တောင်သူများအတွက် ပျားမွေးမြူရေး

Image
bees

ပျားမွေးမြူရေးသည် စိုက်ပျိုးရေး တည်တံ့မှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုနှင့် ကျေးလက်စီးပွားရေး တိုးတက်မှုတွင်အရေးပါသော အခန်းကဏ္ဍတစ်ခု ဖြစ်ပါသည်။ စိုက်ပျိုးရေးသည် မြန်မာနိုင်ငံတွင် အဓိကစီးပွားရေးနယ်ပယ်ဖြစ်သဖြင့် တောင်သူလယ်သမားများသည် ပျားမွေးမြူမှုကို ထည့်သွင်းပါက သီးနှံအထွက်နှုန်း တိုးတက်စေမည်၊  ဝင်ငွေ ထပ်မံရရှိစေမည်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုကိုပါ အထောက်အကူဖြစ်စေမည်ဖြစ်ပါသည်။

ရုရှားနိုင်ငံ၏ ဓာတ်မြေဩဇာတင်ပို့မှု ပထမ ၆ လအတွင်း ၈ ရာခိုင်နှုန်း တိုးမြင့်

ရုရှားနိုင်ငံမှ ကုမ္ပဏီများ၏ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှ ဇွန်အတွင်း ဓာတ်မြေ ဩဇာတင်ပို့မှုသည် ပမာဏအားဖြင့် တန်ချိန် ၂၂ ဒသမ ၇ သန်းအထိရောက်ရှိခဲ့ပြီး ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၈ ရာခိုင် နှုန်း တိုးမြင့်လာခဲ့ကြောင်း ရုရှားဓာတ်မြေဩဇာ ထုတ်လုပ်သူများအသင်း (Russian Association of Fertilizer Producers- RAFP) မှ သတင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံမှ တန်ဖိုးမြှင့်ဆန်ထွက်ကုန်များ တင်ပို့ရန်စီစဉ်

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) မှ ဆန်နှင့် ဆန်ကွဲ ပုံမှန်တင်ပို့နေခြင်းအပြင် ဆန်ကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြောင်းလဲတင်ပို့ရန် စီစဉ်နေကြောင်း သိရှိရပါသည်။

“သမားရိုးကျ ဆန်တင်ပို့ခြင်းထက် ဆန်မှုန့်နှင့် ဆန်ခေါက်ဆွဲကဲ့သို့သော တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ရန် စီစဉ်နေကြောင်း”  MRF ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

ဂျပန်ရေထွက်ကုန်များကို တရုတ်သို့ တစ်စိတ်တစ်ပိုင်း ပြန်လည်တင်သွင်းခွင့်ပြု

ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံအကြား စစ်ရေးအရတင်းမာမှုများ မြင့်တက်လျက်ရှိသော်လည်း နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ကောင်းမွန်လာစေရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုများလျော့ နည်းလာစေရေးအတွက် တရုတ်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံမှ ရေထွက်ကုန်များကို တစ်စိတ်တစ်ပိုင်း ပြန်လည် တင်သွင်းခွင့်ပြုခဲ့ကြောင်း ၃၀-၆-၂၀၂၅ ရက်နေ့ထုတ် The Japan Times သတင်းစာတွင် “China partially lifts ban on Japanese seafood imports in bid to ease frictions” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့သည်။