ရေသောက်စနစ်များ ရာသီချိန်မီ အသုံးပြုနိုင်ရေး ဒေသအလိုက် ကွင်းဆင်းဆောင်ရွက်

ရေသောက်စနစ်များ ရာသီချိန်မီ အသုံးပြုနိုင်ရေး ဒေသအလိုက် ကွင်းဆင်းဆောင်ရွက်

နေပြည်တော်၊ စက်တင်ဘာ ၁၉

ရာဂီမုန်တိုင်းအကြွင်းအကျန် လေပွေလှိုင်းအရှိန်ဖြင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုတွင် ထိခိုက်ပျက်စီးခဲ့သော ဆည်တမံ ရေပေးမြောင်း၊ ရေသောက်မြောင်းများ ၊ မြစ်ရေတင်လုပ်ငန်းများ ၊ ဆိုလာစနစ်မြေအောက်ရေတင်လုပ်ငန်းများ အချိန်မီပြန်လည်အသုံးပြုနိုင်ရေးအတွက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် နှင့် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်တို့က ဒေသအလိုက် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြကြောင်း သိရသည်။

စက်တင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာ မိုးစပါးစိုက်ကွင်းတွင် စိုက်ပျိုးရေးဦးစီးဌာနက သက်တမ်းတို စပါးမျိုးများပျိုး ထောင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး မိုးစပါး ထိခိုက်ပျက်စီးခဲ့သည့် လုပ် ကွက်ငယ်တောင်သူများရာသီအချိန် မီပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် သက်တမ်းတို ရက် ၉၀ မျိုးစပါးများ၊ အသင့်ပျိုးထောင်ပြီးပျိုးပင်များ ထောက်ပံ့ပေးနိုင်ရေး၊ မိုးစပါး ပြန် လည် စိုက်ပျိုးခြင်းအတွက် စက်မှု လယ်ယာဦးစီးဌာနက ထွန်ယက်ပေးရေး၊ ကောက်စိုက်စက် အသုံးပြုစိုက်ပျိုးနိုင်ရေးနှင့် လိုအပ်ချက်များ ကူညီပံ့ပိုးပေးနိုင်ရေး တာဝန်ရှိသူ များအား ဆွေးနွေး မှာကြားသည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ်၊ ရှားစေးဖိုကျေးရွာရှိ ဆင်သေရေတင်စက်ရုံ ပြန်လည်ပြုပြင်အသုံးပြုနိုင်ရေးနှင့် လက်ယာ(၁)မြောင်းမကြီး ပြုပြင်နေမှု လုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးသည်။ အလားတူ ဇေယျာသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်များရှိ ရေဆင်းဆည်ရေသောက် မြောင်းများပြုပြင်နေမှု၊ တပ်ကုန်းမြို့နယ်ရှိ ဆိုလာစနစ် မြေအောက်ရေတင်စက်များ ပြန်လည်အသုံးပြုနိုင်ရန် မွမ်းမံပြင်ဆင်မှု လုပ်ငန်းများ ကို ကွင်းဆင်းစစ်ဆေးပြီး ဒေသခံတောင်သူများ၏ တင်ပြချက်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

Minister

အလားတူ မိတ္ထီလာလွင်ပြင်ရှိ ဆည်တမံများ ရေသောက်စနစ်များ ထိခိုက်ပျက်စီးမှုကို အမြန်ဆုံးပြုပြင်အသုံးပြုနိုင်ရန် ကွင်းဆင်းဆောင် ရွက်လျက်ရှိသော ဒုတိယဝန်ကြီး  ဦးဗိုလ်ဗိုလ်ကျော်နှင့်အဖွဲ့သည် ပျော်ဘွယ်မြို့နယ်ရှိ မင်းသားကြီးကန် မြေသားပေါင် ထိခိုက် ပျက်စီးမှုများအား ကွင်းဆင်းစစ်ဆေးပြီး စနစ်တ ကျ ပြန်လည်ပြုပြင်စီမံ၍ ရာသီချိန်အမီ ရေသိုလှောင်နိုင်ရေးနှင့် မူလရေသောက်ဧရိယာ ၂၁၆ ဧကကို စိုက်ပျိုးရေ ပြန်လည်ပေးဝေနိုင်ရေး တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

၎င်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည်သာစည်မြို့နယ်စမုံရေထိန်းတမံတွင်ရေတိုက်စားမှုကြောင့် ထိခိုက်ပျက်စီးမှုများအား စက်ယန္တ ရားများ အသုံးပြု၍ ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ရေကြီးနစ်မြုပ် ထိခိုက်ပျက်စီးမှုမရှိသော သီးနှံစိုက် ဧရိယာများအား အမြန်ဆုံး စိုက်ပျိုးရေပေးဝေနိုင်ရေးဆောင်ရွက်ကြရန်  ဆွေးနွေးမှာ ကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြစ်သားမြို့နယ်ရှိ ကင်းတားလက်ဝဲ မြောင်းမကြီး‌ ရေငုတ်ပြွန် နှင့် စမုံရာဘာတမံ ရေကျော်၍ ထိခိုက်ပျက်စီးခဲ့မှု အခြေနေများကို ကြည့်ရှုစစ်ဆေးပြီး ပြန်လည်ပြုပြင်ရမည့်လုပ်ငန်းစဉ်များ၊ ရေသောက်စနစ်အတွင်း ပုံမှန် ရေပေးဝေနိုင်ရေးအတွက် ရေတင်ပန့်တပ်ဆင်အသုံး ပြုနိုင်ရေး နည်းလမ်းများ ရှာဖွေ ဖော်ထုတ် ဆောင်ရွက်ရန်၊ ကြီးမား သော ထိခိုက်မှုမရှိခဲ့သည့် ဇော်ဂျီရေသောက် ကင်းတားရေသောက် စနစ်များတွင် စိုက်ပျိုးထုတ်လုပ်မှုအောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အတွက် သက်ဆိုင်ရာ ဌာနများ ပူးပေါင်းကြိုးပမ်းကြရန် လိုအပ်ချက်များကို တာဝန်ရှိသူများအားဆွေး နွေး မှာကြားသည်။ အလားတူ ဒေသခံတောင်သူများနှင့်တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက သီးနှံထိခိုက် ပျက် စီးမှုများအားပြန်လည်ကုစားနိုင်မည့် နည်းလမ်းများနှင့် လိုအပ်သည့်အကူအညီများကို သက်ဆိုင်ရာဌာနများမှ ချိတ်ဆက်ရယူပြီး ဒေသ၏ လယ်ယာကုန်ထုတ်စွမ်းအားကျဆင်း မသွားစေရေး ဝိုင်းဝန်းကြိုးပမ်းပေးကြရန်ဆွေးနွေးမှာကြားခဲ့သည်။

စက်တင်ဘာ ၂၀ ရက်နေ့တွင် ဒုတိယဝန်ကြီး သည် ရှမ်းပြည်နယ် ၊ ရွာငံမြို့နယ် မြို့ကြီး ကျေးရွာအနီးရှိ တမံအမြင့်၂၅၈ ပေ၊ အလျား ၁၄၆၁ ပေ၊ ကန်ရေပြည့် ရေလှောင်ပမာဏ ၃၅၉၅၅၀ ဧကပေရှိ မြို့ကြီးရေလှောင်တမံသို့ သွားရောက်ပြီး ရာဂီမုန်တိုင်း အကြွင်းအကျန် လေပွေလှိုင်းအရှိန်ဖြင့် မိုးသည်းထန်စွာ ရွာ သွန်းမှုကြောင့် မြို့ကြီးရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ တမံကြံ့ခိုင်မှုနှင့် ရေပိုလွှဲမှ ရေကျော်ကျခဲ့မှုအခြေအနေများအား ကြည့်ရှု စစ် ဆေးကာ တာဝန်ရှိသူများအား ရေလှောင်တမံ ဘေးကင်း လုံခြုံရေးအတွက် နေ့ ညမပြတ် စောင့်ကြည့်စစ်ဆေးကြရန်၊ ကြိုတင် ကာကွယ် ရေး အစီအမံများ ဆောင်ရွက်ရန် လိုအပ်ချက်များ၊ဇော်ဂျီသောက်စနစ် အတွင်းရှိ မိုးစပါး နွေစပါးနှင့် နွေသီးနှံ စိုက်ပျိုးရေ ပိုမိုပေးဝေနိုင်ရေးအတွက် လုံလောက်သည့် ရေပမာဏ သိုလှောင်ထားရှိရေး စီမံဆောင် ရွက် ရန် ဆွေးနွေးမှာကြားသည်။

