အိန္ဒိယအစိုးရက အီသနောထုတ်လုပ်မှုအတွက် သကြားတန်ချိန် ၁.၇ သန်းကို ပြောင်းလဲအသုံးပြုရန် ခွင့်ပြုနိုင်

အိန္ဒိယအစိုးရက အီသနောထုတ်လုပ်ရန်အတွက် သကြားစက်များနှင့် ပေါင်းခံစက်ရုံများ အား ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ကြံရည်နှင့် ဖျော်ရည်များအတွက် သကြားကို အသုံးမပြုရန် ညွှန်ကြား ထားပြီး ရက်အနည်းငယ်အကြာတွင် သကြားတန်ချိန် ၁ ဒသမ ၇ သန်းကို အီသနောထုတ်လုပ်ရန် အတွက် လွှဲပြောင်းခွင့်ပြုဖွယ်ရှိသည်ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားထားကြောင်း The Economic Times သတင်းစာတွင်ဖော်ပြထားသည်။
အစားအသောက်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက အီသနောထုတ်လုပ်မှုအတွက် သကြား တန်ချိန် ၁ ဒသမ ၇ သန်းကို လွှဲပြောင်းခွင့် ပြုမည့် အကြောင်းကြားစာအသစ်ကို အစိုးရမှ ထုတ်ပြန်ရန်ရှိ ကြောင်း၊ အဆိုပါ အကြောင်းကြားစာတွင် ဖျော်ရည်နှင့် ဖျော်ရည်များမှ ထုတ်လုပ်နိုင်သည့် ပမာဏ ကို ဖော်ပြမည်ဖြစ်ကြောင်း ပြောကြားထားသည်။
အစိုးရက အီသနောထုတ်လုပ်ရန်အတွက် ဒီဇင်ဘာ ၇ ရက်တွင် သကြားစက်ရုံများနှင့် ပေါင်း ခံစက်ရုံများကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာမှ ၂၀၂၄ ခုနှစ် အောက်တိုဘာအထိ ကြံရည် သို့မဟုတ် သကြားရည်များ အသုံးပြုခြင်းကို ချက်ချင်းရပ်တန့်ရန် ညွှန်ကြားခဲ့ကြောင်း၊ သို့ရာတွင် တင်လဲရည် နှင့် အစားအသောက်အစေ့အဆန်ထုတ်လုပ်မှုများကို လစဉ်ပြန်လည် သုံးသပ်မှုအရ ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ရာသီဥတု မမှန်ခြင်းကြောင့်ကြံထုတ်လုပ်မှု ကျဆင်းခြင်းနှင့် ပြည်တွင်းဈေးကွက်တွင် သကြားဈေးနှုန်းများ မြင့်တက်ခြင်းတို့အပေါ် စိုးရိမ်မှုများကြောင့် အစိုးရက ယခုကဲ့သို့ ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်ပြီး အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ပျမ်းမျှစားသုံးသူ လက်ကားဈေးသည် ဒီဇင်ဘာ ၁၄ ရက်တွင် ၁၀၀ ကီလိုလျှင် ၄၁၄၀ ရူပီး ခန့် ဖြစ်ပြီး ယမန်နှစ် အလားတူကာလတွင် စျေနှုန်းမှာ ၁၀၀ ကီလိုလျှင် ၃၉၃၅ ရူပီး သာရှိခဲ့သည်ကို အစိုးရ၏အချက်အလက်များအရသိရသည်။ စားသောက် ကုန်ပစ္စည်းများ၏ ဈေးနှုန်းကြီးမြင့်မှုသည် အောက်တိုဘာလက ၆ ဒသမ ၆၁ ရာခိုင်နှုန်း သာရှိသော်လည်း နိုဝင်ဘာလတွင် ၈ ဒသမ ၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သဖြင့် အစိုးရအနေဖြင့် ၂၀၂၄ အထွေထွေရွေး ကောက်ပွဲကာလတွင် မရှိမဖြစ်လိုအပ်သော အခြေခံ စားသောက်ကုန်များ၏ ဈေးနှုန်းများကို ထိန်း ချုပ်နိုင်ရန် အရေးကြီးသည်ဟု သုံးသပ်လျှက်ရှိသည်ကို တွေ့ရှိရသည်။
အောက်တိုဘာလတွင် ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ နိုင်ငံခြားကုန်သွယ်မှု အထွေထွေညွှန်ကြားမှုဦးစီးဌာန (DGFT) မှ သကြားတင်ပို့မှု ကန့်သတ်ချက်ကို ၂၀၂၃ ခုနှစ် အောက် တိုဘာ ၃၁ ရက်နေ့နောက်ပိုင်းတွင်ကာလ သတ်မှတ်ချက်မရှိ ကန့်သတ်ကာလအဖြစ် ပြင်ဆင်ခဲ့ ပါသည်။
