ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအတွက် တရုတ်နိုင်ငံ၏ အကောက်ခွန်ကင်းလွတ်ခွင့်မူဝါဒသည် ကမ္ဘာ့စီးပွားရေးတိုးတက်မှုကို အကျိုးပြု

အမေရိကန်သမ္မတဒေါ်နယ်ထရန့်က တစ်ကမ္ဘာလုံးကို အခွန်တိုးမြှင့်ကောက်ခံမှုကြောင့် ကမ္ဘာ့စီးပွားရေးကို ထိခိုက်နေချိန်တွင် ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံး တရုတ်နိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးနှင့် စီးပွားရေးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် အကောင်းဆုံး လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
တရုတ်နိုင်ငံ၏ နောက်ဆုံး လုပ်ဆောင်မှုတစ်ခုမှာ တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင်ထားသည့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ ၄၃ နိုင်ငံသို့ အကောက်ခွန်ကင်း လွတ်ခွင့်ပေးခြင်းပင်ဖြစ်ကြောင်း၊ အဆိုပါကြေညာချက်ကို ၂၀၂၄ ခုနှစ်အကုန်တွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အကောက်ခွန်ကင်းလွတ်ခွင့်အစီအစဥ်တွင် LDC ၄၃ နိုင်ငံပါဝင်ပြီး ၎င်းတို့အနက် ၃၃ နိုင်ငံ သည် အာဖရိကတွင်ရှိပြီး အာရှတွင် ၈ နိုင်ငံနှင့် သမုဒ္ဒရာပိုင်းတွင် ၂ နိုင်ငံပါဝင်ကြောင်း သိရှိရသည်။
ကမ္ဘာ့ကုလသမဂ္ဂမှ ထုတ်ပြန်သည့် အချက်အလက်များအရ လူဦးရေသန်း ၉၀၀ ခန့်သည် ကမ္ဘာတစ်ဝန်းရှိ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများတွင် နေထိုင်ကြပြီး ကမ္ဘာ့လူဦးရေ၏ ၁၂ ရာခိုင်နှုန်း ခန့်ရှိကြောင်း၊ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ၏ စုစုပေါင်းပမာဏသည် ကမ္ဘာ့စီးပွားရေး၏ ၂ ရာခိုင် နှုန်းခန့်သာရှိပြီး ကမ္ဘာ့ကုန်သွယ်မှု၏ ၁ ရာခိုင်နှုန်းဝန်းကျင်သာရှိကြောင်း သိရှိရသည်။
ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများသည် ကမ္ဘာ့ကုန်သွယ်မှုကွန်ရက်ကို ကောင်းစွာအသုံးချနိုင်ပါက စီးပွား ရေးတိုးတက်မှုအများကြီးရရှိနိုင်သော်လည်း ၎င်းတို့သည် ကမ္ဘာ့ကုန်သွယ်မှုတွင် ပါဝင် ဆောင်ရွက်နိုင်မှုနည်းပါးလျက်ရှိကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးတွင် ပိုမိုပါဝင်နိုင်ပါက တိုးတက်မှု အလားအလာများစွာရှိသော်လည်း ၎င်းတို့၏ ပို့ကုန်များ သည် ကုန်ကြမ်းများဖြစ်၍ စက်မှုထွန်း ကားသည့် ၎င်းတို့၏ ပြိုင်ဖက်များနှင့် ယှဉ်ပြိုင်နိုင်မှု အလွန်နည်းပါကြောင်း ဖော်ပြထားသည်။
ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ သည် အများအားဖြင့် အလုပ်လုပ်ကိုင်နိုင်သော အသက်အရွယ်ရှိသည့်လုပ်သား အင်အား အများအပြားရှိသော်လည်း အရင်းအနှီးမလုံလောက်ခြင်းကြောင့် အလုပ်သမားများ၏ ထုတ်လုပ်မှုစွမ်းရည်သည် သိသိသာသာ အားနည်း လျက်ရှိကြောင်း၊ စိုက်ပျိုးရေးကို သာဓကအနေဖြင့် ကြည့်ပါက လယ် ယာသုံးစက်ယန္တရားများ မရှိခြင်းသည် ထုတ်လုပ်မှု စွမ်းဆောင်ရည်ကို များစွာ လျော့နည်းစေလျက်ရှိကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ဓာတ်မြေသြဇာကြဲပက်ရန် ဒရုန်းများကို အသုံးပြုနေချိန်တွင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများရှိ တောင်သူများသည် လက်ဗလာဖြင့် ထိုအလုပ် များကို လုပ်ကိုင်ကြရပြီး ဝင်ငွေလည်းနည်းပါးကြောင်း သိရှိရ သည်။
အဆိုပါဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ၏ စီးပွားရေးတိုးတက်စေရန်အတွက် စီးပွားရေးအရ အနိုင်ကျင့်ခြင်းမျိုးမဟုတ်ဘဲ ၎င်းတို့အနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးတွင် ပံ့ပိုးကူညီမှုများကို ရရှိရမည်ဖြစ်ကြောင်း၊ တရုတ် နိုင်ငံက ပေးအပ်ထားသော အကောက် ခွန်ကင်းလွတ်ခွင့်ဖြင့်ဖွံ့ဖြိုးမှု အနည်း ဆုံးနိုင်ငံများမှ ထုတ်ကုန်များသည် လူလတ်တန်းစားများ လျင်မြန်စွာ တိုးတက်လာ နေသော စားသုံးသူ ၁ ဒသမ ၄ ဘီလီယံရှိသည့် တရုတ်ဈေးကွက်ကြီးထဲသို့ ဝင်ရောက်နိုင်ကြောင်း၊ အခြားတစ်ဖက်တွင် အမေရိကန်ဘက်မှ ဆောင်ရွက်လျက်ရှိသော အကောက်ခွန်စစ်ပွဲကြောင့် အဆိုပါစီးပွားရေးအင်အားနည်းပါး သောနိုင်ငံများသည် ကြမ်းတမ်းသည့် ကမ္ဘာ့ကုန်သွယ်ရေး စျေးကွက်တွင် ရှင်သန်ရန်ပင် အခက်အခဲရှိကြောင်း သိရသည်။
ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ ၄၃ နိုင်ငံအတွက် တရုတ်နိုင်ငံက အကောက် ခွန်ကင်းလွတ်ခွင့် ပေးလိုက်ခြင်းဖြင့် တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် ကမ္ဘာ့ကုန်သွယ်ရေးသည် ထိခိုက်သွားမည် မဟုတ်ကြောင်း၊ အခြားတစ်ဖက်တွင် တရုတ်နိုင်ငံသည် ကမ္ဘာ့ ဈေးကွက်အတွက် အရေးကြီးဆုံးအချက်အချာများအနက်မှတစ်ခုဖြစ်သောကြောင့် တရုတ်၏ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုသည် အား ကောင်းပြီးရင်း အားကောင်းလာလျက်ရှိကြောင်း သိရှိရပါသည်။
တရုတ်အကောက်ခွန်ဌာနမှ နောက်ဆုံးရရှိသော အချက်အလက်များအရ ၂၀၂၅ ခုနှစ် ပထမသုံးလပတ်တွင် တရုတ်နိုင်ငံ၏ စုစုပေါင်းသွင်းကုန်နှင့် ပို့ကုန်သည် ယွမ်ငွေ ၁၀ ဒသမ ၃ ထရီလီ ယံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ထရီလီယံဝန်းကျင်)ရှိပြီး လွန်ခဲ့သည့်တစ်နှစ်ကထက် ၁ ဒသမ ၃ ရာခိုင် နှုန်း တိုးတက်လာကြောင်း၊ တရုတ်နိုင်ငံ ၏ ပို့ကုန်သည် တစ်နှစ်ထက်တစ်နှစ် ၆ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး သွင်းကုန်သည် ၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု ဆိုသည်။
ကမ္ဘာ့ကုန်သွယ်ရေးတွင် တရုတ်နိုင်ငံ၏ တိုးတက်မှုနှင့် ကမ္ဘာ့ကုန်သွယ်မှုစနစ်တွင် ခိုင်မာသောရပ်တည်မှုနောက်ကွယ်က အကြောင်း အရင်းမှာ တရုတ်စက်မှုလုပ်ငန်းစနစ်၏ ပြိုင်ဆိုင်နိုင် မှုပင်ဖြစ်ပြီး ကုန်သွယ်မှုတွင် ကိုယ်ကျိုးစီးပွားကာကွယ်ရေးအတွက် အကောက် ခွန် တိုးမြှင့်ခြင်း မဟုတ်ကြောင်း၊ ၂၀၂၄ ခုနှစ် ပထမသုံးလပတ်၌ အဆင့်မြင့်ကုန်ထုတ်လုပ်မှု၊ စမတ်နည်းပညာများနှင့် ပတ်ဝန်းကျင်ထိခိုက်မှုမရှိသောနည်းပညာတို့တွင် အားသာချက်ရှိသည့် တရုတ်ထုတ် ကုန်များသည် တရုတ်နိုင်ငံ၏ ကုန် သွယ်ရေးတိုးတက်မှုကို သိသိသာ သာ အထောက်အကူဖြစ်စေ ကြောင်း၊ နောက်ဆုံးရ အချက်အလက်များအရ တရုတ်နိုင်ငံ၏ လေအားလျှပ်စစ်ဓာတ်အားပေး စက်များ၊ လီသီယမ်ဘက်ထရီများနှင့် လျှပ်စစ်ကားများ တင်ပို့မှုမှာ ၄၃ ဒသမ ၂ ရာခိုင်နှုန်း၊ ၁၈ ဒသမ ၈ ရာခိုင်နှုန်းနှင့် ၈ ဒသမ ၂ ရာခိုင်နှုန်း အသီးသီး တိုးလာခဲ့ကြောင်း သိရှိရပါသည်။
