ရောင်းလိုအား ပြတ်တောက်မှုကြောင့် ကမ္ဘာ့အုန်းသီးဈေးနှုန်း မြင့်တက်

အုန်းသီးအဓိကထွက်ရှိသည့် နိုင်ငံများ၌ ရာသီဥတုဖောက်ပြန်မှုနှင့် ပိုးမွှားကျရောက်မှုများကြောင့် ရောင်းလိုအား ကန့်သတ်ချက်များ ဖြစ်လာသဖြင့် ကမ္ဘာ့အုန်းသီးဈေးကွက်သည် ဈေးနှုန်း မြင့်တက်လျက်ရှိပါသည်။ ဗီယက်နမ်နိုင်ငံသည် နှစ်စဉ် အုန်းသီးတန်ချိန် ၂ သန်းခန့် ထုတ်လုပ်လျက်ရှိပြီး အမေရိကန်နှင့် တရုတ်ကဲ့သို့သော အဓိကစားသုံးသူ အများအပြားရှိသည့် ကမ္ဘာ့ပဉ္စမမြောက် အုန်းသီးအများဆုံးတင်ပို့သည့်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိသည်။

ကမ္ဘာ့ပထမဆုံးအကြိမ်အဖြစ် ဗီဇပြင်ဆင်ထားသော ဆန်မျိုးစိတ်အသစ်နှစ်မျိုး အိန္ဒိယထုတ်ပြန်

အိန္ဒိယနိုင်ငံသည် အရေးပါသော ဖွံ့ဖြိုးတိုးတက်မှုတစ်ရပ်အဖြစ် မေ ၄ ရက်တွင် ကမ္ဘာ့ပထမဆုံးအကြိမ်အဖြစ် ဗီဇပြင်ဆင်ထားသော (genome editing) ဆန်မျိုးစိတ် အသစ် နှစ်မျိုး ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ အဆိုပါ မျိုးစိတ်များသည် တစ်ဟက်တာလျှင် ထွက်နှုန်းကို ၃၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးနိုင်မည်ဖြစ်ပြီး၊ လက်ရှိမျိုးစိတ်များနှင့် နှိုင်း ယှဉ်ပါက ရင့်မှည့်ရန် ၁၅ မှ ၂၀ ရက်ခန့် လျော့နည်းနိုင်ကြောင်း မျှော်မှန်းထားသည်။

အကောက်ခွန်စစ်ပွဲမတိုင်မီကပင် တရုတ်နိုင်ငံသည် အမေရိကန်မှပဲပုပ်နှင့် ပြောင်းတင်သွင်းမှုကို ရပ်နားထားခဲ့

တရုတ်နိုင်ငံသည် ဇန်နဝါရီလလယ်ကတည်းက အမေရိကန်ထံမှ ပဲပုပ်နှင့် ပြောင်းဝယ်ယူမှုကို ရပ်နားထားခဲ့ကြောင်း အမေရိကန်စိုက်ပျိုးရေးဌာန (USDA) ၏ အချက်အလက်ကို ကိုးကား၍ Nikkei Asia မှ အစီရင်ခံဖော်ပြခဲ့ကြောင်း သိရှိရသည်။

အမေရိကန်၏ အခွန်နှုန်းသက်ရောက်မှုကို လျှော့ချနိုင်ရန်အတွက် စားအုန်းဆီတင်ပို့မှုအပေါ် ကောက်ခံသည့် ပို့ကုန်အခွန်လျှော့ချရန် အင်ဒိုနီးရှားစားအုန်းဆီ ထုတ်လုပ်သူများအသင်းက အဆိုပြု

အင်ဒိုနီးရှားစားအုန်းဆီထုတ်လုပ် သူများအသင်းက အမေရိကန်သမ္မတ၏ အပြန်အလှန် ကုန်သွယ်ခွန်နှုန်းထားတိုးမြင့်မှု၏ သက်ရောက်မှုကို လျှော့ချနိုင်မည့် နည်းလမ်းအနေဖြင့်လည်းကောင်း၊ အမေရိကန်ဈေးကွက်တွင် အင်ဒိုနီးရှား ဆီအုန်းထုတ်ကုန်များ၏ ယှဉ်ပြိုင်နိုင်စွမ်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန်အတွက်လည်းကောင်း စားအုန်းဆီတင်ပို့မှုအပေါ် ကောက်ခံသည့် ပို့ကုန်အခွန်လျှော့ချရန်အတွက် အင်ဒိုနီးရှားအစိုးရသို့တောင်းဆိုထားသည်ဟု သိရသည်။

ဒေသတစ်ခု ထုတ်ကုန်တစ်မျိုး၊ ရွှေဘိုပေါ်ဆန်းစပါး

Image
paddy

ဆန်စပါးသည် နှံစားသီးနှံများအနက် စိုက်ပျိုးထုတ်လုပ်သုံးစွဲမှု အများဆုံးသီးနှံဖြစ်ပြီး ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံခန့်သည် ဆန်စပါးကို အဓိက အစား အစာအဖြစ် စားသုံးလျက်ရှိကြရာ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးအတွက် အဓိကကျသော သီးနှံတစ်ခုဖြစ် သည်။ မြန်မာနိုင်ငံအနေဖြင့်လည်း ဆန်စပါးသည် အဓိကစားသုံးသော သီးနှံဖြစ်ပြီး မြန်မာ့စီးပွားရေး၏ အသက်သွေးကြောလည်းဖြစ်ကာ နှစ်စဉ် ဧက  ၁၇ သန်း ကျော် စိုက်ပျိုးလျက်ရှိသည်။

