အိန္ဒိယ၏ ပြောင်းတင်ပို့မှု ၂၀၂၃-၂၀၂၄ တွင် အနိမ့်ဆုံးသို့ရောက်ရှိ

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အိန္ဒိယနိုင်ငံမှ ပြောင်းတင်ပို့မှုသည် ပြီးခဲ့သည့်လေးနှစ်အတွင်း အနိမ့်ဆုံးသို့ရောက်ရှိပြီး၊ ၅၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။ အကြောင်းမှာ ပြည်တွင်း ပြောင်းဈေးနှုန်းများမြင့်တက်လာခြင်း၊ ပြောင်းစိုက်ပျိုးမှုကျဆင်းမှုတို့နှင့်အတူ အီသနောထုတ်လုပ်မှု၊ ကြက်မွေးမြူ ရေးနှင့် ကော်မှုန့်လုပ်ငန်းများမှ ဝယ်လိုအားမြင့်တက်လာမှုတို့ကြောင့်ဖြစ် ကြောင်း The Hindu businessline သတင်းဌာန ယခုလ ၃၀ ရက်နေ့က ဖော်ပြသည်။

အစားအစာဘေးကင်းလုံခြုံရေးလုပ်ငန်းစဉ်များတိုးမြှင့်ခြင်းဖြင့် သစ်သီးဝလံတင်ပို့မှုတိုးတက်ရန် ဗီယက်နမ်မျှော်မှန်း

သစ်သီးဝလံတင်ပို့မှုကို မြှင့်တင်နိုင်ရန် ပိုးမွှားရောဂါကင်းစင်ရေးလို အပ်ချက်များနှင့် အစားအစာဘေးကင်းလုံခြုံရေး လုပ်ငန်းစဉ်များကို မဖြစ်မနေဆောင်ရွက်ရန်လိုကြောင်း ဗီယက်နမ်ကျွမ်းကျင်သူများက ဆိုသည်။ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊  အမေရိကန်၊ အီးယူ စသည့် နိုင်ငံတကာဈေးကွက်များတွင် ဒူးရင်း၊ လောင်ဂန်၊ လိုင်ချီး၊ သရက်၊ နဂါးမောက်၊ အုန်း၊ ငှက်ပျော၊ နာ နတ် စသည့် လတ်ဆတ်သစ်သီးများအပေါ် ကြိုက်နှစ်သက်မှု ရလျက်ရှိကြောင်း၊ ယင်းဈေးကွက်များ၏ ဝယ်လိုအားသည် အသိအမှတ်ပြုဧရိယာများ၊ မထုပ်ပိုးမီ အတည်ပြုထားသည့် စက်ပစ္စည်းကိရယာများဖြင့် ပြုပြင်လုပ်ဆောင်မှုများအပေါ် အလေးထားကြောင်း၊ တရုတ်နိုင်ငံသည် လက်ရှိထင်ရှားသည့် ဥပမာဖြစ

ဇွန်လဒုတိယ(၁၀)ရက်ပတ် မိုးလေဝသအခြေအနေ

ဘင်္ဂလားပင်လယ်အော်အခြေအနေ

          ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ကြိမ် ဖြစ်ပေါ်နိုင်သည်။ အနောက်တောင် မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားအသင့်အတင့်မှအားကောင်းနိုင်သည်။

အခြားနည်းသုံးစွဲခွင့်ရတာနဲ့ မြေပိုင်ရှင်ဖြစ်ပြီလား

Image
အခြားနည်း

"အခြားနည်း” ဆိုတဲ့ ဝေါဟာရကတော့ မြေယာလောကမှာရေပန်းစားနေတဲ့ စကား ရပ် တစ်ခုလို့ ဆိုရမှာဖြစ်ပါတယ်။ ဒီစကားရပ်ရဲ့ အဓိပ္ပါယ်ကို တိတိကျမသိကြသော်လည်း တစ်ဦးချင်း ဖြစ်စေ၊ အစုအဖွဲ့နဲ့ဖြစ်စေ၊ နေထိုင်ရေးအတွက်သော်လည်းကောင်း၊ စီးပွား ရေးလုပ်ကိုင်ရန်အတွက်သော်လည်း ကောင်း အဆောက်အဦတစ်ခုတည် ဆောက်နိုင်ဘို့အတွက် အခြားနည်း အသုံးပြုခွင့် လိုတယ်ဆိုတာ လူတော်တော်များများသဘောပေါက်ထားကြပါတယ်။ ယခင်တုံးကဆိုရင် လ/န -၃၉ ဆိုတဲ့ အသုံးနှုန်းနဲ့ လူသိများခဲ့ကြပါတယ်။

