၂၀၂၄ ခုနှစ်၊ မတ်လအတွက် FAO စားနပ်ရိက္ခာဈေးနှုန်းညွှန်းကိန်း ထုတ်ပြန်ခဲ့ခြင်း

၂၀၂၄ ခုနှစ်၊ မတ်လအတွက် FAO စားနပ်ရိက္ခာဈေးနှုန်းညွှန်းကိန်း ထုတ်ပြန်ခဲ့ခြင်း

၁။     မတ်လတွင် ဟင်းသီးဟင်းရွက်ဆီ၊ နို့ထွက်ပစ္စည်းများနှင့် အသားဈေးနှုန်း သတ်မှတ်ချက်များ မြင့်တက်ခဲ့မှုကြောင့် ကမ္ဘာ့စားသောက်ကုန် ဈေးနှုန်းညွှန်းကိန်း ၁.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က ၅-၄-၂၀၂၄ ရက်စွဲဖြင့် သတင်းထုတ်ပြန် ခဲ့ပါသည်။ 

၂။     အဆိုပါထုတ်ပြန်ချက်တွင် အောက်ပါအချက်များကို အဓိက ဖော်ပြထားပါသည် - 

  • မတ်လတွင် FAO စားနပ်ရိက္ခာ ဈေးနှုန်းညွှန်းကိန်းသည် ဖေဖော်ဝါရီလထက် ၁.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ပျမ်းမျှ ၁၁၈.၃ မှတ် ရှိခဲ့သော်လည်း ယခင်နှစ် အလားတူကာလနှင့် နှိုင်း ယှဉ်လျှင် ၇.၇ ရာခိုင်နှုန်းအောက် ကျဆင်းနေသေးကြောင်း၊ 
  • FAO ဟင်းသီးဟင်းရွက်ဆီ စျေးနှုန်းညွှန်းကိန်းသည် စားအုန်းဆီ၊ ပဲပိစပ်ဆီ၊ နေကြာဆီ နှင့် မုန်ညှင်းဆီ အားလုံးအတွက် ဈေးနှုန်းသတ်မှတ်ချက်များ မြင့်တက်မှုကြောင့် ယခင် လထက် ၀.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ နိုင်ငံတကာ စားအုန်းဆီဈေးနှုန်းများ    မြင့်တက်မှုသည် အဓိက ထုတ်လုပ်သော နိုင်ငံများတွင် ရာသီပေါ် ဆီထွက်သီနှံများ အထွက် လျှော့ကျခဲ့ခြင်းနှင့် အရှေ့တောင်အာရှနိုင်ငံများတွင် ပြည်တွင်းဝယ်လိုအား ခိုင်မာခဲ့ခြင်းတို့နှင့် ဆက်စပ်နေကြောင်း၊ အလားတူ ပဲပိစပ်ဆီဈေးနှုန်းသည် အထူးသဖြင့် ဘရာဇီးလ်နှင့် အမေရိ ကန်နိုင်ငံတို့ရှိ ဇီဝလောင်စာဆီ ထုတ်လုပ်မှုကဏ္ဍမှ အလွန်အကျွံ ဝယ်ယူခဲ့ခြင်းကြောင့် နှစ်ပေါင်းများစွာတိုင်အောင် ဈေးနိမ့်ကျရာမှ ပြန်လည် ဈေးကောင်း ရလာခဲ့ကြောင်း၊ 
  •  ကမ္ဘာ့ဈေးကွက်တွင် ဒိန်ခဲနှင့် ထောပတ်ဈေးနှုန်းများ မြင့်တက်ခဲ့မှုကြောင့် FAO နို့ထွက် ပစ္စည်းစျေးနှုန်းညွှန်းကိန်း ယခင်လထက် ၂.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ ၆ လမြောက် အဖြစ် ဈေးနှုန်းများ ဆက်လက်မြင့်တက်ခဲ့ကြောင်း၊ 
  • နိုင်ငံတကာဈေးကွက်တွင် ကြက်/ဘဲ၊ ဝက်နှင့် အမဲသားဈေးနှုန်းများ မြင့်တက်ခဲ့မှုကြောင့် မတ် လတွင် FAO အသားဈေးနှုန်း ညွှန်းကိန်းသည် ဖေဖော်ဝါရီလထက် ၁.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ 
  • သို့ရာတွင် FAO နှံစားသီးနှံဈေးနှုန်း ညွှန်းကိန်းသည် မတ်လတွင် ၂.၆ ရာခိုင်နှုန်း ကျဆင်း ခဲ့ပြီး၊ ယခင်နှစ် အလားတူ ကာလတွင် ရှိခဲ့သည့် ဈေးနှုန်းအောက် ပျမ်းမျှ ၂၀ ရာခိုင်နှုန်း တွင် ရပ်တည်ခဲ့ကြောင်း၊ ယင်းသို့ ဈေးနှုန်းများကျဆင်းမှုသည် လက်ရှိ ပို့ကုန်ယှဉ်ပြိုင်မှု ခိုင်မာနေခြင်း၊ အထူးသဖြင့် တရုတ်နိုင်ငံက ဝယ်ယူမှု ရပ်တန့်လိုက်မှုနှင့် အီးယူ၊ ရုရှားနှင့် အမေရိကန်နိုင်ငံတို့အကြား ပို့ကုန်ယှဉ်ပြိုင်မှုတို့ကြောင့် ကမ္ဘာ့ဂျုံဈေးနှုန်းများ ကျဆင်းခဲ့ခြင်းတို့ ကြောင့် ဖြစ်ကြောင်း၊ 
  • ယူကရိန်းနိုင်ငံတွင် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခက်အခဲများကြောင့် ပြောင်းဆံပို့ကုန် ဈေး နှုန်းများ မြင့်တက်ခဲ့ကြောင်းနှင့် ကမ္ဘာလုံးဆိုင်ရာဝယ်လိုအား အထိုက်အလျောက်     ရှိနေစဉ်မှာပင် FAO ဆန်ဈေးနှုန်းညွှန်းကိန်း ၁.၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ 
  • FAO သကြားဈေးနှုန်း ညွှန်းကိန်းသည် အိန္ဒိယနိုင်ငံ၏ ၂၀၂၃-၂၀၂၄ ခုနှစ်အတွက် သကြား ထုတ်လုပ်မှု ခန့်မှန်းချက်သစ် ထုတ်ပြန်ခဲ့မှုနှင့် ထိုင်းနိုင်ငံတွင် ရာသီပေါ် ကြံရိတ်သိမ်းမှု တိုး တက်မှုတို့ကြောင့် ဖေဖော်ဝါရီလထက် ၅.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

မြန်မာသံရုံး
ရောမမြို့