အင်ဒိုနီးရှားဆီအုန်းကဏ္ဍ စိန်ခေါ်မှုများ ဖြေရှင်းနိုင်ရန် ခိုင်မာကောင်းမွန်သည့် အဖွဲ့ရှိရန် လိုအပ်

အင်ဒိုနီးရှားဆီအုန်းကဏ္ဍ စိန်ခေါ်မှုများ ဖြေရှင်းနိုင်ရန် ခိုင်မာကောင်းမွန်သည့် အဖွဲ့ရှိရန် လိုအပ်

အင်ဒိုနီးရှား စားအုန်းဆီလုပ်ငန်းသည် ပြည်တွင်းစိန်ခေါ်မှုများအပြင် ကမ္ဘာ့စိန်ခေါ်မှုများကိုပါ ရင်ဆိုင်နေရကြောင်း၊ ထို့ကြောင့် အဆိုပါပြ ဿနာရပ်များကို ထိရောက်အောင် မြင်စွာ ဖြေရှင်းနိုင်ရန် အတွက် စားအုန်းဆီကဏ္ဍရှိ ပါဝင်ပတ်သက်သူအားလုံးအကြား ခိုင်မာကောင်းမွန်သည့် ပူးပေါင်း ဆောင်ရွက်မှုလိုအပ်ကြောင်း အင်ဒိုနီးရှား စားအုန်းဆီအသင်း (Indonesia Palm Oil Association – GAPKI) ၏ ဥက္ကဋ္ဌဖြစ်သူ Eddy Martono က Medan မြို့တွင် ၂၀၂၄ ခုနှစ်၊ မေ ၃၀ ရက်နေ့က ပြုလုပ်ခဲ့သည့် Indonesian Palm Oil Stakeholders Forum တွင် ပြောကြားခဲ့သည်။ 

Eddy Martono က စားအုန်းဆီကဏ္ဍနှင့်စပ်လျဉ်း၍ ပြည်တွင်းအနေဖြင့် စိန်ခေါ်မှု ၄ ခုရှိ ကြောင်း၊ ပထမစိန်ခေါ်မှုမှာ ဆီအုန်းနှင့် ဇီဝလောင်စာသုံးစွဲမှု မြင့်တက်လျက်ရှိပြီး ထုတ်လုပ်မှု ရပ်တန့်နေခြင်းဖြစ် ကြောင်း၊ ဒုတိယစိန်ခေါ်မှုမှာ အလုပ် အကိုင်ဖန်တီးမှုအတွက် Omnibus Law ၏ Article 110A နှင့် 110B ကို အကောင်အထည်ဖော်မှုသည် ဆီအုန်းစိုက်ဧက သန်းပေါင်းများစွာမှာ လုပ်ငန်းဆောင်ရွက်နိုင်ခြင်းမရှိကြောင်း၊ ထိုသို့ဖြစ်ရခြင်းမှာ ယင်းစိုက်ပျိုးမြေများသည်  သစ်တော ဧရိ ယာကို ကျုးကျော်ထားသည်ဟု သံ သယရှိသည့်အတွက် စိုက်ပျိုးရာသီ တစ်ခုပြီးဆုံးပါက သစ်တောဧရိယာအဖြစ် ပြန်လည်ထားရှိရမည်ဖြစ် ကြောင်း၊ တတိယစိန်ခေါ်မှုမှာ ဆီ အုန်းစိုက်ပျိုးသည့် ကုမ္ပဏီများအနေ ဖြင့် စိုက်ပျိုးရေးဝန်ကြီးဌာန၏ စည်း မျဉ်းအမှတ် ၂၆/၂၀၀၇ အရ ကုမ္ပဏီ များ၏ စုစုပေါင်းစိုက်ဧကမှ ၂၀ ရာ ခိုနှုန်းကိုဒေသခံပြည်သူများအတွက် အသေးစားစိုက်ပျိုးမှု (small-scale plantation) ဆောင်ရွက်ပေးရန်သတ်မှတ်ချက်ကို လိုက်နာရန် ပြည် သူလူထု၏ တောင်းဆိုမှု မြင့်တက်လာခြင်းဖြစ်ကြောင်း၊ ထိုသို့သော လူထုတောင်းဆိုမှုများ မြင့်တက်လာခြင်းသည် ဆီအုန်း စိုက်ပျိုးထုတ် လုပ်မှု၊ ယင်းကဏ္ဍရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် အလွန်ဆိုးဝါး ပြီး ပဋိပက္ခများအဖြစ်သို့ ဦးတည်သွားကြောင်း၊ Kalimantan အလယ်ပိုင်းတွင် ဆီအုန်းစိုက်ပျိုး ထုတ်လုပ်သည့် ကုမ္ပဏီအများအပြား ထိုသို့သောအခြေအနေများနှင့် ကြုံတွေ့နေရပြီး သေချာမဖြေ ရှင်းနိုင်ပါက အခြားသောဒေသများသို့ပါပျံ့နှံ့သွား နိုင်ကြောင်း၊ အဆိုပါအခြေအနေများ သည် ဥပဒေ ပိုင်းဆိုင်ရာ မသေချာမှုကို ဖြစ်ပေါ်စေပြီး ဆီအုန်းစိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍတွင် ရေရှည်တည် တံ့သည့် ရင်းနှီးမြှုပ်နှံမှုကို ခြိမ်း ခြောက်နေသည့် အခြေအနေဖြစ် ကြောင်း၊ စတုတ္ထတစ်ခုမှာ အစိုးရ၏ လုပ်ထုံးလုပ်နည်းအမှတ် ၅/၂၀၂၁ အရ ဆီအုန်း စိုက်ပျိုးခြင်းမရှိဘဲ စားအုန်းဆီစက်များအတွက် လုပ်ငန်းလိုင်စင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