သဘာဝကပေး အစာနှင့်ဆေး ၊ တဇောင်းခါး

Image
တဇောင်းခါး

တဇောင်းခါးဟုဆိုလျှင် အညာဒေသ၏ အထင်ကရ သဘာဝ ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်၏။ တဇောင်းခါး၏ အင်္ဂလိပ်အမည်မှာ  edible catus, caralluma ဟု ခေါ်ဆိုပြီး ရုက္ခဗေဒအမည်မှာ    Caralluma fimbriata Wall. ဟု ခေါ်သကဲ့သို့ Caralluma adscendens (Roxb.) R.Br.   ဟုလည်း ခေါ်ဆိုကာ မျိုးရင်း Apocynaceae  တွင်ပါဝင်၏။  တဇောင်းခါးပင်ကို အိန္ဒိယ၊ သီရိလင်္ကာနှင့် မြန်မာနိုင်ငံတို့မှ စတင်ဖြစ်ထွန်း သည် ဆို၏။  အထူးသဖြင့် ‌‌ခြောက်သွေ့သည့် အပူပိုင်း‌ဒေသများတွင် ဖြစ် ထွန်းပြီး အလွန်ပွားလွယ်သော အပင်မျိုးဖြစ်၏။ 

စိုက်ပျိုးမွေးမြူရေးပညာနှင့် နိုင်ငံတကာ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များ (အပိုင်း-၆)

Image
University

ဗာဂဲန်နီကန်တက္ကသိုလ် သည် ကမ္ဘာ့စိုက်ပျိုးမွေးမြူရေးဆိုင်ရာအ ကောင်းဆုံး နံပါတ်တစ် တက္ကသိုလ် ဖြစ်ပါသည်။ လူဦးရေ သန်း ၂၀ လောက်ပဲရှိသည့် ဤနိုင်ငံသေးသေး  က လေး က စိုက်ပျိုးမွေးမြူရေးကို အဆင့်မြင့်ပညာသင်ကြား၊ သုတေ သနပြုမှုမှာ ကမ္ဘာ့ နံပါတ်တစ် ဗိုလ်စွဲထားတာ အလွန်စိတ်ဝင်စားစရာကောင်းပြီး အားကျအတုယူရအောင်ပါ။

(၁) ပထမဆုံးအနေနှင့် တက္ကသိုလ်နှင့်သုတေသနဌာန ပေါင်းထားခြင်းဖြစ်ပါသည်။ စုပေါင်းညှိနှိုင်းဆောင် ရွက်မှု အကျိုးရလဒ် (Synergy Effect; Synergism) ကြောင့်  အတွေးအခေါ်ကောင်းများ စုပေါင်းရရှိသဖြင့် တိုးတက်သွားခြင်းဖြစ်ပါသည်။

ပြည်ပဈေးကွက်ဝင် ကျောက်ပုစွန်များ၏ ထူးခြားသောသဘာဝနှင့်ကျန်းမာရေးကောင်းကျိုးများ

Image
lobster

ကျောက်ပုစွန်(Lobster)များသည် ကြီးမား သောအခွံမာရေ နေသတ္တဝါ (Large Crustaceans)များ ဖြစ်ကြပြီး အခွံလဲတတ်သောသဘာဝ ရှိကြသည်။အခွံလဲနေသည့်ကာလအတွင်း တချို့သည် အားအလုံ အလောက်မရှိ၍ သေကြရသည်။အခွံပြောင်းစဥ်တွင် ကျောက်ပုစွန်သည် ၁၅ ရာခိုင်နှုန်းခန့် သေဆုံးလေ့ရှိသည်။ အခွံတစ်ကြိမ်လဲလျှင် ၁၅ မိနစ်ခန့် ကြာတတ်ပြီး အရွယ်အစားမှာ ၂၀ ရာခိုင်နှုန်းခန့် ကြီးသွားပါ သည်။အသက် ၅-၇ နှစ်ရှိသည့် ကျောက်ပုစွန်များသည် တစ်နှစ်လျှင် ၂၅ ကြိမ်ခန့် အခွံလဲလေ့ရှိပြီး ၄င်းတို့၏အခွံကို ယင်းတို့ကိုယ်တိုင်ပြန်စားကာ ကယ်လ်ဆီယမ်ဓာတ်ကို ရယူပါသည်။ ယင်းတို့၏အခွံ ပြန်မာရန်အတွက် ၈ လခန့် အချိန်ယူရပါသည်။