၂၀၂၄ ခုနှစ် ပထမ ၉ လတာကာလအတွင်း ရုရှားနှင့် ထိုင်းနိုင်ငံတို့အကြား ကုန်သွယ်မှု ပမာဏသည် အမေရိကန်ဒေါ်လာ ၁ ဒသမ၂ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း ထိုင်း-ရုရှား စီးပွားရေး ကောင်စီနှင့် ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ Mr. Kriengkrai Thiennukul က ပြောကြားခဲ့သည်။
ရုရှားနိုင်ငံမှ ဆန်နှင့် ဆန်စပါးများ တင်ပို့မှုတားမြစ်ချက်ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ ၆ လ ထပ်မံ သက်တမ်းတိုးရန် ရုရှားစိုက်ပျိုးရေးဝန်ကြီးဌာနက အစိုးရထံ အဆိုပြုထားကြောင်း ၎င်းသက်ဆိုင်ရာဥပဒေမူကြမ်းကို အစိုး ရ၏တရားဝင် Website ပေါ်တွင် ဖော်ပြထားသည်။
အဆိုပါတားမြစ်ချက်သည် နိုင်ငံ၏စားနပ်ရိက္ခာဖူလုံမှုရရှိစေရန်၊ ပြည်တွင်းဈေးကွက်တွင် ဆန်စပါးပြတ်လပ်မှုအန္တရာယ်ကို ရှောင်ရှားရန်နှင့် စားသုံးသူများအတွက် ကုန် ဈေးနှုန်းတည်ငြိမ်စေရန် ရည်ရွယ်ခြင်းဖြစ်သည်။