၂၀၂၅ ခုနှစ် ပထမငါးလတွင် မြေသြဇာဈေးနှုန်း တည်ငြိမ်နေ

မြန်မာနိုင်ငံ မြေသြဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း (MFSPEA) မှ ဓာတ်မြေသြဇာရည်ညွှန်းဈေးနှုန်းများသည် ၂၀၂၅ ခုနှစ် ပထမ ငါးလ (ဇန်နဝါရီမှ မေလ) အတွင်း တည်ငြိမ်နေကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

၂၀၂၅ ခုနှစ်၊ မေ အတွက် ရည်ညွှန်းစျေးနှုန်းများသည် ဇန်နဝါရီနှင့် ဧပြီတွင် သတ်မှတ်ထားသော နှုန်းထားများအတိုင်း ဆက်လက်တည်ရှိနေပါသည်။

ဧပြီလတွင် ပြည်ပဈေးကွက်များသို့ ဆန်တန်ချိန် ၁၄၀,၀၀၀ ကျော် တင်ပို့ခဲ့

မြန်မာနိုင်ငံသည် ဧပြီလတွင် ဆန်တန်ချိန် ၆၉,၀၀၀ ကျော်နှင့် ဆန်ကွဲတန်ချိန် ၇၃,၀၀၀ ပါဝင်သော ဆန်တန်ချိန်  ၁၄၀,၀၀၀ ကျော်ကို နိုင်ငံတကာဈေးကွက်သို့ ပင်လယ်ရေကြောင်းမှ တင်ပို့ခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ၏ အဆိုအရ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် (၂၀၂၄ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၂၅ ခုနှစ် မတ်လ ၁ ရက်နေ့အထိ) ဆန်နှင့် ဆန်ကွဲတင်ပို့မှု တန်ချိန် ၂ ဒသမ ၄၈ သန်းမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၂၉ ဘီလီယံကျော် ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) ထံမှ သိရသည်။

သဘာဝကပေး အစာနှင့်ဆေး ၊ ကြာဟင်း

Image
ကြံဟင်း

ငယ်ငယ်တုန်းက  အဖွားချက်ကျွေးနေကျ ရိုးရှင်းလှသည့် ဟင်းလေးတစ်မယ်...  ခြံစည်းရိုးဟင်းချိုလို့ အဖွားက တင်စားပြီးခေါ်သော အာဟာရအပြည့်ရှိသည့် ဟင်းချိုလေးတစ်ခွက်၊ ကြာဟင်းနွယ်ညွန့်နှင့်အတူ ကင်းပုံ၊ သပွတ်ညွန့်၊ ဒန့်သလွန်၊ ဆူးပုပ်တို့ခပ်ကာချက်ထားသော ဟင်းချိုရည် ပူပူချိုချိုမွှေးမွှေးလေး... ထမင်းဖြူပေါ်ဆမ်းပြီး ရှောက်ရည်ညှစ်ထားသော ငပိထောင်းစပ်စပ်နဲ့ မထိတထိလေး ရောနယ်၊ သခွားသီး တို့စရာလေးကိုက်၊  အ‌ကောင်လိုက်မီးဖုတ်ထားသော ငါးနှပ်‌ခြောက်နှင့် အလွန်ပင် ထမင်းမြိန်ခဲ့ရပါသော ထိုကာလ...

မန္တလေးဈေးကွက်

ဆန်

ရန်ကုန်ပေါ်ဆန်းမှာ အဝင်ပုံမှန် မြို့တွင်း စားသုံးမှု  ပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၁၁၅၀၀၀ကျပ်၊ ရွှေဘိုပေါ်ဆန်းမှာလည်း ရွှေဘိုဒေသတစ်ခု ထဲမှထွက်ရှိသဖြင့် အဝင်နည်းသော်လည်း ယခုအပတ်မိုးများသဖြင့် အရောင်းအဝယ်အေးခြင်းကြောင့် တစ်အိတ် ၁၃၅၀၀၀ ကျပ်ဖြင့် ဈေးငြိမ် နေသည်။    မနောသုခဆန်မှာ အဝင်နည်းပြီး မိုးစပါးစိုက်ရန်ပြင်ဆင်ချိန်ဖြစ်ခြင်း၊ မြို့တွင်းလူလတ်တန်း စားအများသုံးဆန်ဖြစ်ခြင်းကြောင့် တစ်အိတ် ၈၀၀၀၀ကျပ်မှ ၉၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။ ငစိန်ဆန်နှင့်ဇီယာဆန်မှာ ရန်ကုန်ဈေးကွက်မှ တစ်ဆင့်ဝင်ရောက်ပြီး ငစိန်ဆန်မှာ မုန့်လုပ်ငန်းသမား အဝယ်နည

ရန်ကုန်ဈေးကွက်

ဆန်

ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်းလမ်း) တွင် ထုတ်ပြန်ထားသည့် ဆန်ဈေးနှုန်းများအရ ရွှေဘိုပေါ်ဆန်းဆန်ဟောင်း အလတ်စတစ်တင်းခွဲတစ်အိတ်လျှင် ၁၄၈၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၄၅၀၀၀ကျပ်နှုန်းဖြင့်လည်းကောင်း၊ ရွှေဘိုပေါ်ဆန်း ဆန်သစ် အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၃၃၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၃၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဖျာပုံပေါ်ဆန်း အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ပေါ်ကျွဲဆန် အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၀၁၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၀၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဇီယာဆ