ကုန်းလမ်း-ပင်လယ်ရေကြောင်းကုန်သွယ်ရေးစင်္ကြံသည် တရုတ်နှင့် အာဆီယံနိုင်ငံများအကြား သစ်သီးဝလံကုန်သွယ်မှုကို လွယ်ကူချောမွေ့စေ

ကုန်းလမ်း-ပင်လယ်ရေကြောင်းကုန်သွယ်ရေးစင်္ကြံသည် တရုတ်နှင့် အာဆီယံနိုင်ငံများအကြား သစ်သီးဝလံကုန်သွယ်မှုကို လွယ်ကူချောမွေ့စေ

အင်ဒိုနီးရှားနိုင်ငံမှ မင်းဂွတ်သီး (၆၈)တန် သယ်ဆောင်လာသည့် ကုန်တင်သင်္ဘောတစ်စီး သည် ရှစ်ရက်ကြာ ခရီးစဉ်အပြီးတွင် တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ ချင်းကျိုးဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့ကြောင်းနှင့် အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းများ လျင် မြန်စွာ ဆောင်ရွက်ပြီးနောက် သစ်သီးများကို အနီးအနားရှိပြည်နယ်များအပြင် ကွမ်တုန်း-ဟောင် ကောင်-မကာအိုဒေသနှင့် ရန်ဇီမြစ်ဝကျွန်းပေါ်ဒေသများသို့ ဆက်လက်ပို့ဆောင်ခဲ့ကြောင်း သိရှိရပါ သည်။

နိုင်ငံတကာကုန်းမြေ-ပင်လယ်ရေကြောင်း ကုန်သွယ်ရေးစင်္ကြံသစ်(New International Land-Sea Trade Corridor)တစ်လျှောက် အချက်အချာကျသည့် ချင်းကျိုးဆိပ်ကမ်းတွင် အာဆီယံ နိုင်ငံများမှ ကုန်ပစ္စည်းများကို တရုတ်နိုင်ငံ၊ ကုန်းတွင်းပိုင်းဒေသများသို့ ပို့ဆောင်ပေးနေသည့် ကုန် တင်ရထားများ နေ့စဉ်နှင့်အမျှ စည်ကားလျက်ရှိကြောင်း သိရှိရပါသည်။

၂၀၁၇ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့သည့် New International Land-Sea Trade Corridor သည် တရုတ်နိုင်ငံအနောက်ပိုင်းရှိ ပြည်နယ်အဆင့်ဒေသများနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ပူးပေါင်းတည်ဆောက်ထားသော ကုန်သွယ်မှုနှင့် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းတစ်ခုဖြစ် ကြောင်း၊ အဆိုပါလမ်းကြောင့် ယနေ့တွင် အရှေ့တောင်အာရှမှ သစ်သီးဝလံများ တရုတ်ဈေးကွက် သို့ ပိုမိုရောက်ရှိလာပြီး တရုတ်စားသုံးသူများ၏ မတူကွဲပြား၍များပြားသည့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ကြောင်း သိရှိရပါသည်။
ယခင်က တရုတ်နိုင်ငံသို့ တင်သွင်းလာသော သစ်သီးဝလံများကို ကွမ်ကျိုးမြို့ Nansha သို့ အဓိကရောက်ရှိကြောင်း၊ နိုင်ငံခြားကုန်သွယ်မှုလမ်းကြောင်းများ စဉ်ဆက်မပြတ်ချဲ့ထွင်မှုကြောင့် ယခုအချိန်တွင် ချင်းကျိုးဆိပ်ကမ်း၏ သွင်းကုန်သယ်ယူပို့ဆောင်ရေးမှာ ပိုမိုမြန်ဆန်၍ ကုန်ကျ စရိတ်သက်သာကြောင်း Guangxi Zhengfan International Logistics Co., Ltd. မှ ဝန်ထမ်း တစ် ဦးဖြစ်သူ Huang Liangsong က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

အာဆီယံနိုင်ငံများမှ လယ်ယာထွက်ကုန်များ တရုတ်ဈေးကွက်သို့ ဝင်ရောက်မှုကို တွန်းအား ပေးရန်အတွက် ချင်းကျိုးဆိပ်ကမ်းသည် အပူပိုင်းဒေသသစ်သီးများအတွက် အမြန်လိုင်းများအပြင် အအေးခံစနစ်၊ အအေးခန်းသိုလှောင်မှုနှင့် အခြားအခြေခံအဆောက်အဦများကို တည်ဆောက်ပေး ထားကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံ Laem Chabang မှ ချင်းကျိုးဆိပ်ကမ်းသို့ တစ်ပတ်လျှင် လေးကြိမ်ပြေးဆွဲသော အမြန်လိုင်းကို စတင်ပြေးဆွဲခဲ့ပြီး သစ်သီးများသည် သုံးရက်အတွင်း တရုတ်နိုင်ငံသို့ ရောက်ရှိနိုင် သည်ဟု Guangxi Free Trade Zone ၏ ချင်းကျိုးဆိပ်ကမ်းမှ တာဝန်ရှိသူ Zuo Kongtian က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အကောက်ခွန်စာရင်းဇယားများအရ ယခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ ချင်းကျိုး ဆိပ်ကမ်းမှတစ်ဆင့် သစ်သီးများ အထူးသဖြင့် နဂါးမျက်စေ့သီး၊ အုန်းသီး၊ သရက်သီးနှင့် မင်းဂွတ် သီးတင်သွင်းမှုသည် စုစုပေါင်းတန်ချိန် (၃,၃၀၀)ကျော်ရှိ၍ တန်ဖိုးအားဖြင့် ယွမ် (၂၅.၄၃)သန်း (အမေရိကန်ဒေါ်လာ ၃.၅၁ သန်းခန့်)ရှိ၍ တစ်နှစ်ထက်တစ်နှစ် တန်ချိန်အားဖြင့်(၁၇၈.၄) ရာခိုင် နှုန်းနှင့် တန်ဖိုးအားဖြင့် (၂၉၂.၅)ရာခိုင်နှုန်း အသီးသီး မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

