တောင်သူများ၏ အလင်းတံခါးများ

Image
ရေထိန်းတံခါး

ရေဘုံဘိုင်မှ ရေများ ပွင့်ကျနေသည်ကိုတွေ့လျင် ပြေး၍ ပိတ်ကြသည်ကို ကြုံဖူးကြမည်ဖြစ်သည်။ ရေများ အလဟဿ ဆုံးရှုံးနေသည်ကို နှမြော၍ ဖြစ်သည်။ ရေဘားများ မလုံ၍၊ ရေပိုက်များ မလုံ၍ ရေများ စိမ့်ထွက်ပေါက်ထွက်နေသည်ကိုတွေ့လျင်လည်း ပြုပြင်လေ့ရှိကြသည်။ အကြောင်းမှာ အသုံးပြုရမည့် ရေများ အသုံးမပြုလိုက်ရဘဲ ဆုံးရှုံးသွားမည်ကို နှမြောခြင်းနှင့် ရေလိုအပ်သည့်အချိန်တွင် အသုံးပြုရန် မရနိုင်တော့ခြင်းတို့ကြောင့်ဖြစ် သည်။ ယခုနမူနာပြသော ရေဆုံးရှုံးမှုသည် အနည်းငယ်မျှသော ဆုံးရှုံးမှုပင်ဖြစ်သည်။  ဧရာဝတီမြစ်သည် ပင်လယ်နှင့်ထိစပ်သော ဧရာဝတီ တိုင်းဒေသကြီးအတွက် ကြီးမားသော ရေချိုအရင်းအမြစ်ဖြစ်ပြီး ပင်လယ်တွင်

သဘာဝကပေး အစာနှင့်ဆေး ၊ စောင်းလျား

Image
စောင်းလျားသီး

ငယ်ငယ်စဥ်ကလေးဘဝက ကျောင်းမှအိမ်သို့အပြန်လမ်းရှိ ကြီးတော်အိမ်ရှေ့တွင်ရှိသော စောင်းလျားပင်ကြီး အောက်သို့ ပြေးဝင်ပြီး ပခုံးမှာလွယ်ထားသော စာအုပ်အပြည့်နှင့် လွယ်အိတ်ကြီးကို ချ၊  မြေကြီးပေါ် ကြွေကျနေသော စောင်းလျားသီးမှည့်လေးကို ကောက်၊ ကျောင်စိမ်းဂါဝန်အင်္ကျီလေးနှင့်သန့်ရှင်းရေးလုပ် ပြီး စားလိုက်တာပဲ။ ချဥ်ပြုံးပြုံးအရသာနှင့် အရည်ရွှမ်းသော စောင်းလျား သီးလေးစားမိလိုက်လျှင်ပင် အမောတွေပြေသွား၏။ ပြီးလျှင် အိမ်မှာ သုပ်စားဖို့ အသီးကြွေလေးတွေကို ကောက်၊ လွယ်အိတ်လွယ်ပြီး ကြီး တော်ကြီးကို အော်နှုတ်ဆက်ပြီး အိမ်ပြန်တော့တာ ...

မန္တလေးဈေးကွက်

ဆန်

ရန်ကုန်ပေါ်ဆန်းမှာ မြို့တွင်းစားသုံးမှု ပုံမှန်ရှိခြင်း၊ အဝင်နည်းခြင်းကြောင့် တစ်အိတ် ၁၁၀၀၀၀ကျပ်မှ ၁၂၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။ ရွှေဘိုပေါ်ဆန်းမှာ အဝင်ပုံမှန် စားသုံးမှုပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၁၃၅၀၀၀ ကျပ်ဖြင့် ဈေးတည် ငြိမ်နေသည်။

မနောသုခဆန်မှာ နွေစပါးစိုက်ထားဆဲဖြစ်ခြင်း၊ အဟောင်းလက်ကျန် နည်းသွားခြင်း၊ မြို့တွင်း သုံးပုံမှန်ရှိခြင်းကြောင့် တစ်အိတ် ၇၈၀၀၀ကျပ်မှ ၈၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