ပို့ကုန်များ ခိုင်မာစွာ တိုးတက်လာခြင်းနှင့်အတူ တရုတ်နိုင်ငံမှ အကောက် ခွန်ကင်းလွတ်ခွင့်ပေးထားသည့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ အပါ အဝင် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် တရုတ်နိုင်ငံ၏ ကုန်သွယ်မှုမှာလည်း သိသိသာသာ တိုးတက်လာခဲ့ကြောင်း၊ တရုတ်အကောက်ခွန်ဌာန၏ အချက် အလက်များအရ တရုတ်နိုင်ငံ၏ အာဆီယံ၊ အာဖရိကနှင့် လက်တင်အမေရိကတို့နှင့် ကုန်သွယ် မှုသည် ၂၀၂၅ ခုနှစ်၊ ပထမသုံးလပတ်တွင် ၇ ဒသမ ၄ ရာခိုင်နှုန်း၊ ၉ ဒသမ ၆ ရာခိုင်နှုန်းနှင့် ၅ ဒသမ ၂ ရာခိုင်နှုန်း အသီးသီး တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။
ထို့အပြင် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများကို တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုသည် အကောက်ခွန်ကင်းလွတ်ခွင့်မူဝါဒတစ်မျိုးတည်းမဟုတ်ကြောင်း၊ Belt and Road Initiative(BRI)နှင့် အခြားသောပံ့ပိုးကူညီမှုအစီအစဉ်များဖြင့် တရုတ်နိုင်ငံသည် ပိုမိုကောင်းမွန် သော ကုန်သွယ်မှုစနစ် တည်ဆောက်ရေး၊ အခြေခံအဆောက် အဦများ ဖန်တီးရေး၊ စက်မှု နည်းပညာများ လွှဲပြောင်းပေးရေး၊ စီးပွား ရေးလုပ်ငန်းများအကြား အကျိုးတူလက်တွဲဆောင်ရွက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအစရှိသည့် ကဏ္ဍပေါင်းစုံတွင် ကူညီပေးခဲ့ကြောင်း သိရှိရပါသည်။
တစ်ချိန်တည်းတွင် တရုတ်ယွမ်ငွေသည် လက်ရှိတွင် မတည်မငြိမ်ဖြစ်နေသော အမေရိ ကန်ဒေါ်လာနှင့် နှိုင်းယှဉ်ပါက ကမ္ဘာ့ကုန်သွယ် ရေးဈေးကွက်အတွက် အခြားရွေးချယ် စရာတစ်ခု အဖြစ် ရှိနေကြောင်း၊ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများစွာနှင့် အကောက်ခွန်စစ်ပွဲစတင်ခဲ့ခြင်းနှင့်အတူအမေရိကန်ဒေါ်လာအညွှန်း ကိန်းသည် ၁၁၀ ဒသမ ၁၈ မှတ်မှ ၁၀၀ မှတ် သို့မဟုတ် ၁၀ ရာခိုင်နှုန်း ဝန်းကျင်သို့ ကျဆင်းသွားခဲ့ကြောင်း၊ ထိုသို့သောအခြေအနေတွင် ပြည် တွင်းစီးပွားရေးခိုင်မာပြီး ကမ္ဘာ့ကုန် သွယ်ရေးနှင့် နိုင်ငံခြားအရင်းအနှီးများအပေါ် ပွင့်လင်းသောသဘော ထားများကြောင့် တရုတ်ယွမ်ငွေသည် ဘေးကင်းပြီး တည်ငြိမ်သော အခြားရွေးချယ်စရာတစ်ခု ဖြစ်လာကြောင်း သိရှိရပါသည်။
ပွင့်လင်းမြင်သာသောသဘော ထားကြောင့် တရုတ်နိုင်ငံ၏ စီးပွား ရေးသည် ၎င်း၏ နိုင်ငံ သားများကိုသာမက ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအပါအဝင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများကိုလည်း အကျိုးပြုလျက်ရှိကြောင်း၊ ကမ္ဘာ့စီးပွားရေး တိုးတက် မှုကို နိုင်ငံတစ်နိုင်ငံတည်းနှင့် ဆောင် ရွက်နိုင်ခြင်းမရှိကြောင်း၊ လွန်ခဲ့သည့် ရာစုနှစ်များအတွင်း ကမ္ဘာ့စီးပွားရေး တိုးတက်မှုသမိုင်းမှ သင်ကြားခဲ့သည့် တန်ဖိုးအရှိဆုံး သင်ခန်းစာမှာ ကမ္ဘာ့ကုန်သွယ်မှုသည် ပါဝင်သည့် နိုင်ငံတိုင်းကို လွတ်လပ်စွာ အကျိုးပြုပြီး အကောက်ခွန်စစ်ပွဲသည် စီးပွားရေးရပ်တန့်စေပြီး စီးပွားရေးပျက်ကပ် အထိပင် ဖြစ်ပေါ်စေနိုင်ကြောင်း သိရှိရပါသည်။
ကေခိုင်ကျော်
(မူရင်းဆောင်းပါးရှင်- Chen Jiahe, chief investment officer at Novem Arcae Technologies,China)
https://news.cgtn.com/news/2025-04-14/China-s-zero-tariff-policy-for-LDCs-benefits-global-economy-growth-1CyVt5ENNle/p.html