ရေချိုပုစွန် စနစ်တကျသားဖောက်ခြင်းနှင့် ပုစွန်အတွက် ဖော်စပ်စာ

ချိုပုစွန်ကို ကိုယ်တိုင်စနစ်တကျသားဖောက်မွေးမြူလိုသူများအတွက် ရေချိုပုစွန် စနစ်တကျသားဖောက်နည်းနှင့် ပုစွန်အတွက် ဖော်စပ်စာများ ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါသည်။
ရေချိုပုစွန် သားဖောက်ခြင်း
ကိုယ်တိုင် သားဖောက်မွေးမြူခြင်းနှင့် သားပေါက်ဝယ်ယူမွေးမြူခြင်းအနက် ကိုယ်တိုင် သားဖောက်မွေးမြူခြင်းက သားပေါက်လိုအပ်သလောက်ကို ထုတ်လုပ်မွေးမြူနိုင်သည့် အားသာချက်ရှိသည်။ ပုစွန်သားဖောက်ရာတွင် ပထမဆုံး ဥကပ်ပုစွန်ကို ရွေးချယ်ရမည်။ဥကပ်ပုစွန်သည်အလေးချိန်၅၀ ဂရမ်အထက် ရှိရမည်။ အဆိုပါ ဥကပ်ပုစွန်ထုပ်မများကို သဘာဝ မြစ်၊ချောင်း၊ အင်း၊ အိုင်များမှလည်းကောင်း၊ မွေးမြူရေးကန်များမှလည်းကောင်း ရနိုင်သည်။
ဥကပ်ပုစွန်ထုပ်ကို ရွေးချယ်ရာတွင်လည်း ဥပြည့်နေသော ပုစွန်မကြီးများ၊ ဥအညိုရင့်ရောင်ရှိနေ သည့် ဥကပ်ပုစွန်မကြီးမျိုးကို ရွေး ချယ်ရမည်။ ဥကပ်ပုစွန်မကြီးများအတွက် ရေသည် သန့်စင်ဖို့လိုသည်။ ရေသန့်စင်ဖို့ ရေလဲပေးခြင်း၊ အောက်ဆီဂျင်ဖြည့်ပေးခြင်းတို့ ပြုလုပ်ပေးရသည်။ ဥကပ်ပုစွန်ကို သယ်ယူရာတွင် အထူးဂရုစိုက်ဖို့လိုသည်။ သယ်ယူစဥ်အထိအခိုက်မရှိအောင် ဂရုစိုက်ဖို့ လိုသလို ဥများပျက်စီးမှု မရှိအောင်၊ သေကျေခြင်း မရှိအောင် အထူးဂရုစိုက်ရသည်။
သယ်ယူရာတွင် သယ်ယူသည့်ပုံး၊ သို့မဟုတ် အခြားသယ်ယူသည့်ပစ္စည်းသည် မျက်နှာပြင်ကျယ်ရမည်။ သယ်ယူမည့်ပစ္စည်းအတွင်းရှိရေသည် ၂လီတာ အထက်ရှိဖို့လိုသည်။ထိုကဲ့သို့ စနစ်တကျ သယ်ယူမှသာ ဥကပ်ပုစွန်ထုပ်မကြီးများ အသေအကျေနှင့် အထိအခိုက်နည်းမည်ဖြစ်သည်။ ဥကပ်ပုစွန်တုပ်မကြီးများ၏ ခန္ဓာကိုယ်ကို သန့်ရှင်းစေရန် ဖော်မလင်ဆေးရည် ၁၀ မှ ၂၀ ပီပီတီ ပါသော အသင့်ပြုပြင်ထားသော ကန်အတွင်း မိနစ် ၃၀ သို့မဟုတ် မိနစ် ၆၀ အထိ ထားပေးရမည်။
ဥကပ်ပုစွန်တုပ်မကြီးမှ ဥချပြီး တစ်ပတ်အတွင်း ဥမှ သားလောင်းလေးများ ပေါက်လာသည်။ ဥကပ်ပုစွန်တုပ်မအား အစာအဖြစ် အာလူး၊အုန်းသီး၊ ကန်စွန်းဥအစိမ်း၊ ဖော်စပ်စာတို့ကို ကျွေးပေးရသည်။ အစာကျန်များကို ဖယ်ထုတ်ပေးခြင်း၊ ရေကို ၂၅ ရာခိုင်နှုန်း လဲပေးခြင်းတို့ ပြုလုပ်ပေးရသည်။
သားလောင်းထိန်းသိမ်းခြင်း