ထို့အပြင် ချင်းကျိုးတွင် အာဆီယံနိုင်ငံများနှင့် ပူးပေါင်း၍ သစ်သီးရောင်းဝယ်ရေးစင်တာ တည်ထောင်ခြင်းသည် ထိရောက်သော အကောက်ခွန်ရှင်းလင်းရေးကို အထောက်အကူဖြစ်စေ ကြောင်း၊ သစ်သီးများအတွက် စောင့်ဆိုင်းချိန်ကို လျှော့ချရန်နှင့် အကောက်ခွန်ရှင်းလင်းရေးလုပ် ငန်းစဉ်များ လွယ်ကူချောမွေ့စေရန်အတွက် အစိမ်းရောင်လမ်းကြောင်းကို ဆောင်ရွက်ထားကြောင်း ချင်းကျိုးဆိပ်ကမ်းအကောက်ခွန်ဌာနမှ အရာရှိ Cao Teng က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ထို့အပြင် ချင်းကျိုးဆိပ်ကမ်းမှ ကီလိုမီတာ (၂၀၀)ကျော် အကွာ၌တည်ရှိသော ယိုယွိဂိတ် သည် ကွမ်ရှီးဒေသရှိ တရုတ်-ဗီယက်နမ်နယ်စပ်တွင် တည်ရှိပြီး ၂၀၂၃ ခုနှစ်တွင် သစ်သီးဝလံ တင် သွင်းမှုသည် ယွမ် (၂၃.၈၈)ဘီလီယံခန့်ရှိပြီး တစ်နှစ်ထက်တစ်နှစ် (၂၆၂.၃)ရာခိုင်နှုန်း တိုးလာ ကြောင်း ဒေသဆိုင်ရာအကောက်ခွန်ဌာန၏ အချက်အလက်များအရ သိရှိရပါသည်။

ယခုနှစ် ဧပြီလဆန်းပိုင်းသည် တရုတ်နိုင်ငံသို့ ယိုယွိဂိတ်မှတစ်ဆင့် ဗီယက်နမ်နှင့် အရှေ့ တောင်အာရှနိုင်ငံများမှ အပူပိုင်းဒေသထွက်သစ်သီးများ အများဆုံးဝင်ရောက်သည့်ကာလဖြစ်ပြီး ဒူးရင်းသီးနှင့်ပိန္နဲသီးမှည့်များ တင်ဆောင်လာသည့် ကုန်တင်ယာဉ်များသည် အကောက်ခွန်ရှင်းလင်း ရေးဆောင်ရွက်ရန်  တန်းစီစောင့်ဆိုင်းလျက်ရှိကြောင်း သိရှိရပါသည်။

ကွမ်ရှီးအခြေစိုက် ထောက်ပံ့ရေးကွင်းဆက်စီမံခန့်ခွဲမှုကုမ္ပဏီ၏ ဥက္ကဋ္ဌ Wang Zhengbo ၏ ပြောကြားချက်အရ တရုတ်နှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အခွင့် အလမ်းများသည် မကြာသေးမီနှစ်များအတွင်း ဆက်တိုက်မြင့်တက်လာခဲ့ပြီး နယ်စပ်ကုန်သွယ်ရေး တွင် ကုန်ပစ္စည်းအရေအတွက်နှင့် အမျိုးအစားများ ပိုမိုများပြားလာသည့်အပြင် ကုန်စည်ပို့ဆောင်မှု ပမာဏ ဆက်တိုက်တိုးလာသည်ကို တွေ့ရှိရကြောင်း သိရှိရပါသည်။

New International Land-Sea Trade Corridor သည် သယ်ယူပို့ဆောင်ရေး၊ ထောက်ပံ့ပို့ ဆောင်ရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလုပ်ငန်းများ နက်ရှိုင်းစွာ ပေါင်းစပ်ပါဝင်သည့် စီးပွား ရေးစင်္ကြံတစ်ခုဖြစ်ပြီး နိုင်ငံအချင်းချင်း စက်မှုပူးပေါင်းဆောင်ရွက်မှုအတွက် အရေးပါသောအခွင့် အလမ်းများကို ဖန်တီးပေးလျက်ရှိကြောင်း သိရှိရပါသည်။

ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု(RCEP) ကို ထိရောက်စွာ အကောင် အထည်ဖော်ခြင်းနှင့် ကုန်းမြေ-ပင်လယ်ရေကြောင်းကုန်သွယ်မှုစင်္ကြံကို အရှိန်မြှင့်တင်ခြင်းဖြင့် တရုတ်နှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုသည် အခွင့် အလမ်းသစ်များ ဆောင်ကြဉ်းလာလိမ့်မည်ဟု Zuo က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ကေခိုင်ကျော်၊ စီးပွားရေးသံမှူး
နန်နင်းမြို့                

Source: https://english.news.cn/20240406/46893e08912b41ed95bbb297af035a09/c.html