မန္တလေးဈေးကွက်

ဆန်
ရန်ကုန်ပေါ်ဆန်းမှာ အသစ်ဝင်ရောက်မှု ရှိခြင်း၊ အဝင်များခြင်း၊ မြို့တွင်းစားသုံးရန်ဝယ်ယူမှုနည်းခြင်းကြောင့် တစ်အိတ် ၁၁၀၀၀၀ ကျပ်သို့ ဈေးမသိမသာနိမ့်နေပြီး ရွှေဘိုပေါ်ဆန်းမှာ ရွှေဘိုဒေသတစ်ခုထဲမှထွက်ရှိပြီး မြို့တွင်းသုံးဝယ်ယူမှုများခြင်းကြောင့် တစ်အိတ် ၁၂၅၀၀၀ ကျပ်မှ ၁၃၅၀၀၀ ကျပ်သို့ ဈေးမသိမသာမြင့်သွားသည်။ မနောသုခဆန်မှာ အသစ်အဝင်များလာခြင်း၊ အဟောင်းလက်ကျန်နည်းသွားခြင်းကြောင့် တစ်အိတ် ၇၆၀၀၀ ကျပ်မှ ၇၈၀၀၀ ကျပ်သို့ ဈေးမသိမသာမြင့်သွားသည်။ ငစိန်ဆန်နှင့်ဇီယာဆန်တို့အနက် ငစိန်ဆန်မှာ အဝင်များလာခြင်း၊ လုပ်ငန်းသမားအဝယ် နည်းခြင်းတို့ကြောင့် တစ်အိတ် ၇၂၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ဇီယာဆန်မှာ ပြည်ပတင်ပို့သော ဆန်ဖြစ်၍ ပင်ရင်းဈေးမြင့်ခြင်း၊ မန္တလေးဝန်းကျင်မြို့များမှ ဝယ်ယူမှုရှိခြင်းကြောင့် အသစ်ဝင်ရောက်မှု များသော်လည်း တစ်အိတ် ၈၅၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ဧရာမင်းဆန်မှာ အသစ်အဝင်နည်းသွားခြင်း၊ မြို့တွင်းစားသုံးမှုများခြင်းကြောင့် တစ်အိတ် ၁၃၀၀၀၀ ကျပ်မှ ၁၃၅၀၀၀ ကျပ်သို့ ဈေးမသိမသာမြင့်သွားသည်။
ဆီထွက်သီးနှံ
မြေပဲ (လုံးဆန်/ဆီဆန်) ဈေးနှုန်းမှာ ဆောင်းမြေပဲအဝင်နည်းခြင်း၊ မိုးပဲစိုက်ရန် ပြင်ဆင်စအချိန်ဖြစ်ခြင်း လုပ်ငန်းသမား၊ ဆီစက်သမားအဝယ်ပုံမှန်ရှိခြင်းကြောင့် ကျွန်းမြေပဲ ၁၀၀ပိဿာ ၉၃၀၀၀၀ကျပ်၊ မြင်းမူဆံ ၉၅၀၀၀၀ကျပ်ဖြင့် ဈေးငြိမ်နေပြီး မြေပဲဆီဆံမှာ ဆီစက်သမား အဝယ်များပြီး အဝင်နည်း ခြင်းကြောင့် ၁၀၀ပိဿာ ၈၂၀၀၀၀ကျပ်မှ ၈၈၀၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။ နှမ်းမျိုးစုံဈေးနှုန်းအနေဖြင့် ဆောင်းနှမ်းလက်ကျန်နည်းခြင်း၊ နွေနှမ်းမဝင်သေးခြင်းကြောင့် တရုတ်ဝယ်လက်နည်းသော်လည်း အခွံချွတ်သမား၊ လုပ်ငန်းသမားအဝယ်ပုံမှန်ရှိခြင်းကြောင့် နှမ်းဖြူ ၄၅ ပိဿာ ၃၂၅၀၀၀ ကျပ်မှ ၃၅၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားပြီး နှမ်းညိုမှာ ဆီစက်သမားအဝယ်နည်းခြင်းကြောင့် ၃၁၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ နှမ်းနက်မှာ လက်ကျန်နည်းသော်လည်း အဝေးတင်ပို့ရမှုနည်းခြင်းကြောင့် ၄၅ ပိဿာ ၅၆၀၀၀၀ကျပ်ဖြင့် ဈေးငြိမ်နေသည်။ပန်းနှမ်းဈေးနှုန်းမှာ အသစ်ဝင်ရောက်သော်လည်း အဝင်နည်းခြင်း၊ ရောဆီအတွက် ဆီစက်သမား အဝယ်ရှိခြင်းကြောင့် ၄၅ပိဿာ ၂၅၀၀၀၀ကျပ်ဖြင့် ဈေးငြိမ်နေသည်။ နေကြာမှာလည်း ဆောင်းနေကြာ အဝင်နည်းခြင်း၊ ဆီစက်သမားအဝယ်နည်းခြင်းကြောင့် ၂၇ပိဿာ ၁၈၅၀၀၀ကျပ် အမြင့်ဈေးဖြင့် ဈေးတည်ငြိမ်နေသည်။
စားဖိုဆောင်သီးနှံ
မန္တလေးကိုင်းတန်းဈေးတွင် မြစ်သားကြက်သွန်နီ တစ်မျိုး တည်းသာဝင်ရောက်ပြီး ဝင်ရောက်မှုများခြင်း၊ နယ်ဝေးတင်ပို့ရမှုနည်းခြင်းကြောင့် ကြီးတစ်ပိဿာ ၂၀၀၀ကျပ်၊ လတ်တစ်ပိဿာ ၁၈၀၀ ကျပ်၊ သေးတစ်ပိဿာ ၁၆၀၀ ကျပ်ဖြင့် မြို့တွင်းစားသုံးမှုသာ များနေသည်။ ကြက်သွန်ဖြူ(တရုတ်)မှာ အဝင်ပုံမှန်၊ မြို့တွင်းသုံးပုံမှန်ရှိခြင်းကြောင့် တစ်ပိဿာ ၁၂၅၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ကြက်သွန်ဖြူ(မြန်မာ) များ ရွှေဘိုဘက်မှဝင်ရောက်မှုများ လာခြင်းကြောင့် အရည်အသွေးပေါ်မူတည်၍ အကောင်းဆုံးတစ်ပိဿာ ၁၀၀၀၀ကျပ်မှ အညံ့ဆုံး ၅၀၀၀ ကျပ်ထိ အရည်အသွေးပေါ်မူတည်၍ ရောင်းချနေသည်။ ကြက်သွန်ဖြူ(ရှမ်း)များလည်း ဝင်ရောက်မှုများလာပြီး အရည်အသွေးပေါ်မူတည်၍ အကောင်းဆုံး ၈၀၀၀ကျပ်မှ အညံ့ဆုံး ၅၀၀၀ ကျပ်ဖြင့် မြို့တွင်းလက်လီဆိုင်များ ဝယ်ယူမှုများသည်။ အာလူးဈေးနှုန်းအနေဖြင့် ပခုက္ကူ၊ ပြင်ဦးလွင်တို့မှ ဝင်ရောက်မှုမရှိတော့ဘဲ၊ အောင်ပန်းအာလူး တစ်ပိဿာ ၄၀၀၀ကျပ်၊ ဘန့်ဘွေးအာလူးတစ်ပိဿာ ၃၅၀၀ကျပ်ဖြင့် မြို့တွင်းစားသုံးမှု အာလူးကြော်သမားများ ဝယ်ယူမှုသာရှိသည်။ချင်းဈေးနှုန်း မှာ အရည်အသွေးညံ့သွားခြင်း၊ မြို့တွင်းစားသုံးမှုသာရှိခြင်း၊ နယ်ဝေးတင်ပို့ရမှု မရှိခြင်းကြောင့် တစ်ပိဿာ ၃၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ပဲမျိုးစုံ
မတ်ပဲဈေးနှုန်းမှာ အညာပဲ ၃တင်းတစ်အိတ် ၂၈၂၀၀၀ ကျပ်မှ ၂၈၆၀၀၀ ကျပ်သို့ ဈေးမြင့်သွားပြီး ကျောက်ရစ်ပဲမှာ အရည်အသွေး ကောင်းပြီး အဝင်နည်းသွားခြင်းကြောင့် ရန်ကုန်ဝယ်လက်နည်းသော်လည်း ပဲခွဲစက်များ အဝယ်ပုံမှန်ရှိခြင်း တို့ကြောင့် ၃တင်းတစ်အိတ် ၂၈၂၀၀၀ ကျပ်မှ ၂၈၄၀၀၀ ကျပ်သို့ ဈေးမသိမသာ မြင့်သွားသည်။ပဲတီစိမ်း(အညာ)မှာ ဆောင်းပဲလက်ကျန်နည်းခြင်း၊ မိုးပဲအတွက် ပြင်ဆင်ချိန်ဖြစ်ခြင်း၊ ပဲခွဲစက်နှင့် အဝေးတင်သမားအဝယ်ရှိခြင်းတို့ကြောင့် အရည်အသွေးပေါ်မူတည်၍ ဈေးကွာခြားရာ အရည်အသွေး အကောင်းဆုံး ၃တင်းတစ်အိတ် ၃၀၀၀၀၀ ကျပ်မှ ၃၅၀၀၀၀ ကျပ်သို့ ဈေးမြင့် သွားသည်။ပဲစဉ်းငုံ(ဖြူ/နီ)တို့မှာ အဝင်နည်းခြင်း၊ လက်ကျန်နည်းခြင်း ရှိသော်လည်း ရန်ကုန်ဝယ်လက် နည်းခြင်း၊ ပဲခွဲစက်များအဝယ်နည်းခြင်းကြောင့် အရောင်းအဝယ်အေးပြီး ပဲစဉ်းငုံ(နီ) ၃တင်းတစ်အိတ် ၂၇၅၀၀၀ကျပ်၊ ပဲစဉ်းငုံ(ဖြူ) ၂၇၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ပဲပုတ်(မြန်မာ)မှာ အဝင်နည်း၊ ပစ္စည်းကောင်းရှားခြင်း၊ လုပ်ငန်းသမားအဝယ်ပုံမှန် ရှိခြင်းကြောင့် ၃တင်းတစ်အိတ် ၃၈၅၀၀၀ကျပ်မှ ၄၅၀၀၀၀ကျပ်သို့ ဈေးမြင့်သွားပြီး ပဲပုတ်(ရှမ်း)မှာ အသစ်ဝင်ရောက်မှု ရှိခြင်း၊ ဆီစက်သမားအဝယ်နည်းခြင်းကြောင့် ၃တင်းတစ်အိတ် ၃၃၀၀၀၀ကျပ်မှ ၃၁၀၀၀၀ကျပ်သို့ ဈေးမသိမသာ နိမ့်သွာသည်။ကုလားပဲမှာ ပဲခွဲစက်နှင့် လုပ်ငန်းသမားအဝယ်များခြင်းကြောင့် အသစ်ဝင်ရောက်မှုရှိသော်လည်း ၃တင်းတစ်အိတ် ၂၃၁၀၀၀ ကျပ်မှ ၂၄၀၀၀၀ကျပ်သို့ ဈေးမြင့်သွားပြီး