စိုက်ပျိုးမွေးမြူရေးပညာနှင့် နိုင်ငံတကာ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များ (အပိုင်း-၃၈)

Image
scholarship

ယခင်အပတ်မှ အဆက်

ထူးချွန်ကျောင်းသား/သူများ အတွက် ပညာသင်ဆု (Scholarshipsfor Agriculture)

ထပ်မံပြီး စာရေးသူကြုံတွေ့ခဲ့ရသော နိုင်ငံတကာစိုက်ပျိုးမွေးမြူ ရေးတက္ကသိုလ်များရှိ ထူးချွန်သော၊ အလွန်တော်သောကျောင်းသား/သူများ (Scholarships/Top students) ရွေးချယ်ခြင်း စနစ်များကို ဆွေးနွေးပါမည်။

အမေရိကန်မှ အသား တင်ပို့မှုအတွက် အရှေ့တောင်အာရှနိုင်ငံများနှင့် သဘောတူညီချက်အသစ်များ ရရှိ

အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးသည် မလေးရှားနှင့် ကမ္ဘောဒီးယားတို့နှင့် ကုန်သွယ်ရေး သဘောတူညီမှုအသစ်များကို ကြေညာခဲ့ပြီး ထိုင်းနှင့် ဗီယက်နမ်တို့နှင့် မူဘောင်သဘောတူညီမှုများကိုလည်း ထပ်မံဖော်ပြခဲ့သည်။ ၎င်းသည် အမေရိကန်ဝက်သားနှင့်အမဲ သား ထုတ်ကုန်များကို အရှေ့တောင်အာရှသို့ တင်ပို့မှု တိုးမြှင့်ရန် ရည်ရွယ် သည်။

“သမ္မတ ထရမ့်သည် အမေရိကန်ကုန်ပစ္စည်းများအတွက် အခွန်နှုန်းများကို လျှော့ချရန်နှင့် ကုန်သွယ်ရေးအတားအဆီးများကို ဖယ်ရှားရန် ကုန်သွယ်ရေးသဘောတူညီမှုများကို ဆက်လက်ရယူနေသည်” ဟု USTR သံအမတ် Jamieson Greer က ပြောကြားသည်။

မြန်မာ့ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အချက်အလက်များလေ့လာခြင်း - အပိုင်း ၁၊ မြန်မာ့မွေးမြူရေးကဏ္ဍ ထုတ်လုပ်နိုင်စွမ်းမြှင့်တင်ရန်နှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း တိုးမြှင့်တည်ဆောက်ရန် အချိန်ရောက်ပြီ

Image
ani

နယ်စပ်ဖြတ်ကျော်ရောဂါများ (ခွာနာလျှာနာ-FMD၊ အရေပြားအကြိတ်နာ-LSD၊ ကြက်ငှက်တုပ်ကွေး-AI၊ အာဖရိကဝက်အပြင်းဖျား -ASF) ဆိုင်ရာ ကြီးကြပ်ကွပ်ကဲခြင်းထိုင်းနိုင်ငံအတွင်း ကျယ်ပြန့်စွာစူးစမ်းထောက်လှမ်းခြင်း၊ စနစ် တကျ အစီရင်ခံခြင်းနှင့် ကာကွယ်မှု အစီအမံများ အားကောင်းစွာ ဆောင်ရွက်နိုင်ပါသည်။ မြန်မာ နိုင်ငံတွင် ရောဂါစူးစမ်းထောက်လှမ်းခြင်း၊ အစီရင်ခံခြင်း၊ ကာကွယ်မှုအစီအမံများ ဆောင်ရွက်သော်လည်း  ပူးပေါင်းဆောင်ရွက်မှုနှင့် ကျယ် ပြန့်စွာ ဆောင်ရွက်နိုင်မှု အားနည်းပါသည်။  

ဂျပန်နိုင်ငံတွင် အသစ်ရိတ်သိမ်းထားသည့် ဆန်ဈေးနှုန်းများ စံချိန်တင် မြင့်တက်လျက်ရှိ

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ၌ ဂျပန်နိုင်ငံတွင် အသစ်ရိတ်သိမ်းထားသည့် ဆန်ဈေးနှုန်းများ မှာ ယခင်နှစ်အလားတူကာလနှင့်နှိုင်း ယှဉ်ပါက ၆၃ ရာခိုင်နှုန်းအထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း ဂျပန် စိုက် ပျိုးရေးဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်း ၂၂-၁၀-၂၀၂၅ ရက်နေ့ထုတ် The Asahi Shimbun သတင်းစာတွင် “Trading price for newly harvested rice reaches record high” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့သည်။ 

ရာသီပွဲတော်ကာလများအတွင်း ဝယ်လိုအားမြင့်မားမှုကြောင့် အာလူးစျေးကွက် မြင့်တက်လျက်ရှိ

နောင်တရား အာလူးအသင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ ရာသီအစနှင့် ပွဲတော်ကာလများအတွင်း ဝယ်လိုအား မြင့်မားနေသောကြောင့် အာလူးဈေးကွက် လက်ရှိတွင် အထူးမြင့်တက်လျက်ရှိကြောင်း သိရသည်။

အာလူးစိုက်ပျိုးသူများသည် ဤပွဲတော်ကာလအတွင်း (ကထိန် သင်္ကန်းကပ်လှူပွဲ အပါအဝင်) အာလူးဝယ်လိုအား တဖြည်းဖြည်း တိုးတက်လာပြီး ဈေးနှုန်းနှင့် ဈေး ကွက်အခြေအနေ ကောင်းမွန်နေကြောင်း ဖော်ပြကြသည်။