ရှေးထုံးလည်းမပယ်နှင့်၊ ဈေးသုံးလည်းမလွယ်နှင့်

Image
book

မြန်မာဘာသာစကားတွင်စကားပုံနှင့် ဆိုရိုးစကားဟူ၍ စကားရပ်နှစ်မျိုးရှိသည်။ စကားပုံသည် လူအများဆင်ခြင်မှတ်သားဖွယ်ဖြစ်အောင် စံပြု၊ ပုံခိုင်းအသုံးပြုလေ့ရှိသော ထိရောက်ကျစ်လျစ်သည့် စကားရပ်ဖြစ်သည်။ ဆိုရိုးစကားသည် အစဉ်အလာပြောဆိုခဲ့ကြသော 
မှတ်သားဖွယ်ရာစကားဖြစ်သည်ဟု မြန်မာအဘိဓာန်တွင် ဖွင့်ဆိုထားသည်။

ငါးမြစ်ချင်း စီးပွားဖြစ် အသားတိုးမွေးမြူခြင်း

Image
ငါးမြစ်ချင်း

ငါးမြစ်ချင်းသည် စီးပွားဖြစ် ငါးမွေးမြူရေးတွင် အသုံးများသော ရေချိုမွေးမြူ ရေးငါး ဖြစ်ပါသည်။အသီး အရွက်စား ငါးအမျိုးအစား ဖြစ်သော်လည်း အင်းဆက်ပိုးမွှားများ၏ သားလောင်းများကိုလည်း စားသုံးလေ့ရှိပြီး ရေလယ်လွှာတွင် အဓိကနေထိုင်သော ငါးအမျိုးအစားဖြစ်ပါသည်။ ကြီးထွားမှုကောင်းမွန်ကာ အလျှား ၂ပေခွဲခန့် (အလေးချိန် - ၆ ပိဿာ မှ ၉ ပိဿာ)အထိ ကြီးထွားနိုင်ပါသည်။ ရေအပူချိန် ၁ ဒီဂရီစင်တီဂရိတ်မှ ၄၀ ဒီဂရီစင်တီဂရိတ်ခန့်အထိ ကောင်းစွာ ခံနိုင်ရည်ရှိပါ သည်။ ၁၃ ဒီဂရီစင်တီဂရိတ်ခန့်တွင် ကြီးထွားနှုန်းအကောင်းဆုံးဖြစ်ပြီး အပူချိန် ၂၀ ဒီဂရီစင်တီဂရိတ် အထက်တွင်သာ သားပေါက်နိုင်ပါသည်။ရောဂါဒဏ်ခံနိုင်ရည်ရှိပ

အီကွေဒေါတွင် ငှက်ပျောဈေးနှုန်း မြင့်တက်မှုကြောင့် အိန္ဒိယငှက်ပျော ဝယ်လိုအား တိုးမြင့်လာ

အိန္ဒိယမှ ငှက်ပျောသီးတင်ပို့မှု သည် ပြန်လည်ကောင်းမွန်လာမည့် လက္ခဏာများ ပြသနေကြောင်း ကုန်စိမ်း ထုတ်ကုန်တင်ပို့သူ Faina Universal Co မှ Amir Karimi က ပြောကြားသည်။အများဆုံးပမာဏထိ မရောက်သေးသော်လည်း ဂျော်ဒန်နိုင်ငံအပါအဝင် အရှေ့အလယ် ပိုင်းဒေသသို့ ဆက်လက်တင်ပို့နေသော ပို့ကုန်ပမာဏမှာ တည်ငြိမ်နေဆဲပါပဲဟု Karimi ကဆိုသည်။ Karimi သည် လက်ရှိတွင် အီကွေဒေါနှင့် ဖိလစ်ပိုင်ငှက်ပျောသီးများ ကြီးစိုးထားသည့် အိမ်နီးချင်း ဈေး ကွက်အသစ်များသို့ တိုးချဲ့ရန် ဆောင်ရွက်နေပါသည်။

