နောင်တရားဒေသမှ ထွက်ရှိသည့် ချင်း မြဝတီမှ အများဆုံး မှာယူလျက်ရှိ

ရှမ်းပြည်နယ်၊ တောင်ပိုင်းဒေသရှိ နောင်တရားမြို့မှထွက်ရှိသော ချင်းအများစုကို မြဝတီမြို့မှ အများဆုံးမှာယူကြောင်း မြို့တွင်းရှိ ချင်းဈေးကွက်အရ သိရှိရသည်။ ရန်ကုန်၊ မန္တလေး နှင့် မြဝတီမြို့များမှ မှာယူလျက်ရှိကြပြီး ၎င်းတို့အနက် မြဝတီသည် အများဆုံး ဝယ်ယူသူဖြစ်ကြောင်း သိရှိရသည်။

မြိတ်ဒေသထွက် ရာသီပေါ်မရမ်းသီးများ ထိုင်းနိုင်ငံမှ ဝယ်လိုအားမြင့်တက်လျက်ရှိ

မြိတ်ဒေသမှ ရာသီပေါ် မရမ်းသီးများကို ထိုင်းနိုင်ငံမှ မှာယူမှုများသောကြောင့် ရောင်းအားကောင်းနေကြောင်း မြိတ်ဈေးကွက်သတင်းအရ သိရှိရသည်။

ယခုအချိန်တွင် မြိတ်ဒေသတွင် မရမ်းသီးများ ပေါပေါများများထွက်ရှိနေပြီး အရွယ်အစား သေးငယ်သော အသီးများသည် ပို၍ ရောင်းအားကောင်းနေပါသည်။ မရမ်းသီးသည် ယခုအချိန်တွင်သာ ပေါ်သောသီးနှံဖြစ်သည်။ မရမ်းသီးသည် သရက်နှင့် ကြက်မောက်သီးတို့နှင့်  မတူသည်မှာ မရမ်းသီး အစိမ်းစားသည့် ရာသီကုန်ပါက ဈေးကွက်မှ ခဏပျောက်သွားတတ်ပြီး၊ ယခုအချိန် သည် ရောင်းအကောင်းဆုံး ရာသီချိန် ဖြစ်သည်။