ပုစွန်သားလောင်းများကို သုံးရက်မြောက်နေ့တွင် မှန်လှောင်အိမ်တစ်ဖက်ကို ချန်၍ ပတ်ပတ်လည်ကို အမှောင်ချထားပေးရသည်။ထိုအခါ သားလောင်းများသည် တစ်ဖက်ချန်ထား၍ အလင်းရောင်ရှိသောနေရာတွင် လာစုကြသည်။ထိုသားလောင်းများကို ပလတ်စတစ်ပိုက်အပျော့ကိုအသုံးပြု၍ ပလတ်စတစ်ပုံးထဲသို့ ရွှေ့ပြောင်းကာ ကောင်ရေကို ခန့်မှန်းရသည်။ ထိုသားလောင်းများကို သားလောင်းပြုစုကန်အတွင်း ထည့်သွင်းပြုစုပေးရသည်။
သားလောင်းထိန်းသိမ်းပြုစုရာတွင် ရေသည် အဓိကဖြစ်သည်။ ရေသန့်စင်ဖို့ လိုသည်။ ရေသန့်စင်စနစ်ကို အသုံးပြုပြီး သားလောင်းထည့်သွင်းမွေးမြူသည့်စနစ် နှစ်မျိုးရှိသည်။
တိုက်ရိုက်ထည့်သွင်း မွေးမြူခြင်း -ဤစနစ်က ဥကပ်ပုစွန်တုပ်မကြီးမှ ပေါက်လာသောသားလောင်းများကို သားပေါက်ကန်အတွင်းသို့ သတ်မှတ်သားပေါက်နှုန်းအတိုင်း တိုက်ရိုက်ထည့်သွင်းမွေးမြူပြုစုခြင်း ဖြစ်သည်။ ဥပမာ- ငါးတန်သားလောင်းပြုစုကန်အတွင်း တစ်ကန် ၃၀၀၀၀ ထည့်မည်ဆိုလျှင် ငါးတန်ကန်ဆိုလျှင် သားလောင်း ၁၅၀၀၀၀ ကို တိုက်ရိုက်ထည့်၍ သားပေါက်ပြန်ရသည်အထိ မွေးမြူခြင်း သို့မဟုတ် ရောင်းတန်းဝင်သည်အထိ မွေးမြူခြင်းမျိုးဖြစ်သည်။
အဆင့်ခွဲမွေးမြူခြင်း - ဤစနစ်က ဥကပ်ပုစွန်တုပ်မကြီးမှ ပေါက်လာသည့် သားလောင်းများကို ပထမအဆင့် သားလောင်းပြုစုကန်အတွင်း ၁၀ ရက်ခန့် ပြုစုမွေးမြူပြီးမှ သားပေါက်ပြုစုကန်သို့ ပြန်ခဲ့ပြီး ဒုတိယအဆင့်အနေဖြင့် သာမန် ထည့်နှုန်းအတိုင်း ကန်အတွင်းသို့ ထည့်၍ မွေးမြူခြင်းဖြစ်သည်။ ပထမအဆင့် ငါးတန်ကန်အတွင်း သား လောင်းကောင်ရေ ၃၀၀၀၀၀ ထည့်ပြီး ၁၀ ရက်ကြာ ပြုစုပေးပြီး နောက်တစ်ခါ အဆိုပါသားလောင်းများကို ကန်နှစ်ကန်သို့ပြောင်းထည့်ရသည်။ ထိုအခါ ပထမအဆင့်မှာ သား လောင်း ၃၀၀၀၀၀ မှ ဒုတိယအဆင့် ကန်နှစ်ကန်သို့ ထည့်သဖြင့် တစ်ကန်လျှင်သားလောင်းကောင်ရေ ၁၅၀၀၀၀ ခန့် ဖြစ်သွားသည်။
သားပေါက်ပြုစုခြင်း
သားလောင်းများအား သားလောင်းကန်မှ ဖမ်းဆီးပြီး အဆင်သင့်ပြင်ထားသော သားပေါက် ကန်အတွင်း ပြောင်းရွှေ့ထည့်ပေးရသည်။ သားပေါက်ကန်သို့ သယ်ယူရာတွင် သယ်ယူမှု စနစ်မကျပါက သေကျေ ပျက်စီးနိုင်သည်။သယ်ယူပြီး ချက်ချင်း မဖြစ်သော်လည်း နောက်ရက်များတွင် သေကျေပျက်စီးမှု ဖြစ်နိုင် သည်။ သားပေါက်ကန်အတွင်းသို့ ရွှေ့ပြောင်းလာသောကြောင့် ပထမဆုံး အသုံးပြုမည့် ရေအငန်နှုန်းမှာ ၈ ပီပီစီသာ ရှိရပါမည်။ထို့နောက် နှစ်ရက်အကြာ ရေဟောင်းများထုတ်၍ ရေသစ်လဲပေးရသည်။အစာအဖြစ် ငါးမှုန့်ကို တစ်နေ့လျှင် နံနက်တစ်ကြိမ်၊ညနေတစ်ကြိမ် ကျွေးရမည်။ အစာကြွင်းအစာကျန်များကို ရှင်း လင်းပေးရမည်။သားပေါက်များကို သားပေါက်ပြုစုကန်အတွင်း နှစ်ရက်ခန့်ထားပြီးနောက် အသားတိုးမွေး မြူမည့် စခန်းသို့ ပို့ဆောင်ပေးရသည်။၏
