လွတ်လပ်စွာကုန်သွယ်မှုသဘောတူညီချက်များကြောင့် လယ်ယာထွက်ကုန်များတင်ပို့မှု မြင့်တက်လာ

လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်များ (FTAs) သည် ထိုင်းနိုင်ငံကို အရှေ့တောင်အာရှတွင် စိုက်ပျိုးရေးထွက်ကုန် အများဆုံးတင်ပို့သည့်နိုင်ငံ ဖြစ်လာစေပြီး ကမ္ဘာ ပေါ်တွင် အဋ္ဌမမြောက်အကြီးဆုံး တင်ပို့သူဖြစ်လာကြောင်း ကုန်သွယ်မှုညှိနှိုင်းရေးဦးစီးဌာနမှ သိရှိရ ပါသည်။
နယ်မြေပိုင်ဆိုင်မှု တင်းမာမှုများနှင့် ကမ္ဘာ့စီးပွားရေး မရေရာမှုများကြောင့် ပြည်ပဈေးကွက်များမှ ပြိုင်ဆိုင်မှု ပြင်းထန်လာချိန်တွင် ထိုင်းနိုင်ငံ၏ လယ်ယာပို့ကုန်များသည် မြင့်မားသော တိုးတက်မှုအလားအလာများ ရှိနေသေးကြောင်း အဆိုပါဌာန၏ညွှန်ကြားရေးမှူးချုပ် Chotima Iemsawasdikul က ပြောကြားခဲ့ပါသည်။
၂၀၂၄ ခုနှစ် ပထမ ၈ လ တွင် ထိုင်းနိုင်ငံ၏ လယ်ယာထွက်ကုန် တင်ပို့မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၈ ဘီလီယံရှိပြီး တစ်နှစ်ထက်တစ်နှစ် ၈ ရာခိုင်နှုန်း တိုးလာခဲ့ပါသည်။
FTA မိတ်ဖက်နိုင်ငံများသို့ ထိုင်းနိုင်ငံ၏ လယ်ယာထွက်ကုန် တင်ပို့မှုပမာဏသည် အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၇ ဘီလီယံရှိပြီး၊ နိုင်ငံ၏ စုစုပေါင်း လယ်ယာထွက်ကုန် တင်ပို့မှု၏ ၆၉ ရာခိုင်နှုန်းဖြစ်သည်။ အဓိက တင်သွင်းသည့် နိုင်ငံများမှာ တရုတ်နိုင်ငံဖြစ်ပြီး စိုက်ပျိုးရေးပို့ကုန် အားလုံး၏ ၃၁ ရာခိုင်နှုန်းရှိပြီး၊ အာဆီယံ ၁၅ ရာခိုင်နှုန်း၊ ဂျပန် ၁၁ ရာခိုင်နှုန်းနှင့် တောင်ကိုရီးယား ၃ ရာခိုင်နှုန်း အသီးသီး ဖြစ်ကြသည်။
သိသာထင်ရှားသည့် တိုးတက်မှုနှုန်းရှိသော စျေးကွက်များတွင် အာဆီယံ ၃၉ ရာခိုင်နှုန်း၊ အိန္ဒိယ ၃၄ ရာခိုင်နှုန်း၊ သြစတေးလျ ၂၃ ရာခိုင်နှုန်း၊ စင်ကာပူ ၁၀ ရာခိုင်နှုန်း၊ တောင်ကိုရီးယား၉ ရာခိုင်နှုန်းနှင့် ဂျပန်၇ ရာခိုင်နှုန်းတို့ ပါဝင်သည်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် FTA မိတ်ဖက်နိုင်ငံများသို့ ထိုင်းနိုင်ငံ၏ လယ်ယာထွက်ကုန် တင်ပို့မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံ ရှိခဲ့ပြီး၊ ယခင်လကထက် ၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါသည်။
ယခုလအတွက် ထိုင်းနိုင်ငံ၏ ထိပ်တန်း လယ်ယာထွက်ကုန် တင်ပို့မှု ၅ ခုသည် ကမ္ဘာ့ ဈေးကွက်တွင် ဆက်လက်တည်ရှိနေပြီး ဒေါ်လာ ၆၀၄ သန်း (+၂၁ ရာခိုင်နှုန်း) တန်ဖိုးရှိသော သစ်သီးများနှင့်အေးခဲထားသော အသီးများ၊ ဒေါ်လာ ၅၆၂ သန်း (+၄၁ ရာခိုင်နှုန်း) တန်ဖိုးရှိသော ဆန်၊ ဒေါ်လာ ၄၉၇ သန်း (+၉ ရာခိုင်နှုန်း) တန်ဖိုးရှိသော သဘာဝရော်ဘာ၊ ဒေါ်လာ ၃၉၂ သန်း(+၆ ရာခိုင်နှုန်း) တန်ဖိုးရှိ အေးခဲအသားနှင့် ပြုပြင်စီမံထားသောကြက်သား နှင့် ဒေါ်လာ ၂၆၀ သန်း (+ ၂ ရာခိုင်နှုန်း) တန်ဖိုးရှိ ပီလောပီနံ ထုတ်ကုန်များ ပါဝင်သည်။
FTA အထူးအခွင့်အရေးများကို အသုံးချခြင်းဖြင့် ထိုင်းလုပ်ငန်းရှင်များသည် ၎င်းတို့၏ ပို့ကုန်ကို တိုးချဲ့နိုင်သည်ဟု အဆိုပါဌာနက မှတ်ချက်ပြုပါသည်။
ထိုင်းနိုင်ငံသည် ယခင်နှစ် နှစ်အစပိုင်းတွင် စတင်အသက်ဝင်ခဲ့သော ဒေသတွင်း ဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အပါအဝင် နိုင်ငံပေါင်း ၁၈ နိုင်ငံနှင့် FTA ၁၄ ခုရှိပါသည်။
ထိုင်းနိုင်ငံမှ တင်သွင်းသော ထုတ်ကုန်အများစုဖြစ်သည့် သဘာဝရော်ဘာ (တရုတ်နှင့် အိန္ဒိယမှလွဲ၍)၊ ပီလောပီနံထွက်ကုန်များ (ဂျပန်၊ တောင်ကိုရီးယားနှင့် အိန္ဒိယမှလွဲ၍)၊ ပြုပြင် စီမံထားသော ကြက်သား (ဂျပန်၊ တောင်ကိုရီးယား၊ ချီလီနှင့် ပီရူး တို့မှ လွဲ၍)၊ အအေးခံနှင့် အေးခဲသီးနှံ (ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် လာအိုတို့မှ လွဲ၍) များအပေါ် ကုန်သွယ်စည်းကြပ်မှုသည် သက်ညှာလျှော့ပေါ့ကြောင်းသိရှိရသည်။
လင်းလဲ့ရည်အောင်
https://www.bangkokpost.com/business/general/2891261/farm-exports-surge-amid-free-trade-deals