အိန္ဒိယတွင် ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ ပြောင်းလဲစိုက်ပျိုးမှုကြောင့် ဝါစိုက်ဧရိယာကျဆင်းဖွယ်ရှိ

USDA India Post ၏ ခန့်မှန်းချက်အရ ၂၀၂၅-၂၆ ရောင်းဝယ်ရေးနှစ်တွင် အိန္ဒိယနိုင်ငံ၏ ဝါစိုက်ဧက ဟက်တာ ၁၁ ဒသမ ၄ သန်းအထိ လျော့နည်းသွားမည်ဖြစ်ပြီး ၎င်းမှာ ပဲမျိုးစုံနှင့် ဟင်းသီး ဟင်းရွက်၊ ဆီထွက်သီးနှံများကဲ့သို့ အမြတ်အစွန်းပိုမိုရရှိသည့် သီးနှံများသို့ ပြောင်းလဲစိုက်ပျိုးခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။  

တောင်သူများ၏ အလင်းတံခါးများ

Image
ရေထိန်းတံခါး

ရေဘုံဘိုင်မှ ရေများ ပွင့်ကျနေသည်ကိုတွေ့လျင် ပြေး၍ ပိတ်ကြသည်ကို ကြုံဖူးကြမည်ဖြစ်သည်။ ရေများ အလဟဿ ဆုံးရှုံးနေသည်ကို နှမြော၍ ဖြစ်သည်။ ရေဘားများ မလုံ၍၊ ရေပိုက်များ မလုံ၍ ရေများ စိမ့်ထွက်ပေါက်ထွက်နေသည်ကိုတွေ့လျင်လည်း ပြုပြင်လေ့ရှိကြသည်။ အကြောင်းမှာ အသုံးပြုရမည့် ရေများ အသုံးမပြုလိုက်ရဘဲ ဆုံးရှုံးသွားမည်ကို နှမြောခြင်းနှင့် ရေလိုအပ်သည့်အချိန်တွင် အသုံးပြုရန် မရနိုင်တော့ခြင်းတို့ကြောင့်ဖြစ် သည်။ ယခုနမူနာပြသော ရေဆုံးရှုံးမှုသည် အနည်းငယ်မျှသော ဆုံးရှုံးမှုပင်ဖြစ်သည်။  ဧရာဝတီမြစ်သည် ပင်လယ်နှင့်ထိစပ်သော ဧရာဝတီ တိုင်းဒေသကြီးအတွက် ကြီးမားသော ရေချိုအရင်းအမြစ်ဖြစ်ပြီး ပင်လယ်တွင်

သဘာဝကပေး အစာနှင့်ဆေး ၊ စောင်းလျား

Image
စောင်းလျားသီး

ငယ်ငယ်စဥ်ကလေးဘဝက ကျောင်းမှအိမ်သို့အပြန်လမ်းရှိ ကြီးတော်အိမ်ရှေ့တွင်ရှိသော စောင်းလျားပင်ကြီး အောက်သို့ ပြေးဝင်ပြီး ပခုံးမှာလွယ်ထားသော စာအုပ်အပြည့်နှင့် လွယ်အိတ်ကြီးကို ချ၊  မြေကြီးပေါ် ကြွေကျနေသော စောင်းလျားသီးမှည့်လေးကို ကောက်၊ ကျောင်စိမ်းဂါဝန်အင်္ကျီလေးနှင့်သန့်ရှင်းရေးလုပ် ပြီး စားလိုက်တာပဲ။ ချဥ်ပြုံးပြုံးအရသာနှင့် အရည်ရွှမ်းသော စောင်းလျား သီးလေးစားမိလိုက်လျှင်ပင် အမောတွေပြေသွား၏။ ပြီးလျှင် အိမ်မှာ သုပ်စားဖို့ အသီးကြွေလေးတွေကို ကောက်၊ လွယ်အိတ်လွယ်ပြီး ကြီး တော်ကြီးကို အော်နှုတ်ဆက်ပြီး အိမ်ပြန်တော့တာ ...

မန္တလေးဈေးကွက်

ဆန်

ရန်ကုန်ပေါ်ဆန်းမှာ မြို့တွင်းစားသုံးမှု ပုံမှန်ရှိခြင်း၊ အဝင်နည်းခြင်းကြောင့် တစ်အိတ် ၁၁၀၀၀၀ကျပ်မှ ၁၂၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။ ရွှေဘိုပေါ်ဆန်းမှာ အဝင်ပုံမှန် စားသုံးမှုပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၁၃၅၀၀၀ ကျပ်ဖြင့် ဈေးတည် ငြိမ်နေသည်။

မနောသုခဆန်မှာ နွေစပါးစိုက်ထားဆဲဖြစ်ခြင်း၊ အဟောင်းလက်ကျန် နည်းသွားခြင်း၊ မြို့တွင်း သုံးပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၇၈၀၀၀ကျပ်မှ ၈၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

ရန်ကုန်ဈးကွက်

ဆန်

ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်းလမ်း)တွင် ထုတ်ပြန်ထားသော ဆန်ဈေးနှုန်းများအရ ရွှေဘိုပေါ်ဆန်း(အဟောင်း) အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၄၈၀၀၀ ကျပ်၊ အောက်စတစ်အိတ်လျှင် ၁၄၅၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း(အသစ်) အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၃၃၀၀၀ ကျပ်၊ အောက်စတစ်အိတ်လျှင် ၁၃၀၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်း (အဟောင်း) အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ်၊ ပေါ်ကျွဲဆန် (အဟောင်း) တစ်တင်းခွဲ တစ်အိတ်လျှင် ၁၀၁၀၀၀ ကျပ်၊ အောက်စတစ်အိတ်လျှင် ၁၀၀၀၀၀ ကျပ်၊ ဇီယာဆန်(အသစ်) အလတ်စ တစ်အိတ်လျှင် ၆၄၀၀၀ ကျပ်၊ အောက်စတစ်အိတ်လျှင် ၆၃၀၀၀ ကျပ်၊ ဧည့်မထ (၂၅ မှတ်) ဆန်ကြမ်း အလ

စိုက်ပျိုးမွေးမြူရေးပညာနှင့် နိုင်ငံတကာ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များ (အပိုင်း-၂၆) ၊ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များခေတ်နှင့်အညီလိုအပ်သောဘာသာရပ်နှင့်သုတေသနများ (၃)

Image
Wageningen University & Research, Netherland
(ဂ) မွေးမြူရေးသိပ္ပံဘာသာရပ်

ဤဘာသာရပ်သည်လည်း စာရေးသူတို့ တက္ကသိုလ်မရောက်မီ မန္တလေး စိုက်ပျိုးရေးကောလိပ်ဘဝကတည်းက သင်ကြားခဲ့သော ဘာသာရပ် ဖြစ်ပါသည်။ ဤမွေးမြူရေးသိပ္ပံဘာသာကို ၁၉၂၄ခုနှစ်ကတည်း က စိုက်ပျိုးရေးဘာသာရပ် (Agriculture) အောက်တွင်စတင်သင်ကြားခဲ့ပါသည်။ နောင်အခါ လယ်ယာသီးနှံ ဘာသာရပ် (Agronomy) အောက်တွင် ဘာသာရပ် အစိတ်အပိုင်းအနေနှင့် ရောက်ရှိသွားပြီးနောက် ၁၉၆၅ ခုနှစ်တွင် သီးသန့်ဌာန ခွဲထွက်သွားပါသည်။ ဆရာဦးထိန်လင်းကစတင်သင်ကြားခဲ့ပြီးနောက်ဒေါက်တာ လီယိုမန်ကျင်ဟော (B.Sc.