ပုစွန်အတွက်ဖော်စပ်စာများ
ပုစွန်အတွက်ဖော်စပ်စာကို သား လောင်း၊သားပေါက်၊သက်နုအဆင့် ဖော်စပ်စာနှင့် သက်ကြီးကောင်၊မျိုးပုစွန်ဖော်စပ်စာဟူ၍ နှစ်မျိုးရှိပါ သည်။သားလောင်း၊သားပေါက်နှင့် သက်နုကောင်အတွက် ဖော်စပ်စာမှာ ဇယား-၁ ပါအတိုင်းဖြစ်ပြီး သက်ကြီးကောင်ပုစွန်နှင့် မျိုးပုစွန်အတွက် ဖော်စပ်စာများမှာ ဇယား-၂ ပါအတိုင်း ဖြစ်ပါသည်။ ဖော်ပြပါ အချိုးအစားများ၏ အလေးချိန်သည် ဂရမ်ဖြစ်ပါသည်။

ပုစွန်ဖမ်းယူနည်းများ
ပုစွန်သည် ရောင်းတမ်းဝင်ရန် ၈လမှ ၁၀ လကျော်သာ ကြာသည်။ထိုအချိန်ဆိုလျှင် ဖမ်းယူရောင်းချနိုင်ပြီ ဖြစ်သည်။ပုစွန်သည် စျေးကွက်ကောင်းသော ထုတ်ကုန်တစ်မျိုးဖြစ်သည်။ပုစွန်ကို ဖမ်းယူရာတွင် ပုစွန်ပိုက်အား လူအင်အားသုံး၍ “ဂ” ပုံစံဖမ်းယူနည်းဖြင့် ဖမ်းယူကြသည်။ထို့ပြင် ထောင့်ဖြတ်မြောင်းတူး၍ ဖမ်းယူနည်း၊ ပတ် လည်မြောင်းဖော်၍ ဖမ်းယူနည်း၊ ယင်းဝိုင်းရေစိမ်းထိုးဖမ်းယူနည်းတို့ ဖြစ်သည်။
ယင်းဝိုင်းရေစိမ်းထိုးဖမ်းယူနည်းမှာ မဖမ်းယူမီ ရေကို ၃ပေအထိလျှော့ချပေးရမည်။ထို့နောက်ယင်းကို ကန်၏ ထောင့်တစ်ထောင့်တွင် ချဝိုင်းလိုက်ပါ။ ကန်၏ထောင့်နှင့် ယင်းသည် ၈ ပေ ကွာရမည်။ ပုစွန်ဝင်နိုင်စေရန် ယင်းအားမြှုံးသဏ္ဍာန် ပြုလုပ်ပေးထားရမည်။ထိုယင်းအဝင်သို့ ရေစိမ်းသွင်းပေးရသည်။ထိုအခါ ရေစိမ်းထိုးလိုက်သဖြင့် ပုစွန်များ ယင်းအတွင်းသို့ ဝင်လာသည်။ဤနည်းဖြင့် ဖမ်းယူခြင်းကို ယင်းဝိုင်းရေစိမ်းထိုးဖမ်းယူခြင်းဟု ခေါ်သည်။
နောက်တစ်နည်းမှာ ရေထုတ်ပိုက်ဖြင့် ဖမ်းယူခြင်းဖြစ်သည်။ဤနည်းဖြင့် ဖမ်းယူလျှင် ရေသွင်းရေထုတ်အပေါက်ကို ပိုက်တပ်၍ ပိုက်ထိပ်မှ အိတ်စွပ်ကာ ရေထုတ်ခြင်း ဖြင့် ဖမ်းယူကြသည်။
အချုပ်အားဖြင့် ဆိုရသော်-
ပုစွန်မွေးမြူခြင်းသည် အခြားသောမွေးမြူရေးလုပ်ငန်းများထက် ဂရု စိုက်ရသလို လုပ်ငန်းစဥ်တွေလည်းများသည်။ အတိမ်းအစောင်း မခံပေ။ အထူးသဖြင့် ရေထုညစ်ညမ်းမှုကို မခံနိုင်ပေ။ စနစ်တကျ လုပ်ကိုင်နိုင်လျှင် အကျိုးအမြတ်များများ ရနိုင်မည်ဖြစ်ပါကြောင်း မျှဝေပေးလိုက်ပါသည်။
ဇော်ကြီး(ငါးဦးစီး)