရွှေဘိုပေါ်ဆန်းဆန် အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၅၀၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဖျာပုံပေါ်ဆန်း အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၃၀၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ် လျှင် ၁၂၅၀၀၀ကျပ်နှုန်းဖြင့်လည်းကောင်း၊ ပေါ်ကျွဲဆန် အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၀၃၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၀၂၀၀၀ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဧည့်မထ ဆန်ဟောင်း အလတ်စ တစ်တင်းခွဲတစ်အိတ်လျှင် ၇၇၀၀၀ ကျပ်နှင့် အောက်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၇၆၀၀၀ ကျပ်နှုန်းဖြင့် လည်းကောင်း၊ ငစိန်ဆန်

ရုရှားနှင့် ဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှုပမာဏ ၂၀၂၃ တွင် ၁၆ ရာခိုင်နှုန်းကျော် တိုးတက်ခဲ့

တောင်အာရှတွင် ရုရှား၏ ဒုတိယအကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နှင့် ရုရှားတို့ကြား ကုန်သွယ်မှုပမာဏသည် လျင် မြန်စွာတိုးတက်လာခဲ့ကြောင်း၊ နှစ်နိုင်ငံအစိုးရများနှင့် စီးပွားရေး အ သိုင်းအဝိုင်းများ၏ ပူးပေါင်းကြိုးပမ်းမှုများသည် ကုန်သွယ်မှုပမာဏကို အဆမတန် တိုးမြှင့်နိုင်စေခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် လက်ရှိ ကမ္ဘာလုံးဆိုင်ရာ အတားအဆီးများရှိနေသော် လည်း နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် ၁၆ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ခဲ့ကာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၇  ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ရုရှားသံ အမတ်ကြီး Mr. Alexander Mantytsky က‌ ပြောကြားခဲ့သည်။