အိန္ဒိယတွင် မီးဖိုချောင်သုံးစား‌သောက်ကုန်ဈေးနှုန်းများ ကြီးမြင့်မှု အိမ်အသုံးစရိတ်များအပေါ် သက်ရောက်

အိန္ဒိယတွင် မီးဖိုချောင်သုံးစား‌သောက်ကုန်ဈေးနှုန်းများ ကြီးမြင့်မှု အိမ်အသုံးစရိတ်များအပေါ် သက်ရောက်

၂၀၂၃ ခုနှစ်တွင် မိုးနည်းပါးမှုကြောင့် အိန္ဒိယနိုင်ငံ၏ ပြည်တွင်း စိုက်ပျိုးရေးထုတ်ကုန်များ ထွက်ရှိမှုကျဆင်းခဲ့သဖြင့် မီးဖိုချောင်သုံး ပဲမျိုးစုံ၊ ဂျုံနှင့် သကြားကဲ့သို့သော အဓိကစားသောက်ကုန်များ၏ ဈေး နှုန်းများ  မေလတွင် ဆက်တိုက်မြင့်တက်ခဲ့ကြောင်း၊ နိုင်ငံတကာ ဈေး ကွက်တွင်လည်း ကုလားပဲ၊မတ်ပဲနှင့်ပဲစင်းငုံများရရှိနိုင်မှု ကန့်သတ်ချက်များကြောင့် တင်သွင်းမှု နှောင့်နှေးပြီး ဈေးနှုန်းများကြီးမြင့်ခဲ့သကဲ့သို့ သကြားနှင့်ဂျုံဈေးနှုန်းမှာလည်း အရန်ထားမှု လျော့နည်းနေသဖြင့် ဈေးနှုန်းမှာအမြင့်တန်းတွင်ရှိနေကြောင်း သိရှိရသည်။ 

ပဲစင်းငုံသည် လွန်ခဲ့သည့်လများစွာကတည်းက လက်လီဈေးကွက်တွင် ၁ ကီလိုဂရမ်လျှင် ၂၀၀ ရူပီးဖြင့် ရောင်းချနေခဲ့ကြောင်း၊ကုလားပဲ အဓိကထုတ်လုပ်သည့် Indore နှင့် Akola တို့တွင် ကုလားပဲခွဲခြမ်းဈေး ၁ ကီလိုဂရမ် လျှင် ၉၃ ရူပီး နှင့် ၈၆ ရူပီး အသီးသီးရှိသဖြင့် ကုလားပဲလက်လီဈေးနှုန်းမှာလည်း ၁ ကီလို ဂရမ်လျှင် ၁၀၀ ရူပီး အထက်တွင်ရှိကြောင်း သိရှိရသည်။ 

ကုလားပဲထွက်ရှိမှုကျဆင်းမည်ဟူသော ခန့်မှန်းချက်ကြောင့် လယ် သမားများနှင့် ကုန်သည်များက ဈေးမျှော်သိုလှောင်ထားသောကြောင့် ကုလားပဲဈေးနှုန်းများတက်သွားခြင်းဖြစ်သည်ဟု Maharashtra ပြည်နယ်မှ ကုန်သည်တစ်ဦးက ပြောကြားထားသည်။

အိန္ဒိယသည် မေလ ၇ ရက်နေ့တွင် ကုလားပဲတင်သွင်းမှုအပေါ် ကောက်ခံသည့် အခွန်ကို ဖယ်ရှားပြီးနောက်သြစတြေးလျနိုင်ငံမှ ကုလားပဲတန်ချိန် ၅၈,၀၀၀ ကို တင်သွင်းခဲ့ကြောင်း၊  ကုန်သွယ်မှုခန့်မှန်းချက်များအရ နိုင်ငံတကာဈေးကွက်တွင် ကုလားပဲရရှိနိုင်မှု နည်းပါးနေပြီး မိုးရာသီကုလားပဲမှုန့်ဝယ်လိုအားမြင့်တက်နေသောကြောင့် စားသုံးသူများအနေဖြင့် ကုလားပဲဈေးနှုန်း ကြီးမြင့်မှုမှ များစွာသက်သာရာ ရနိုင်ဖွယ်မရှိကြောင်း သိရှိရသည်။ 

Maharashtra ပြည်နယ်ရှိ သကြားစက်များတွင် ပြီးခဲ့သောတစ်လအတွင်း ဝယ်လိုအားမြင့်တက်ခဲ့သဖြင့်  တစ် ကွင်တယ် (၁၀၀ ကီလို ဂရမ်) လျှင် ၁၀၀ ရူပီး မြင့်တက်ခဲ့ပြီး  3600 ရူပီး ပတ်ဝန်းကျင်သို့ ရောက်ရှိခဲ့ကြောင်း၊  ပြင်းထန်သည့် အပူလှိုင်းအခြေအနေကြောင့် သကြားဝယ်လို အား အားကောင်းနေကြောင်းနှင့် သကြားဈေးနှုန်းများ လာမည့်လများအတွင်း တည်ငြိမ်နေမည်ဟုမျှော်လင့်ကြောင်း  Maharashtra မှ သကြားပွဲစား Abhijit Ghorpade 
ကပြောကြားထားသည်။

ဂျုံဈေးသည် လွန်ခဲ့သော 15 ရက် 20 ရက်အတွင်း 4 %  မှ 5% အထိ မြင့်တက်ခဲ့ကြောင်း၊ ယင်းကြောင့် ဒေဝါလီပွဲတော်ပြီးနောက် ဂျုံထွက်ရှိမှုနည်းပါးသည့်အချိန်တွင် ဈေးကွက်အတွင်း ဂျုံပြတ်လပ်မှုမှ ကာကွယ်ရန်အတွက် ပြည်ပမှ  ဂျုံတင်သွင်းခွင့်ပြုရန် စားသောက်ကုန်လုပ်ငန်းများမှ တောင်းဆိုထား
ကြောင်း သိရှိရသည်။ 

မျိုးမြင့်မောင်

Pricier kitchen staples upset home budgets, The Economic Times,