UBBK

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မြို့ကြီးရေလွှဲဆည်၏ အောက်ပိုင်း တူးမြောင်းပေါင်ကာကွယ်ထားသည့် ကျောက်ကြီးစီလိုင် နင် ရေတိုက်စားခဲ့မှု အခြေအနေ ကိုလည်းကောင်း၊ တူးမြောင်းအတွင်း ရေကျော်ကျစီးဆင်းမှု မဖြစ်ပေါ်စေရေးအတွက် ရေလွှဲဆည်၏ လိုအပ်သည့် ရေကာနံရံအမြင့် ဆောင်ရွက်နိုင်ရေးနှင့် ရေတံခါး၊ ရေလွှဲဆည် ကြံ့ခိုင်မှုအခြေအနေများကိုလည်း ကောင်းကြည့်ရှုစစ်ဆေးသည်။အလားတူ မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည်မြို့တွင်း ဇော်ဂျီမြစ်ပေါ်တွင် တည်ရှိသည့် မင်းရဲရေလွှဲဆည် ကြံ့ခိုင်မှုနှင့် ရေဖြတ်သန်း စီးဆင်းနေမှု အခြေအနေများကို လည်း ကောင်း၊ ဇီးတော ရေလွှဲဆည်၏ ရေတံခါး ကြံ့ခိုင်မှုနှင့်ဇော်ဂျီရေထိန်း ဆည် ရေဝင်ရောက်မှု အခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ် ဆေးပြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံ ခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ၏   လုပ်ငန်းဆိုင်ရာ ရှင်လင်းတင်ပြချက်များအပေါ် လိုအပ်ချက်များ ဆွေးနွေး မှာကြားသည်။
စက်တင်ဘာ၂၁ ရက်နေ့တွင် ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးရုံး

အစည်းဝေးခန်းမ၌ တိုင်းဒေသကြီးအဆင့် လယ်ယာကဏ္ဍဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံ ၍ ရေကြီးရေလျှံမှု ကြောင့် ပျက်စီးခဲ့သည့် စိုက်ပျိုးမြေများတွင် ရာသီအချိန်မီစိုက်ပျိုးနိုင်ရေး၊ရေကြီးရေ လွှမ်းပြီး နောက် သီးနှံစိုက်ခင်းများတွင် ကျရောက်တတ်သည့် သီးနှံပိုးမွှားရောဂါများ ကာကွယ်နှိမ်နင်းရေးအတွက် နည်းပညာနှင့် အကူ အညီများပံ့ပိုးပေးရန်၊ ရေကျော်ကျမှု ကြောင့် ထိခိုက်ပျက်စီးခဲ့သည် တူး မြောင်းရေသောက်စနစ်များ အချိန်မီပြုပြင် ဆောင်ရွက် နိုင်ရေး၊ ပျက်စီးမှုမရှိသည့် မိုးစပါးစိုက်ဧကများအား စိုက်ပျိုးရေ ပေးဝေနိုင်ရေးနှင့် နွေစပါးစိုက်ဧက တိုးချဲ့နိုင်ရေးအတွက် ရေပိုမိုသိုလှောင်ထားရှိရေး ဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် မြစ်သားမြို့အနီး ပန်းလောင် မြစ်ပေါ်တွင်တည် ရှိသည့် စမာရေလွှဲဆည်အနီး ရေ တိုက်စားမှုကြောင့် မြေသားဖြင့် ကာကွယ်ထားသည့် ရေတားတာပေါင်အား ပြုပြင်ဆောင်ရွက်နေမှု အခြေ အနေများအား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသတင်းရရှိသည်။

MOALI