(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျေးရွာသစ်လှုပ်ရှားမှု စံပြကျေးရွာများသို့ ရန်ပုံငွေထောက်ပံ့ပေးအပ်

(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျေးရွာသစ်လှုပ်ရှားမှု စံပြကျေးရွာများသို့ ရန်ပုံငွေထောက်ပံ့ပေးအပ်

(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျေးရွာသစ် လှုပ်ရှားမှု စံပြကျေးရွာများ သို့ ရန်ပုံငွေထောက်ပံ့ပေးအပ်ပွဲ နှင့် ကျေးရွာသစ် လှုပ်ရှားမှု အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနား ကို မတ်လ (၂၂)ရက်နေ့ ညနေပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ရှိ စိုက်ပျိုး ပညာပေးရေး နှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးသင်တန်းကျောင်း AERDTC ၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ဦးမင်းနောင် ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဌာနတာဝန်ရှိသူများ၊ ကျေးရွာသစ်လှုပ်ရှားမှု စံပြကျေးရွာများ ထူထောင် ဆောင်ရွက်ကြ မည့် မြို့နယ်များ မှ မြို့နယ်ဦးစီးမှူးများ၊ စီမံကိန်းဝင် ကျေးရွာ(၄၀)ရွာ မှ ကျေးရွာသစ် လှုပ်ရှားမှုကော်မတီ ဥက္ကဌ များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး က အမှာစကားပြောကြားရာ၌ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် တောင်သူ လယ်သမားများ၏ သီးနှံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက် စေရေး ကို အဓိကထား ဆောင်ရွက်လျက်ရှိသကဲ့သို့ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံ ဖြစ်သည့် ကျေးလက်ဒေသများ ဖွံ့ဖြိုး တိုးတက်ရေး နှင့် ကျေးလက်နေပြည်သူများ ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး ကို အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာန က ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ အထောက်အပံ့ဖြင့် ကျေးရွာသစ် လှုပ်ရှားမှု စံပြကျေးရွာများ ထူထောင် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယနေ့အထိ ကျေးရွာပေါင်း(၂၂၄)ရွာ ၏ အခြေခံအဆောက် အအုံများ ၊ ဝင်ငွေတိုးလုပ်ငန်းများ နှင့် ကျေးရွာသူ ကျေးရွာသားများ၏ စွမ်းဆောင်ရည် ဖွံ့ဖြိုးရေးကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ 

မြန်မာနိုင်ငံတွင် စွမ်းအားမြှင့်မီးဖိုများဖြန့်ဖြူးခြင်းစီမံကိန်းအနေဖြင့် နှစ်စဉ် မီးဖို ပေါင်း (၈၆၄၀၀၀)လုံး ဖြန့်ဖြူးလျက်ရှိပြီး စီမံကိန်း၏ ဆွေးနွေးမှု မှတ်တမ်းအရ မီးဖို တစ်လုံးဖြန့်ဖြူးပြီးပါက အမေရိကန် တစ်ဒေါ်လာအား ကျေးရွာသစ်လှုပ်ရှားမှု စံပြကျေးရွာ ဖွံ့ဖြိုးရေး ရန်ပုံငွေအဖြစ် ထောက်ပံ့၍ ယခု ကျေးရွာ (၄၀)အပါအဝင် ကျေးရွာ(၈၀)ကို ဆောင်ရွက်လျက်ရှိကာ စုစုပေါင်း ကျေးရွာ(၁၀၅)ရွာကို အကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ အဆိုပါ ကျေးရွာများ၏ အကောင်အထည်ဖော် ဆောင်ရွက်မှုများ ကိုလည်း နှစ်စဉ် စိစစ်သုံးသပ်အကဲဖြတ်ပြီး ဒုတိယအကြိမ် ထောက်ပံ့ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊

