၄၄ ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲတွင် ရေမြုပ်ခံစပါးမျိုးများအကြောင်း ဆွေးနွေး

၄၄ ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲတွင် ရေမြုပ်ခံစပါးမျိုးများအကြောင်း ဆွေးနွေး

နေပြည်တော် ဩဂုတ် ၁၀

စိုက်ပျိုးရေးပညာရှင်များ၊ သုတေသီများနှင့် တောင်သူများ နီးနီးစပ်စပ်ထိတွေ့၍ ကဏ္ဍအလိုက် လုပ်ငန်းသဘာဝများကို အပြန်အလှန်သိရှိနားလည်နိုင်ကြသဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ဟန်ချက်ညီပူးပေါင်းဆောင်ရွက်နိုင်စေရန် နေပြည်တော် ရေဆင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာန၌ အပတ်စဉ် စနေနေ့တိုင်း တောင်သူနည်းပညာဆွေးနွေးပွဲကို ကျင်းပပြုလုပ်လျက်ရှိရာ ၄၄ ကြိမ်မြောက် ဆွေးနွေးပွဲသို့ စိုက်ပျိုး ရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ စိုက်ပျိုးရေး ပညာရှင်များသုတေသီများနှင့် နေပြည်တော်ကောင်စီနယ် မြေ  ပုဗ္ဗသီရိမြို့နယ်၊ နှင့် ဥတ္တရသီရိမြို့နယ်များမှ တောင်သူ ၄၀ ဦးတို့တက်ရောက်၍ ရေမြုပ်ခံစပါးမျိုးများအကြောင်း ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး ပြည်နယ်များ မှ လယ်ယာ ကဏ္ဍဆိုင်ရာတာဝန်ရှိသူများနှင့် တောင်သူစုစုပေါင်း (၁၀၅)ဦးတို့က အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက် ဆွေးနွေးကြသည်။

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန စပါးသီးနှံဌာနခွဲ ညွှန်ကြားရေးမှူး ဦးတိုးမင်း၊ စိုက်ပျိုးရေးသု တေသနဦးစီးဌာနသုတေသနအရာ ရှိ ဒေါက်တာချိုချိုအောင် က ရေမြုပ်ခံစပါးမျိုးများ နှင့်ပတ်သက်၍ လိုက် နာရန် အချက်များတင်ပြ ဆွေးနွေးကြပြီး တောင်သူများ၏ မေးမြန်းမှုများကို အသေးစိတ် ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြသည်။

၄၄ ကြိမ်မြောက် ကျင်းပသည့် တောင်သူနည်းပညာဆွေးနွေးပွဲ တွင် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ဆွေးနွေးပြောကြားရာ၌ ယခုကဲ့သို့ ရာသီဥတု ပြောင်းလဲသက်ရောက်မှု ကြုံတွေ့ရသည့် ကာ လနှင့် ရေကြီးရေလွှမ်းမှု ကြုံတွေ့ ရသည့် ကာလတွင် ရေမြုပ်ခံ စပါး မျိုးများ နှင့်ပတ်သက်၍ တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိရန်နှင့် ရေ မြုပ်ခံ စပါးမျိုးများကို တွင်ကျယ်စွာ အသုံးပြုနိုင်ရန်နည်းလမ်းမျိုးစုံဆောင်ရွက်ပေးကြရန်လိုအပ် ကြောင်း၊ ဌာနမျိုးသန့်မျိုးပွားခြံများ အနေဖြင့် ရေမြုပ်ခံ စပါး မျိုးများကို နှစ်စဉ် တစ်ရာသီစာ ကြိုတင်၍ မျိုး စေ့ထုတ်လုပ်ထားပြီး သဘာဝဘေး ဖြစ်ပေါ်ပါက အသင့်အသုံးပြုနိုင်ရေး ဆောင်ရွက်ကြရန်ဖြစ်ပြီး ရာသီကုန်ချိန်တွင် အသုံးပြုရန် မလိုအပ်ပါက အခြားနည်း သုံးစွဲနိုင်၍ ဆုံးရှုံးရန် မရှိသဖြင့် လာမည့် စိုက်ပျိုး ရာသီများတွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက် ပျိုးရေး သုတေသနဦးစီးဌာန မျိုးသန့်မျိုးပွါး ခြံများ၌ ရေမြုပ်ခံ စပါး မျိုးများကို နှစ်စဉ် တစ်ရာသီစာ ကြို တင်၍ မျိုးစေ့ထုတ်လုပ် ဆောင်ရွက်ကြရန် ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။    

ဆွေးနွေးပွဲတွင် ရေကြီးနစ်မြုပ်မှုအခြေအနေနှင့်ပြန်လည်စိုက်ပျိုးရာတွင် လိုက်နာရမည့်အချက်များ၊ ရေကြီးနစ်မြုပ်မှုကြောင့်ပျက်စီးသော လယ်ယာမြေများ၌ စပါး ပြန်လည်စိုက်ပျိုးရာတွင် လိုက်နာရမည့်အချက်များ၊ ရေကြီးကွင်းဒေသများအတွက် စပါးမျိုးများမွေးမြူရွေး ချယ်ခြင်း၊ ရေမြုပ်ခံစပါးစိုက်ပျိုးနည်းသုတေသနလုပ်ငန်းများ၊ ရေ မြုပ်ခံ စပါးမျိုးများ ဖြန့်ဖြူးမှုနှင့် စမ်းသပ်မျိုးများ၏ ဒေသအလိုက် အထွက်နှုန်းများကို သက်ဆိုင်ရာပညာရှင်များက ဆွေးနွေးတင်ပြကြရာ ဆွေးနွေးပွဲတက်ရောက် လာကြသူများက သိရှိလိုသည်များကို ရင်း နှီးပွင့်လင်းစွာ မေးမြန်းဆွေးနွေးခဲ့ကြပြီး ဒုတိယဝန်ကြီးက လုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင် ရာ ဒေသများသို့ သွားရောက်ကာ တောင်သူလယ်သမားများနှင့်အတူ မိဘလိုင်းများ ရွေးချယ်မျိုးကူးစပ် ခြင်းမှ ရရှိလာသည့် ဗီဇကွဲသားဆက်လိုင်းများကို ဒေသအခြေအနေများတွင် ရွေးချယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကြရန်ဖြည့်စွက်မှာကြား ခဲ့ကြောင်း သတင်း ရရှိသည်။

MOALI