အိန္ဒိယ သကြားစက်လုပ်ငန်းရှင်များအသင်းက အီသနောထုတ်လုပ်နိုင်ရန်အတွက် ကြံရည် အသုံးပြုမှုကို ရုတ်တရက် ပိတ်ပင်လိုက်ခြင်းသည် သကြားစက်များ၏ စွမ်းဆောင်ရည် အပေါ် ဆိုးရွားစွာ အကျိုးသက်ရောက်စေမည်ဖြစ်ပြီး အစိမ်းရောင် လောင်စာဆီအတွက် စက်ရုံများထူ ထောင်ရန် လွန်ခဲ့သည့်သုံးနှစ်အတွင်း ၎င်းတို့ရင်းနှီးမြုပ်နှံထားသည့် ရူပီးသန်းပေါင်း တစ်သိန်း ငါးသောင်းခန့်မှာ အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်းနှင့် ကြံစိုက်တောင်သူများကို ငွေပေး ချေရာတွင် ကြန့်ကြာမှုများ ရှိလာနိုင်သဖြင့် စိုးရိမ်မှုများရှိနေကြကြောင်း သိရသည်။
အိန္ဒိယနိုင်ငံရှိ မဟာရက်ရှ်ထရာနှင့် ကာနာတာကာ ပြည်နယ်တို့ကဲ့သို့သော အဓိက ကြံထွက်သည့်ပြည်နယ်များတွင် မိုးရွာသွန်းမှု နည်းပါးခဲ့ပြီး ယခုနှစ်တွင် ၃ ရာခိုင်နှုန်းနှင့် ၁၈ ရာခိုင်နှုန်း အသီး သီးလျော့နည်းခဲ့ကြောင်း၊ မိုးရေလုံလောက်စွာ မရရှိခြင်းကြောင့် ကြံအထွက်နှုန်း နည်းပါးစေပြီး ရလဒ်အနေဖြင့် ၂၀၂၃-၂၀၂၄ ရာသီချိန် (အောက်တိုဘာ ၂၀၂၃ မှ စက်တင်ဘာ ၂၀၂၄ ခုနှစ် အတွင်း) တွင် ကြံထုတ်လုပ်မှု ၉ ရာခိုင်နှုန်း ကျဆင်းမည်ဟု မျှော်လင့်ထားကြောင်း CRISIL အစီရင် ခံစာတွင် ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံမှ ပြည်တွင်းလောင်စာဆီ လိုအပ်ချက်အတွက် ပြည်ပမှ တင်သွင်းနေရမှုအပေါ် မှီခိုနေရမှုအား လျှော့ချနိုင်ရေးအတွက် ကြံမှ အီသနော လောင်စာဆီ ထုတ်လုပ်နိုင်ရေးကို ကြိုးပမ်း ဆောင်ရွက်လျှက်ရှိသည်။ ယခုနှစ်များတွင် အီသနောလောင်စာဆီ ထုတ်လုပ်မှုကို ပိုမိုတွန်းအား ပေးဆောင်ရွက်လာသည့်အပြင် ရာသီဥတုဖောက်ပြန်မှုများကြောင့် သကြားအထွက်နှုန်းလျော့နည်း သည့်အတွက် ပြည်ပသို့တင်ပို့မှုကို ကန့်သတ်ထားသည်ကိုလည်း တွေ့ရှိရသည်။ ထိုသို့ အိန္ဒိယ နိုင်ငံမှ နိုင်ငံတကာသို့ သကြားတင်ပို့မှု ကန့်သတ်ခြင်းသည် နိုင်ငံတကာဈေးကွက်အပေါ် သက် ရောက်မှုများရှိသကဲ့သို့ ဒေသတွင်းသကြားထုတ်လုပ်သည့် နိုင်ငံများအတွက်လည်း ဈေးကွက်အခွင့် အလမ်းများ ရရှိလာနိုင်မည်ဖြစ်သည်။
ထို့ကြောင့် မြန်မာနိုင်ငံမှသကြားထုတ်လုပ်သူများအတွက် လည်း ဈေးကွက်အခြေအနေအား မျက်ခြေမပြတ် လေ့လာစောင့်ကြည့်၍ အခွင့်အလမ်းများကို ထိရောက်စွာ ရှာဖွေဆောင်ရွက်သင့်ပါကြောင်းနှင့် မြန်မာနိုင်ငံသည်လည်း လောင်စာဆီကို ပြည်ပမှ မှီခိုနေရသည့်အတွက် အိန္ဒိယနိုင်ငံ၏ လောင်စာဆီ အစားထိုးနိုင်ရေးအတွက် ကြံမှ အီသနောထုတ် လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှုအပေါ် ဖြစ်နိုင်ဖွယ်ရာအခြေ အနေများအား လေ့လာစောင့် ကြည့်သင့်ပါကြောင်း တင်ပြလိုက်ရပါသည်။
မျိုးမြင့်မောင်
Source : Government to allow diversion of 1.7 million tonnes of sugar for ethanol production, Economic Times,