ကျေးရွာများအနေဖြင့် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး ထုတ်လုပ်ပြီး MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း၊ ကျေးရွာကော်မတီများအနေဖြင့် မိမိ ကျေးရွာရှိ တောင်သူများကို စည်းရုံးပြီး သီးနှံ အကြွင်းအကျန် နှင့် တိရစ္ဆာန် စွန့်ပစ်ပစ္စည်းများဖြင့် သဘာဝ မြေဆွေးများ ပြုလုပ် သုံးစွဲကြရန် နှင့် သဘာဝမြေဩဇာ ထုတ်လုပ်ရောင်းချခြင်းဖြင့် အပိုဝင်ငွေ ရရှိရေး ကြိုးပမ်းသွားကြရန် တိုက်တွန်းပါကြောင်း၊ သဘာဝမြေဩဇာ ထုတ်လုပ်မှုနည်းပညာအား ဒေသအလိုက် စိုက်ပျိုးရေးဦးစီးဌာန စက်မှုလယ်ယာဦးစီးဌာနတို့တွင် အကူအညီ ရယူနိုင်ကြပါကြောင်း၊

ကျေးရွာသစ် လှုပ်ရှားမှုစီမံကိန်းစံပြဆောင်ရွက်ကြမည့် ကျေးရွာခေါင်းဆောင်များ အနေဖြင့် မိမိတို့ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းတွင် မိမိတို့ရွာသူရွာသားများ တက်တက်ကြွကြွ ပါဝင်လာနိုင်အောင်စည်းရုံးပြီး စံနမူနာကောင်းပေးနိုင်သည့် ခေါင်းဆောင်များ ဖြစ်အောင် ကြိုးစားအားထုတ်ကြရန် နှင့် မိမိတို့ကျေးရွာများကို နေချင့် စဖွယ် ကောင်းသော စံပြကျေးရွာများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုနှင့် ရှေ့လုပ်ငန်းစဉ်များကို တင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ကျေးရွာသစ်လှုပ်ရှားမှု စံပြကျေးရွာများအတွက် ရန်ပုံငွေများ ထောက်ပံ့ ပေးအပ်ပြီး ဒုတိယဝန်ကြီးများက မတ်လ (၁၈) ရက်နေ့မှ ယနေ့ (၂၂) ရက်နေ့ထိ ကျေးရွာသစ် လှုပ်ရှားမှု အခြေခံသင်တန်း(၁/၂၀၂၄)သင်တန်းဆင်း လက်မှတ်များကိုပေးအပ်ကြရာ သင်တန်းသားကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြ သည်။

ယခုဆောင်ရွက်သော စီမံကိန်းများသည် ထင်းအသုံးပြုမှု လျှော့ချခြင်းဖြင့် ပတ်ဝန်းကျင် ကို ထိန်းသိမ်းရန်၊ တောင်သူ လယ်သမားများနှင့် ကျေးလက်နေပြည်သူများ အား ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်ပတ်သက်၍ ပညာပေးရန် နှင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ ဗဟုသုတများအား မြှင့်တင်ပေးရန်၊ စွမ်းအားမြှင့်မီးဖို ထုတ်လုပ်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန်၊ ချက်ပြုတ်ခြင်း အတွက် လောင်စာထင်း သုံးစွဲမှု ကို လျှော့ချခြင်းဖြင့် ကာဗွန် ထုတ် လွှတ်မှု လျှော့ချ နိုင်ခြင်းကြောင့် Carbon Credit ရရှိရန်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး အတွက် ရန်ပုံငွေ တစ်ရပ်ထူထောင်၍ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး စံပြကျေးရွာများ တိုးချဲ့ တည်ထောင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ စွမ်းအားမြှင့်မီးဖိုများဖြန့်ဖြူးခြင်း စီမံကိန်းမှ ရရှိသည့် ထောက်ပံ့ရန်ပုံငွေဖြင့် ကျေးရွာများ၏ ဝင်ငွေတိုးပွားရေး၊ လူနေမှု ပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းဆောင်ရည် မြှင့်တင်ရေး ကဏ္ဍ (၃)ရပ်အား အကောင် အထည်ဖော်ခြင်းဖြစ်ကြောင်း သိရသည်။