အင်ဒိုနီးရှား၏ နိုင်ငံစီးပွားရေးတွင် မွေးမြူရေးကဏ္ဍ ပိုမိုခိုင်မာလျက်ရှိ

မွေးမြူရေးကဏ္ဍခွဲသည် အင်ဒိုနီးရှားနိုင်ငံ၏စီးပွားရေးတွင် အရေးပါသောအခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်ခဲ့ပြီး၂၀၂၄ ခုနှစ် ပြည်တွင်းစုစုပေါင်းထုတ်လုပ်မှုတန်ဖိုး (GDP) အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၃ ဘီလီယံတွင် စိုက်ပျိုးရေးကဏ္ဍမှ စုစု ပေါင်း GDP ၏ ၁၂ ဒသမ ၅၄ ရာခိုင်နှုန်း ပါဝင်သည်။ ဥထုတ်လုပ်မှုသည် အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၇ ဘီလီယံဖြင့် ထိပ်ဆုံးနေရာတွင်ရှိပြီး၊ ကြက်သားသည် ၈ ဒသမ ၈ ဘီလီယံ၊ အမဲသား ၄ ဒသမ ၇ ဘီလီယံ၊ နို့သစ် ၁ ဒသမ ၂ ဘီလီယံ အသီးသီး ဖြစ်ကြသည်။

ကုန်လက်ကျန် တည်ငြိမ်မှုအရ ၂၀၂၆ တွင် ဂျပန်သို့ ဝက်သားတင်သွင်းမှု မြင့်တက်လာနိုင်

USDA GAIN အစီရင်ခံစာအရ (FAS/Tokyo) ဂျပန်၏ ဝက်သားသွင်းကုန် ပမာဏသည် ၂၀၂၆ ခုနှစ်တွင် ပြန်လည်တိုးတက်လာမည်ဟု ခန့်မှန်းထားသည်။ ပြည်တွင်းသိုလှောင်ကုန်လက်ကျန် ပမာဏများ ပြန်လည်ပုံမှန်ဖြစ်လာခြင်းကြောင့် ဖြစ်သည်။ ၂၀၂၄ ခုနှစ်ကုန်ပိုင်း ဘရာဇီး၏ စံချိန်တင် တင်ပို့မှုကြောင့် အေးခဲထားသော ကုန်စည်များကို စားသုံးခဲ့ခြင်းကြောင့် ၂၀၂၅ ခုနှစ်အလယ်ပိုင်းတွင် ဝက်သားသွင်းကုန်အရေအတွက် ကျဆင်းခဲ့သည်။ လက်ရှိ ပြည်တွင်းထုတ်လုပ်မှုသည် ဖွဲ့စည်းမှုအကန့်အသတ်များနှင့် ရင်ဆိုင်နေရပြီး၊ ဈေးနှုန်းများ ဆက်လက်မြင့်မားနေမည်ဟု ခန့်မှန်းထားသဖြင့် တည်ငြိမ်သောသွင်းကုန်များသည် ဝယ်လိုအားကို ဖြည့်ဆည်းရန်အတွက် အဓိ

ဆီစက်လုပ်ငန်းရှင်များအား ဆီကြိတ်ဖတ် ဈေးနှုန်းများ မြင့်တက်ခြင်းမပြုရန် တိုက်တွန်း

မြန်မာနိုင်ငံ စားသုံးဆီစက်လုပ်ငန်း ရှင်များအသင်းမှ ဆီစက်လုပ်ငန်းရှင်များအနေဖြင့် ဆီကြိတ်ဖတ်ဈေးနှုန်းများ မြင့်တက်စေရန် ရည်ရွယ်၍ သိုလှောင်ခြင်းမပြုရန် တောင်းဆိုထား သည်။

စက်တင်ဘာ ၁၈ ရက်စွဲဖြင့် မြန်မာနိုင်ငံစားသုံးဆီစက်လုပ်ငန်းရှင်များ အသင်း၏ ထုတ်ပြန်ချက်အရ ပဲ၊ နှမ်း၊ နေကြာ၊ ဆီမုန်ညင်း၊ ပန်းနှမ်းနှင့် ပဲပုပ် တို့မှဆီထုတ်ယူပြီးနောက် ရရှိသော ကြိတ်ဖတ်များသည် မွေးမြူရေးကဏ္ဍအတွက် တိရစ္ဆာန်အစာများ ပြုလုပ်ရာတွင် အဓိက ပါဝင်ပစ္စည်းများဖြစ်သည်။