၎င်းက ပြည်တွင်းပြဿနာများအပြင် အင်ဒိုနီးရှား ဆီအုန်းလုပ်ငန်းအပေါ် အဆိုးမြင်သည့် လှုံ့ဆော်ပွဲများ၊ EU Deforestation free Regulation အကောင်အထည်ဖော်မှုများ အပါအဝင် အင်ဒိုနီးရှားနိုင်ငံ၏ ဆီအုန်းလုပ်ငန်းမှာ ကမ္ဘာ့ဈေးကွက်တွင်လည်း စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရကြောင်း၊ ထိုသို့သော ပြဿနာရပ်များကို ဖြေရှင်းရန် ဆီအုန်းလုပ်ငန်းကဏ္ဍတွင် ပါ ဝင်ပတ်သက်သူများအားလုံး ပူး ပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်ရန်၊ ဗဟိုအစိုးရ၊ ပြည်နယ်အစိုးရများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။ 

GAPKI North Sumatra Office ၏ခေါင်းဆောင်ဖြစ်သူTimbas Pra-sad Ginting ကသစ်တောပြန် လည် စိုက်ပျိုးမှုအစီအစဉ်ကို အကောင် အထည်ဖော်မှုနှင့်စပ်လျဉ်း၍ လုပ် ထုံးလုပ်နည်း များ ကိုက်ညီမှုရှိသင့်ကြောင်း၊ သစ်တောဧရိယာကို ကျူး ကျော်ထားသည်ဟု သံသယရှိဖွယ် စိုက်ခင်း ပြဿနာနှင့် သက်ဆိုင်နေကြောင်း၊ မြေပိုင်ဆိုင်မှုလက်မှတ် ကိုင်ဆောင်ထားသည့် အသေးစားလုပ်ငန်းရှင်အများအပြားရှိသော် လည်း အစိုးရထံမှ စိုက်ပျိုးစရိတ်မရရှိသည့်အတွက်သစ်တောပြန် လည် စိုက်ပျိုးသည့်အစီအစဉ်ကို ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။ 

North Sumatra တွင် ဆီအုန်းစိုက်ဧက ဟတ်တာပေါင်း ၁.၄ သန်းနီးပါးရှိပြီး ထုတ်လုပ်မှုအနေဖြင့် တစ်နှစ်လျှင် တန် ၂၄ သန်းရှိကြောင်း၊ဆီအုန်းလုပ်ငန်းသည် North Sumatra ၏ မဟာ ဗျူဟာကျသည့် လုပ်ငန်းဖြစ်ပြီး အဆိုပါပြည်နယ်ရှိအလုပ်သမားမျာအတွက် အလုပ်အကိုင် အများဆုံး ဖန်တီးပေးသည့် လုပ်ငန်းဖြစ်ကြောင်း၊ Sumut တွင် ဆီအုန်းစိုက်ပျိုးသည့်ကုမ္ပဏီပေါင်း ၂၃၇ ခုရှိကြောင်း ၎င်းထံမှသိရှိရသည်။ 

အင်ဒိုနီးရှားနိုင်ငံ၏ ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှု ရပ်တန့်နေမှုနှင့် ၎င်းတို့ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများအပေါ်အခြေခံ၍ မြန်မာနိုင်ငံတွင် ဆီအုန်းစိုက်ပျိုးထုတ်လုပ်ခြင်း၊ စာအုန်းဆီ တင်သွင်း/ တင်ပို့မှုများကို ချိန်ဆဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။ 

သွယ်သွယ်ဆုတင်