ဇွန်လအတွင်း ရန်ကုန် စားသုံးဆီ ဈေးနှုန်း ထပ်မံ ကျဆင်းလျက်ရှိ

ဇွန်လအတွင်း ရန်ကုန် စားသုံးဆီ ဈေးနှုန်း ထပ်မံ ကျဆင်းလျက်ရှိ

ရန်ကုန်ဈေးကွက်အတွက် သတ်မှတ်ထားသော စားသုံးဆီ လက်ကားရည်ညွှန်း ဈေးနှုန်းသည် ဇွန် ၁ ရက် တွင် တစ်ပိဿာလျှင် ၆,၃၉၀ ကျပ်မှ ဇွန် ၁၅ ရက် နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ၆၁၈၅ ကျပ်ထိ  ဆက်လက်ကျဆင်းခဲ့ကြောင်း စားသုံးဆီ တင်သွင်းဖြန့်ဖြူးမှု ကြီးကြပ်ရေးကော်မတီထံမှ သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနလက်အောက်ရှိ စားသုံးဆီ တင်သွင်း ဖြန့်ဖြူးမှု ကြီးကြပ်ရေးကော်မတီသည် အပတ်စဉ် စားသုံးဆီလက်ကားဈေး ကွက်ရည်ညွှန်း ဈေးနှုန်းကို ဆုံးဖြတ်ရန်အတွက် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံရှိ FOB စျေးနှုန်းများကို အနီးကပ်  စောင့်ကြည့်နေပြီးသယ်ယူပို့ဆောင်ရေးစရိတ်များ၊ အခွန် အခများနှင့် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို ထည့်သွင်း 
တွက်ချက်ပြီး ဈေးနှုန်းသတ်မှတ်ပေးလျက်ရှိသည်။

ရည်ညွှန်းစျေးနှုန်း ရှိသော်လည်း စျေးကွက်ပေါက်စျေးသည် အလွန်မြင့်မားပါသည်။ ဈေးနှုန်း ပိုမိုကောက်ခံခြင်းကို ထိန်းချုပ်ရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ စားသုံးသူရေးရာ ဦးစီးဌာန hotline မှတစ်ဆင့် ငွေပိုတောင်းသည့် တိုင်ကြားစာများကို ပေးပို့နိုင်ကြောင်း ဩဂုတ်လနှောင်းပိုင်းတွင် စားသုံးသူများထံ အသိပေးခဲ့သည်။ စားသုံးဆီ ဈေး မြင့်တက်လာပါက  ဝယ်ယူခြင်းမပြုကြရန် ဌာနက တိုက်တွန်းထားသည်။

စျေးကွက်အတွင်း ဈေးကစားရန်ကြိုးပမ်းမှုများနှင့် ဆီသိုလှောင်ထားခြင်းကိစ္စများတွင် ပါဝင်ပတ်သက်သူ မည်သူမဆို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေဖြင့် တရားဥပဒေအရ အရေးယူ ခံရမည်ဖြစ်ကြောင်း ကော်မတီမှ အသိပေးထားသည်။

မြန်မာနိုင်ငံဆီတင်သွင်းရောင်းချသူများအသင်းနှင့် စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများ ပူးပေါင်းဆောင်ရွက် လျက်ရှိပြီး စားသုံးသူများအတွက် တင်သွင်းလာသော စားသုံးဆီများကို သက်သာသောနှုန်းထားဖြင့် ပေးဆောင် နိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။

သတ်မှတ်ဈေးနှုန်းထက် ပိုမိုတောင်းခံမှုများကို စားသုံးသူရေးရာဦးစီးဌာန၏ hotline ၁၅၃၅ သို့ တိုင်ကြား နိုင်ပြီး သက်ဆိုင်ရာဌာနနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဌာနများ၏ Facebook page သို့ ပေးပို့နိုင်ပါသည်။

ပြည်တွင်း စားသုံးဆီ စားသုံးမှုမှာ တစ်နှစ်လျှင် တန်ချိန် ၁ သန်းခန့် ရှိသည်။ ပြည်တွင်း စားသုံးဆီ ထုတ်လုပ်မှုမှာ တန်ချိန် ၄ သိန်းခန့်သာရှိသည်။ ပြည်တွင်းလိုအပ် ချက်ကို ဖြည့်ဆည်းရန် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ နှစ်စဉ် စားသုံးဆီ တန်ချိန် ၇ သိန်းခန့် တင်သွင်းလျက်ရှိကြောင်း သိရှိရသည်။

ဥမ္မာထွန်း

https://www.gnlm.com.mm/yangon-palm-oil-rates-decline-again-this-week/