ရုရှားရေနံ အဓိကဝယ်ယူသူများသည် အာရှ-ပစိဖိတ်ဒေသနိုင်ငံများဖြစ်

ရုရှားရေနံ အဓိကဝယ်ယူသူများသည် အာရှ-ပစိဖိတ်ဒေသနိုင်ငံများဖြစ်

၂၀၂၃ ခုနှစ်တွင် ရုရှားနိုင်ငံမှ ရေနံတင်ပို့မှု၏ ၈၀ ရာခိုင်နှုန်းနှင့် ရေနံထွက်ကုန်ပစ္စည်း တင်ပို့ မှု၏ ၃၅ ရာခိုင်နှုန်းသည် အာရှ-ပစိဖိတ်ဒေသနိုင်ငံများသို့ ပို့ဆောင်ခဲ့ကြောင်း ရုရှား ဒုတိယဝန်ကြီး ချုပ် Mr. Alexander Novak က ပြောကြားခဲ့သည်။

ပိတ်ဆို့အရေးယူမှုများ စတင်ပြီးနောက် ရုရှားရေနံနှင့် ရေနံထွက်ပစ္စည်းတင်ပို့မှု ပမာဏအား လုံးကို စျေးကွက်သစ်များသို့ အပြည့်အဝ လမ်းကြောင်းလွှဲနိုင်ခဲ့ကြောင်း၊ အာရှ-ပစိဖိတ်ဒေသရှိ နိုင်ငံ များသည် ပြီးခဲ့သောနှစ်တွင် ရုရှားရေနံကို အဓိကဝယ်ယူခဲ့ကြကြောင်း၊ ရေနံ ၈၀ ရာခိုင်နှုန်းနှင့် ရေနံ ထွက်ပစ္စည်း ၃၅ ရာခိုင်နှုန်းကျော်ကို အဆိုပါဒေသရှိနိုင်ငံများသို့ ထောက်ပံ့ပေးခဲ့ကြောင်း ဒုတိယ ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်တွင် ရုရှားနိုင်ငံမှ ရေနံတင်ပို့မှုပမာဏသည် တန်ချိန် ၂၃၄.၃ သန်းရှိပြီး ၎င်းသည် ယခင်နှစ်ကထက် ၃.၃ ရာခိုင်နှုန်း လျော့နည်းခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် ရေနံထွက်ကုန်ပစ္စည်း တန် ချိန် ၁၄၄.၁ သန်းနှင့် ၂၀၂၂ ခုနှစ်တွင် တန်ချိန် ၁၂၇.၄ သန်းအထိ တင်ပို့နိုင်ခဲ့သည်။

၂၀၂၃ ခုနှစ်တွင် ရေနံထွက်ကုန်ပစ္စည်းတင်ပို့မှုပမာဏကို ထုတ်ဖော်ပြောကြားခြင်း မရှိဘဲ ရေနံတန်ချိန် ၅၃၀.၆ သန်း ရှိသည့်အနက် ရေနံသန့်စင်ထုတ်လုပ်မှု ပမာဏမှာ တန်ချိန် ၂၇၅ သန်း ရှိကြောင်း သိရသည်။ စက်သုံးဆီထုတ်လုပ်မှု ပမာဏမှာ ဓာတ်ဆီတန်ချိန် ၄၄ သန်းနှင့် ဒီဇယ်ဆီ တန်ချိန် ၈၈ သန်း ရှိကြောင်း သိရသည်။

ရုရှားသည် ၂၀၂၂ ခုနှစ်မှစ၍ ပင်လယ်ရေကြောင်းဖြင့် တင်ပို့မှုမြှင့်တင်ရန်အတွက် ၂၀၂၆ ခု နှစ်အထိ ရုရှားရေနံတင်ပို့မှုဆိုင်ရာ အခြေခံအဆောက်အဦဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ကို အကောင်အထည်ဖော်နေကြောင်း ဒုတိယဝန်ကြီးချုပ်က မှတ်ချက်ပြုခဲ့သည်။

အာရှ-ပစိဖိတ်ဒေသနိုင်ငံများ၏ စီးပွားရေးသည် ကမ္ဘာပေါ်တွင် အမြန်ဆုံးတိုးတက်ကြီးထွား လာနေသော နိုင်ငံများထဲတွင် ပါဝင်ပြီး လာမည့်ဆယ်စုနှစ်များအတွင်း အဆိုပါ တိုးတက်မှုအလား အလာသည် ဆက်လက်တည်ရှိနေမည်ဟု လေ့လာသူများက သုံးသပ်ထားပါသည်။

ခွန်မျိုးသူ၊ စီးပွားရေးသံမှူး
မော်စကိုမြို့            

Source :    https://tass.com/economy/1769253