စိုက်ပျိုးမွေးမြူရေးပညာနှင့် နိုင်ငံတကာ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များ (အပိုင်း-၂၇) ၊ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များခေတ်နှင့်အညီလိုအပ်သောဘာသာရပ်နှင့်သုတေသနများ (၄-၁)

Image
food processing method
စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များခေတ်နှင့်အညီလိုအပ်သောဘာသာရပ် နှင့်သုတေသနများ (၄-၁)

(ယခင်အပတ်မှအဆက်)

(ဃ) အစားအစာသိပ္ပံနှင့်နည်းပညာဘာသာရပ်(Food Science and Technology)  

ဤဘာသာရပ်သည်လည်း စာရေးသူ ပါမောက္ခချုပ်ဖြစ်ပြီး ၂၀၁၈ ခုနှစ်မှ ဌာနအသစ်၊ ဘာသာအသစ် သင်ကြားနေသော ဘာသာရပ် ဖြစ်ပါသည်။ နိုင်ငံတကာတွင် ဤဘာသာရပ်က စိုက်ပျိုးမွေးမြူရေးနှင့်အတူ အရေးပါပြီး သင်ကြားသုတေသနပြုနေသည်မှာ နှစ်ပေါင်းကြာမြင့်လျက်ရှိနေပါပြီ။ 

ပထမဆုံး ဒူးရင်းတင်ပို့သည့် စက်ရုံ ကမ္ဘောဒီးယားဖွင့်လှစ်

နိုင်ငံတကာဈေးကွက်တင်ပို့ရန်အတွက် ကမ္ဘောဒီးယားသည် ၎င်း၏ ပထမဆုံးသော ဒူးရင်းထုပ်ပိုးသည့် စက်ရုံကို Tbong Khmum ခရိုင်၊ Sralob Commune ချန်တုံးရွာတွင် ဖွင့်လှစ်ခဲ့သည်။ HF FRUIT လီမီတက်သည် ကမ္ဘောဒီးယားဒူးရင်းသီးများအတွက် တရုတ်ဈေးကွက်ကို အဓိက အားထားပြီး အဆိုပါစက်ရုံကို တည်ထောင်ခဲ့သည်။

ရေပေါ်ရေလွှာနေ ငါးကွန်းရှပ်၏ သဘာဝနှင့်အသုံးဝင်ပုံ

Image
Spanish Mackerel

ငါးကွန်းရှပ်ငါးမျိုးများကို အပူပိုင်းနှင့် သမပိုင်းဒေသများဖြစ်သော အင်ဒိုပစိဖိတ်ပင်လယ်ပြင်တွင် အများဆုံးတွေ့ရှိရပြီး တူနာ၊ ဘိုနီတို ငါးမျိုးများထက် အရွယ်သေးငယ်၍ သွယ်လျသောခန္ဓာကိုယ်ရှိသည်။  ငါးကွန်းရှပ်အုပ်စုငါးမျိုးများမှာ မျိုးရင်း-Scombridae အုပ်စုတွင်ပါဝင်ပြီး မျိုးစိတ် ၅၀ ခန့်အထိ ရှိသည်။ 

ရောင်းလိုအား ပြတ်တောက်မှုကြောင့် ကမ္ဘာ့အုန်းသီးဈေးနှုန်း မြင့်တက်

အုန်းသီးအဓိကထွက်ရှိသည့် နိုင်ငံများ၌ ရာသီဥတုဖောက်ပြန်မှုနှင့် ပိုးမွှားကျရောက်မှုများကြောင့် ရောင်းလိုအား ကန့်သတ်ချက်များ ဖြစ်လာသဖြင့် ကမ္ဘာ့အုန်းသီးဈေးကွက်သည် ဈေးနှုန်း မြင့်တက်လျက်ရှိပါသည်။ ဗီယက်နမ်နိုင်ငံသည် နှစ်စဉ် အုန်းသီးတန်ချိန် ၂ သန်းခန့် ထုတ်လုပ်လျက်ရှိပြီး အမေရိကန်နှင့် တရုတ်ကဲ့သို့သော အဓိကစားသုံးသူ အများအပြားရှိသည့် ကမ္ဘာ့ပဉ္စမမြောက် အုန်းသီးအများဆုံးတင်ပို့သည့်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိသည်။

ကမ္ဘာ့ပထမဆုံးအကြိမ်အဖြစ် ဗီဇပြင်ဆင်ထားသော ဆန်မျိုးစိတ်အသစ်နှစ်မျိုး အိန္ဒိယထုတ်ပြန်

အိန္ဒိယနိုင်ငံသည် အရေးပါသော ဖွံ့ဖြိုးတိုးတက်မှုတစ်ရပ်အဖြစ် မေ ၄ ရက်တွင် ကမ္ဘာ့ပထမဆုံးအကြိမ်အဖြစ် ဗီဇပြင်ဆင်ထားသော (genome editing) ဆန်မျိုးစိတ် အသစ် နှစ်မျိုး ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ အဆိုပါ မျိုးစိတ်များသည် တစ်ဟက်တာလျှင် ထွက်နှုန်းကို ၃၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးနိုင်မည်ဖြစ်ပြီး၊ လက်ရှိမျိုးစိတ်များနှင့် နှိုင်း ယှဉ်ပါက ရင့်မှည့်ရန် ၁၅ မှ ၂၀ ရက်ခန့် လျော့နည်းနိုင်ကြောင်း မျှော်မှန်းထားသည်။

အကောက်ခွန်စစ်ပွဲမတိုင်မီကပင် တရုတ်နိုင်ငံသည် အမေရိကန်မှပဲပုပ်နှင့် ပြောင်းတင်သွင်းမှုကို ရပ်နားထားခဲ့

တရုတ်နိုင်ငံသည် ဇန်နဝါရီလလယ်ကတည်းက အမေရိကန်ထံမှ ပဲပုပ်နှင့် ပြောင်းဝယ်ယူမှုကို ရပ်နားထားခဲ့ကြောင်း အမေရိကန်စိုက်ပျိုးရေးဌာန (USDA) ၏ အချက်အလက်ကို ကိုးကား၍ Nikkei Asia မှ အစီရင်ခံဖော်ပြခဲ့ကြောင်း သိရှိရသည်။

အမေရိကန်၏ အခွန်နှုန်းသက်ရောက်မှုကို လျှော့ချနိုင်ရန်အတွက် စားအုန်းဆီတင်ပို့မှုအပေါ် ကောက်ခံသည့် ပို့ကုန်အခွန်လျှော့ချရန် အင်ဒိုနီးရှားစားအုန်းဆီ ထုတ်လုပ်သူများအသင်းက အဆိုပြု

အင်ဒိုနီးရှားစားအုန်းဆီထုတ်လုပ် သူများအသင်းက အမေရိကန်သမ္မတ၏ အပြန်အလှန် ကုန်သွယ်ခွန်နှုန်းထားတိုးမြင့်မှု၏ သက်ရောက်မှုကို လျှော့ချနိုင်မည့် နည်းလမ်းအနေဖြင့်လည်းကောင်း၊ အမေရိကန်ဈေးကွက်တွင် အင်ဒိုနီးရှား ဆီအုန်းထုတ်ကုန်များ၏ ယှဉ်ပြိုင်နိုင်စွမ်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန်အတွက်လည်းကောင်း စားအုန်းဆီတင်ပို့မှုအပေါ် ကောက်ခံသည့် ပို့ကုန်အခွန်လျှော့ချရန်အတွက် အင်ဒိုနီးရှားအစိုးရသို့တောင်းဆိုထားသည်ဟု သိရသည်။