ကုလားပဲ(လုံးဝါကြီး)မှာ လည်း အသစ်ဝင်ရောက်မှုရှိခြင်း ပဲခွဲစက်များအဝယ်ပုံမှန်ရှိခြင်းကြောင့် ယခင်လ ၃တင်းတစ်အိတ် ၂၁၂၀၀၀ ကျပ်မှ ၂၂၀၀၀၀ကျပ်သို့ ဈေးမြင့်သွားပြီး၊ ခွဲခြမ်းမှာလည်း လုံးဝါကြီးဈေးမြင့်သဖြင့် တစ်ပိဿာ ၅၆၀၀ကျပ်မှ ၅၇၀၀ကျပ်သို့ ဈေးမြင့်သွားသည်။ ပဲယင်း၊ မြေတောက်ပဲ၊ စားတော်ပဲ(ကျွန်း)တို့မှာလည်း အသစ်အဝင် နည်းခြင်း လက်လီသမား၊ လုပ်ငန်းသမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ပဲယင်း ၃တင်းတစ်အိတ် ၂၀၀၀၀၀ကျပ်မှ ၂၀၅၀၀၀ကျပ်၊ မြေတောက်ပဲ အရည်အသွေးအကောင်းဆုံး ၃တင်းတစ်အိတ် ၂၉၀၀၀၀ကျပ် မှ ၃၀၅၀၀၀ကျပ် သို့လည်းကောင်း၊ စားတော်ပဲ(ကျွန်း) ၃၇၅၀၀၀ကျပ်မှ ၄၅၀၀၀၀ကျပ်သို့ ဈေးအသီးသီးမြင့်သွားသည်။ ပဲကြီး(ကြီး/သေး)၊ ထောပတ် ပဲ(ကြီး/သေး)တို့အနက် ပဲကြီး(ကြီး)နှင့် ထောပတ်ပဲ(ကြီး)တို့မှာ အဝေး တင်ပို့ရမှုနည်းခြင်း၊ အရောင်းအဝယ်အေးခြင်းကြောင့် ၃တင်းတစ်အိတ် ပဲကြီး (ကြီး) ၂၇၅၀၀၀ကျပ်၊ ထောပတ်ပဲ (ကြီး) ၃၂၀၀၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ပဲကြီး(သေး)၊ ထောပတ်ပဲ(သေး)တို့မှာ လက်လီသမားအဝယ်ပုံမှန်ရှိခြင်းကြောင့် ပဲကြီဲး(သေး) ၃တင်းတစ်အိတ် ၂၁၀၀၀၀ကျပ်မှ ၂၃၀၀၀၀ကျပ်သို့ လည်းကောင်း ထောပတ်ပဲ(သေး) ၂၆၀၀၀၀ကျပ်မှ ၂၇၅၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။
ဟင်းသီး/ရွက်နှင့် သစ်သီးဝလံ
ချောင်းဦးဘက်မှ ဖရဲသီး ၃ပိဿာဝင်တစ်လုံး ၆၀၀၀ကျပ်၊ သခွားမွှေး၊ ပိုက်သခွားတစ်လုံး အရည်အသွေးပေါ်မူတည်၍ ၂၀၀၀မှ ၅၀၀၀ကျပ်၊ ညောင်ပင်ဝန်း၊ ဆားတောင်၊ တံတားဦးမှ သင်္ဘောသီး ၂လုံးထုပ်တစ်ထုပ် ၂၅၀၀ကျပ်၊ ရောင်းဝယ်နေသည်။ ရမည်းသင်းစပျစ်သီးများ အဝင်များလာပြီး စပျစ်သီး(ညို) တစ်ပိဿာ ၇၀၀၀ကျပ်၊ အချွန်း ၈၅၀၀ကျပ်မှ ၁၃၀၀၀ကျပ်၊ အာဂျီတစ်ပိဿာ ၉၀၀၀ကျပ်၊ အော်ဂင်လိမ္မော် ၁၂ပိဿာတစ်ခြင်း ၁၅၀၀၀၀ ကျပ် ဈေးဖြင့် ရောင်းဝယ်နေသည်။ စိန်တစ်လုံးသရက်များ လှိုင်လှိုင် ဝင်ရောက်ပြီး အရည်အသွေးပေါ်မူတည်၍ တစ်လုံး ၅၀၀ကျပ်မှ ၇၀၀ကျပ်ထိ ဈေးအမျိုးမျိုးဖြင့် ရောင်းဝယ် နေသည်။ သစ်သီးမျိုးစုံကို ရွှေဘို၊ ရေဦး၊ ဗန်မော်၊ ပြင်ဦးလွင်၊ ပွင့်ဖြူ၊ အောင်လံ၊ ပြည် စသော အမှာရှိသောမြို့များသို့ တင်ပို့မှုရှိသည်။ဟင်းသီး/ရွက်ဈေးနှုန်းများအနေဖြင့် မုံရွာ၊ ချောင်းဦးမှ ငရုတ်စို(ရှည်)တစ်ပိဿာ ၃၀၀၀ကျပ်၊ ငရုတ်စို(လတ်) တစ်ပိဿာ ၄၀၀၀ကျပ်ဖြင့် မြို့တွင်းလက်ဖက် ငပိထောင်းသမား ဝယ်ယူမှုသာ ရှိသည်။ မုံရွာ၊ ညောင်ပင်ဝန်းမှ တရုတ်(တိုင်ပေ)ခရမ်းချဉ်များ အဝင်များပြီး မြို့တွင်းသုံးသာရှိသဖြင့် တစ်ပိဿာ ၁၀၀၀မှ ၁၅၀၀ကျပ် ဈေးသာရှိသည်။ ဂေါ်ဖီတစ်ထုပ် ၈၀၀ကျပ်မှ ၁၀၀၀ကျပ်၊ ပန်းမုံလာ တစ်ပွင့် ၈၀၀ကျပ်၊ ဂေါ်ရခါးသီးတစ်လုံး ၁၀၀မှ ၁၅၀
ကျပ်ဈေးဖြင့် စားသောက်ဆိုင်များ ဝယ်ယူမှုများနေသည်။
ဂျုံနှင့် အစေ့ထုတ်ပြောင်း
ဂျုံ အသစ်များ စတင်ဝင်ရောက်မှုရှိခြင်း၊ အဝင်နည်းသေးခြင်း၊ ဂျုံစက်များနှင့် လုပ်ငန်းသမားအဝယ်ပုံမှန် ရှိခြင်းကြောင့် ငါန်ဇွန်း၊ မြို့သာ၊ မုံရွာ၊ ဘုတလင်၊ စစ်ကိုင်း၊ ဆာတောင်၊ ရွှေဘို၊ မြင်းမူ၊ ဂျုံအသစ်အရည်အသွေး ပေါ်မူတည်၍ ၃တင်းတစ်အိတ် ၂၀၀၀၀၀ ကျပ်မှ ၂၁၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ရှမ်းဂျုံမှာ အရည်အသွေးပေါ်မူ တည်၍ ၁၇၀၀၀၀ကျပ်မှ ၁၇၅၀၀၀ကျပ်၊ ကလေးဂျုံ ၁၆၂၀၀၀ကျပ်၊ ဩစတေးလျဂျုံမှုန့် တစ်ပိဿာ ၃၇၀၀ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။ အစေ့ထုတ်ပြောင်းဈေးနှုန်းမှာ ဆောင်းပြောင်းအဝင်နည်းခြင်း မိုးအတွက်ပြင်ဆင်ချိန်ဖြစ်ခြင်း အစာစပ် သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် ၃တင်းတစ်အိတ် ၈၄၀၀၀ကျပ်မှ ၈၄၅၀၀ ကျပ်သို့ ဈေးမသိမသာ မြင့်သွားသည်။
ခင်မေကြည်
မန