ရန်ကုန်ဈးကွက်

ဆန်

ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်းလမ်း)တွင် ထုတ်ပြန်ထားသော ဆန်ဈေးနှုန်းများအရ ရွှေဘိုပေါ်ဆန်း(အဟောင်း) အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၄၈၀၀၀ ကျပ်၊ အောက်စတစ်အိတ်လျှင် ၁၄၅၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း(အသစ်) အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၃၃၀၀၀ ကျပ်၊ အောက်စတစ်အိတ်လျှင် ၁၃၀၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်း (အဟောင်း) အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ်၊ ပေါ်ကျွဲဆန် (အဟောင်း) တစ်တင်းခွဲ တစ်အိတ်လျှင် ၁၀၁၀၀၀ ကျပ်၊ အောက်စတစ်အိတ်လျှင် ၁၀၀၀၀၀ ကျပ်၊ ဇီယာဆန်(အသစ်) အလတ်စ တစ်အိတ်လျှင် ၆၄၀၀၀ ကျပ်၊ အောက်စတစ်အိတ်လျှင် ၆၃၀၀၀ ကျပ်၊ ဧည့်မထ (၂၅ မှတ်) ဆန်ကြမ်း အလ

စိုက်ပျိုးမွေးမြူရေးပညာနှင့် နိုင်ငံတကာ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များ (အပိုင်း-၂၆) ၊ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်များခေတ်နှင့်အညီလိုအပ်သောဘာသာရပ်နှင့်သုတေသနများ (၃)

Image
Wageningen University & Research, Netherland
(ဂ) မွေးမြူရေးသိပ္ပံဘာသာရပ်

ဤဘာသာရပ်သည်လည်း စာရေးသူတို့ တက္ကသိုလ်မရောက်မီ မန္တလေး စိုက်ပျိုးရေးကောလိပ်ဘဝကတည်းက သင်ကြားခဲ့သော ဘာသာရပ် ဖြစ်ပါသည်။ ဤမွေးမြူရေးသိပ္ပံဘာသာကို ၁၉၂၄ခုနှစ်ကတည်း က စိုက်ပျိုးရေးဘာသာရပ် (Agriculture) အောက်တွင်စတင်သင်ကြားခဲ့ပါသည်။ နောင်အခါ လယ်ယာသီးနှံ ဘာသာရပ် (Agronomy) အောက်တွင် ဘာသာရပ် အစိတ်အပိုင်းအနေနှင့် ရောက်ရှိသွားပြီးနောက် ၁၉၆၅ ခုနှစ်တွင် သီးသန့်ဌာန ခွဲထွက်သွားပါသည်။ ဆရာဦးထိန်လင်းကစတင်သင်ကြားခဲ့ပြီးနောက်ဒေါက်တာ လီယိုမန်ကျင်ဟော (B.Sc.

ရွှေ့ပြောင်းတောင်ယာစနစ်လျော့နည်းရေး ပြိုင်တူတွန်းအားပေး

Image
ရွှေ့ပြောင်းတောင်ယာ

ခန္တီးဒေသသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတည်ရှိ ၍ နာဂဒေသပြီးလျှင် ဒုတိယ အဝေးဆုံးဒေသ ဖြစ်သည်။ မိုးကောင်းသောက်ဒေသဖြစ်၍ မြေယာအသုံးချမှုအရ ၂၀၂၅၈၈၈ ဧကရှိသည်။ အသားတင်စိုက်ပျိုးနိုင်သော ဧရိယာမှာ ၁၀၆၈၉ ဧက ရှိသည်။ ၎င်းထဲတွင် လယ် ၃၀၁၁ ဧက၊ ကိုင်းကျွန်း ၁၂၂၉ ဧက၊ လှပ်မြေ ၁၇၇ ဧက၊ တောင်ယာ ၅၂၆၈ ဧက ပါဝင် သည်။ ကြိုးဝိုင်း/ပြင် ကာကွယ်တော၊ တောရိုင်း၊ မြေရိုင်း၊ အခြား၊ စိုက်ပျိုးခြင်းမပြုနိုင်သော မြေများ ပါဝင်တည်ရှိသည်။  ပူအိုက် စွတ်စိုသော ရာသီဥတုရှိပြီး ပုံမှန်ရွာသွန်းမြဲ မိုးရေချိန် ၁၂၂ ရက် (၁၅၁ ဒသမ ၀၉)လက်မရှိသည်။ ဆည်/ မြောင်းတာတမံ၊ မြစ်ရေတင်၊ မြေ အောက်ရေ လုပ်ငန်းများမရှိ၊ မိုးရေကို

