ယခုနှစ်တွင် ကိုရီးယားမျိုး ကန်စွန်းဥကို လူကြိုက်များလာကြောင်း တွေ့ရှိရ

ရီးယားကန်စွန်းဥ (ကန်စွန်းဥဖြူ) သည် ပြည်တွင်းဈေးကွက်တွင် မကြာသေးမီက လူကြိုက်များခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးမှ မှာယူမှုအများဆုံးဖြစ်သည်ကို တောင်ကြီးမြို့နယ်၏ ကုန်သည်များထံမှ သိရှိရပါသည်။

ဟိုပုန်းဒေသတွင် အဓိက စိုက်ပျိုးကြသည့် ၎င်းကိုရီးယားမျိုးစိတ် ကန်စွန်းဥမျိုးများသည် အဝါရောင်ကန်စွန်းဥနှင့် ခရမ်းရောင်ကန်စွန်းဥများထက် ပို၍ နူးညံ့ပါသည်။

နှစ်သစ်နှုတ်ခွန်းဆက်

မင်္ဂလာရှိသော နှစ်သစ် ၂၀၂၅ ခုနှစ်တွင် ကိုယ်စိတ်နှလုံး ရွှင်လမ်းချမ်းမြေ့ကြပါစေကြောင်း ဦးစွာ ဆုမွန်တောင်းအပ်ပါသည်။

၂၀၂၄ နှစ်ဦး ဇန်နဝါရီ ၁ ရက်နေ့မှ စတင်ခဲ့သည့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ဒစ်ဂျစ်တယ်စာစောင်ဖြစ်သည့် The Agribiz News မှာ တစ်နှစ်တာခရီးကို ကောင်းမွန်စွာ ကျော်ဖြတ်ခဲ့ပြီးဖြစ်ပါသည်။

ဈေးကွက်တွင်ကျယ်လာသည့် စားတော်ပဲ (သို့မဟုတ်) ပဲစိမ်းသီး

Image
စားတော်ပဲ

ယခင် မြန်မာမင်းများလက်ထက်ကတည်းက စား၍အလွန်ကောင်းကာ နူးညံ့လှသည့် အဆင့်မြင့် ပဲတစ်မျိုးကို ဘုရင်များစားသုံးတော်မူကြ၍ စားတော်ပဲဟုခေါ်ခဲ့ပါသည်။ ယခုအခါ အရည်အသွေးမီ ဟင်းသီးဟင်းရွက်အဖြင့် အသုံးပြုလာကြ၍ ပဲစိမ်းသီး  (ခေါ်) Green Pea ကို အဆင့်မြင့်စားသောက်ဆိုင်ကြီးများတွင် ဟင်းသီးဟင်းရွက်အဖြစ် အသုံးပြုမှု တွင်ကျယ်လာပါသည်။ ပဲစိမ်းသီးပင်၏ ရုက္ခဗေဒအမည်မှာ Pisum Sativum ဟုခေါ်ပါသည်။ အင်္ဂလိပ်အမည်မှာ Green Pea၊ English Pea၊ Sweet Pea ဟုခေါ်ပါသည်။ မြန်မာအမည်ဖြင့် စားတော်ပဲဟုခေါ်ပါသည်။ စားတော်ပဲ (ခေါ်) ပဲစိမ်းသီးကို နေရာဒေသတိုင်းတွင် စိုက်ပျိုး၍ မရပါ။ ပဲစိမ်းသီးသည် အေးမြသော ရာသီဥတု

ထုတ်လုပ်မှုကျဆင်းမှုကြောင့် အိန္ဒိယ လက်ဖက်ဈေး ၁၈ ရာခိုင်နှုန်း မြင့်တက်

အိန္ဒိယ လက်ဖက်သည် ဇန်နဝါရီမှ အောက်တိုဘာလအတွင်း ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ထုတ်လုပ် မှုပမာဏမှာ ၁၁၁၂ ဒသမ ၁၁ သန်း ကီလိုဂရမ်သာရှိသဖြင့်  ၆၆ ဒသမ ၃၉ သန်း ကီလို ဂရမ်လျော့နည်းသွားသကဲ့သို့ ဈေးနှုန်းမှာလည်း ၁၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရသည်။

ဗီယက်နမ်၏ လယ်ယာထွက်ကုန်တင်ပို့မှုများ စံချိန်တင်သည့် ထူးခြားသော နှစ်တစ်နှစ်ဖြစ်ခဲ့

ဗီယက်နမ်နိုင်ငံ၏ လယ်ယာထွက် ကုန်တင်ပို့မှုသည် ယခုနှစ်တွင် ဝင်ငွေဒေါ်လာ ၆၀-၆၁ ဘီလီယံအထိ ရှိလာကာ ၂၀၂၃ ခုနှစ်နှင့်နှိုင်းယှဉ်ပါက မကြုံစဖူး မှတ်တိုင်တစ်ခုအဖြစ် အောင်မြင်မှု လမ်းကြောင်းပေါ်တွင် ရှိနေကြောင်း သိရသည်။

အနောက်ဘင်္ဂလားပြည်နယ်တွင် ယခုနှစ် အာလူးစိုက်ဧရိယာ ယခင်နှစ်ကထက် တိုးမြင့် လာဖွယ်ရှိ

အနောက်ဘင်္ဂလားပြည်နယ်တွင် ယခုနှစ် အာလူးစိုက်ပျိုးမြေဧရိယာသည် ယခင်နှစ်ကထက် တိုးမြင့်လာဖွယ်ရှိကြောင်းနှင့် နောင်လာမည့် ၁၀ ရက်အတွင်း အာလူးမျိုးချစိုက် ပျိုးခြင်း လုပ်ငန်းစဉ်များ ပြီးဆုံးမည်ဖြစ်ကြောင်း The Hindu Busi-nessline သတင်းဌာနက ယခုလ ၁၁ ရက်က ဖော် ပြသည်။

ပြည်နယ်တွင် အာလူးကို တစ်နိုင်ငံ လုံး၌ ဒုတိယအများဆုံးထုတ်လုပ်ပြီး၊ တောင်သူများ အနေဖြင့် ယခုနှစ်တွင် ဈေးကောင်းများရရှိခဲ့သည့်အတွက် စိုက်ဧကများထပ်မံ တိုးချဲ့စိုက်ပျိုးသွားဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။