အိန္ဒိယအစိုးရက ၂၀၂၅-၂၆ ကြံရာသီအတွက် သင့်တင့်မျှတသော ဈေးနှုန်း (FRP) ကို တိုးမြှင့်အတည်ပြု

အိန္ဒိယပြည်ထောင်စုအစိုးရအဖွဲ့သည် ပြီးခဲ့သည့်လ ၃၀ ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် ၂၀၂၅-၂၆ ကြံရာသီအတွက် သင့်တင့်မျှတသောဈေးနှုန်း (FRP) ကို အခြေခံ ပြန်လည်ရရှိမှုနှုန်း (basic recovery rate) ၁၀ ဒသမ ၂၅ ရာခိုင်နှုန်းအတွက် ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်) လျှင် ရူပီး ၃၅၅ အဖြစ် အတည်ပြု ခဲ့ကြောင်း သိရသည်။ အဆိုပါ ဆုံးဖြတ်ချက်ကို ဝန်ကြီးချုပ် နရန်ဒြာမိုဒီဦးဆောင်သည့် စီးပွားရေးရာကိစ္စဆိုင်ရာ အစိုးရအဖွဲ့ကော်မတီမှ ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဆန်လုံလောက်စွာ ဝယ်ယူရရှိရေး ဆောင်ရွက်လျက် ရှိသော်လည်း ဂျပန်တွင် ဆန်ဈေးနှုန်းများ ဆက်လက် မြင့်တက်နေ

ဂျပန်အစိုးရအနေဖြင့် ပြည်တွင်း ဆန်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် နိုင်ငံ့အရန်ဆန်များကို ထုတ်ရောင်းပေးခဲ့သော်လည်း ဆန်ဈေးနှုန်းမှာ ၅ ကီလိုဂရမ် ၁ အိတ်လျှင် ပျမ်းမျှအားဖြင့် ၄,၂၃၃ ယန်း (အမေရိကန်ဒေါ်လာ ၃၀) အထိ မြင့်တက်ခဲ့ကြောင်းနှင့်ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂ ဆကျော် မြင့်တက်ခဲ့ကြောင်း ၇-၅-၂၀၂၅ ရက်နေ့တွင် ဂျပန်အစိုးရက ထုတ်ပြန်ခဲ့ကြောင်း ၇-၅-၂ဝ၂၅ ရက်နေ့ထုတ် The Mainichi သတင်းစာတွင် ဖော်ပြပါရှိသည်။

မော်ရိုကို လိမ္မော်သီးများ ဂျပန်ဈေးကွက်သို့ ရောက်ရှိ

ဂျပန်နိုင်ငံသို့ ပထမဆုံး တင်ပို့ခဲ့သည့် မော်ရိုကို လိမ္မော်သီး ကွန်တိန်နာ တရားဝင် ဖယ်ရှားခံခဲ့ရပြီး နောက်ပိုင်းမှ မော်ရိုကိုနိုင်ငံသည် အရည်အသွေးနှင့် ခြေရာခံနိုင်မှုအရ ကမ္ဘာ့ဈေးကွက် ဝယ်လိုအားအများဆုံးထဲမှ တစ်ခုအဖြစ် ယူဆောင်လာနိုင်ခဲ့ကြောင်း Morocco Foodex မှ ကြာသပတေးနေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။