တန်ဖိုးမြင့်ရေထွက်ကုန် ဂဏန်းပျော့၏သဘာဝနှင့်အသုံးဝင်ပုံ

Image
ဂဏန်းပျော့

ကဏန်းများသည် ကမ္ဘာ့သမုဒ္ဒရာရေပြင် ရေချိုပိုင်းနှင့် ကုန်းတွင်းပိုင်းတို့တွင် နေထိုင်လေ့ရှိကြပြီးကမ္ဘာ့အနှံ့အပြား တွင် ကဏန်းမျိုးစိတ်ပေါင်း ၆၇၀၀ ကျော်ခန့်ရှိကြပြီး ကဏန်းအုပ်စုပေါင်း ၉၃ စုခန့်ရှိကြောင်း မှတ်တမ်းများအရ သိရပါသည်။ 

သဘာဝကပေး အစာနှင့်ဆေး ၊ ကောက်လန်းတီ

Image
ကောက်လန်းတီ

ငယ်စဥ်က နံနက်ဝေလီဝေလင်းချိန်ခါ ပဲပြုတ်သည်လာသည့်အချိန်တွင် ပဲပြုတ်အပါအဝင် ကောက်လန်းတီမုန့်၊ ထန်းသီးမုန့်၊ မုန့်ဦး‌နှောက်၊ မုန့်လိပ် ပြာ၊ ငှက်ပျောကောက်ညှင်းထုပ် အစရှိသည့် ရိုးရာမုန့်များလည်း ပါ၏။ လူကြီးမိဘများက ထမင်းကြော်ဖို့ စားတော်ပဲပြုတ် ဝယ်သည့်အခါ ကျွန်မတို့ မောင်နှမများအတွက် မုန့်လေးများ ဝယ်ပေး၏။ စာရေးသူသည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဇာတိချက်မြှုပ်ဖြစ်ရာ မွန်တို့၏ ရိုးရာ မုန့်ပဲသရေစာ တစ်မျိုးဖြစ်သည့် ကောက်လန်းတီ ပန်းရနံ့လေးသင်းသင်းမွှေးပြီး ခရမ်းရင့်ရောင် ချိုဆိမ့်ဆိမ့်အရသာရှိသော မုန့်လေးအပေါ် ဖြူဖွေးနုရွနေသည့် အုန်းသီးခြစ်လေးဖြူးပြီး စားလိုက်ရသည့် အချိ

မန္တလေးဈေးကွက်

ဆန်

ရန်ကုန်ပေါ်ဆန်းမှာ အသစ်ဝင်ရောက်မှု ရှိခြင်း၊ အဝင်များခြင်း၊ မြို့တွင်းစားသုံးရန်ဝယ်ယူမှုနည်းခြင်းကြောင့် တစ်အိတ် ၁၁၀၀၀၀ ကျပ်သို့ ဈေးမသိမသာနိမ့်နေပြီး ရွှေဘိုပေါ်ဆန်းမှာ ရွှေဘိုဒေသတစ်ခုထဲမှထွက်ရှိပြီး မြို့တွင်းသုံးဝယ်ယူမှုများခြင်းကြောင့် တစ်အိတ် ၁၂၅၀၀၀ ကျပ်မှ ၁၃၅၀၀၀ ကျပ်သို့ ဈေးမသိမသာမြင့်သွားသည်။ မနောသုခဆန်မှာ အသစ်အဝင်များလာခြင်း၊ အဟောင်းလက်ကျန်နည်းသွားခြင်းကြောင့် တစ်အိတ် ၇၆၀၀၀ ကျပ်မှ ၇၈၀၀၀ ကျပ်သို့ ဈေးမသိမသာမြင့်သွားသည်။ ငစိန်ဆန်နှင့်ဇီယာဆန်တို့အနက် ငစိန်ဆန်မှာ အဝင်များလာခြင်း၊ လုပ်ငန်းသမားအဝယ် နည်းခြင်းတို့ကြောင့် တစ်အိတ

ရန်ကုန်ဈေးကွက်

ဆန်

ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်းလမ်း)တွင် ထုတ်ပြန်ထားသော ဆန်ဈေးနှုန်းများအရ ရွှေဘိုပေါ်ဆန်း(အဟောင်း) အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၄၈၀၀ ကျပ်၊ အောက်စတစ်အိတ်လျှင် ၁၄၅၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း(အသစ်) အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၃၃၀၀၀ ကျပ်၊ အောက်စတစ်အိတ်လျှင် ၁၃၀၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်း (အဟောင်း) အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ်၊ ပေါ်ကျွဲဆန် (အဟောင်း) တစ်တင်းခွဲ တစ်အိတ်လျှင် ၁၀၁၀၀၀ ကျပ်၊ အောက်စတစ်အိတ်လျှင် ၁၀၀၀၀၀ ကျပ်၊ ဇီယာဆန်(အသစ်) အလတ်စ တစ်အိတ်လျှင် ၆၄၀၀၀ ကျပ်၊ အောက်စတစ်အိတ်လျှင် ၆၃၀၀၀ ကျပ်၊ ဧည့်မထ (၂၅ မှတ်) ဆန်ကြမ်း အလတ

အထွက်ကောင်း ဝင်ငွေတိုးစေဖို့၊ ပဲတီစိမ်းကို နည်းစနစ်မှန်စွာ စိုက်ကြစို့

Image
ပဲတီစိမ်း

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံအားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်များဖြစ်သည်။ ပြည်ပပို့ကုန်ကဏ္ဍများ တွင်လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှုကဏ္ဍမှာ အားထားရသည့်ကဏ္ဍတစ်ခု ဖြစ်နေသကဲ့သို့ လယ်ယာထွက်ကုန် ပစ္စည်းတင်ပို့မှုကဏ္ဍတွင်လည်း ပဲမျိုးစုံသည် အားထားရသည့် အဓိက ပို့ကုန်တစ်မယ်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ပဲမျိုးစုံ စိုက်ဧကမှာ ၁၀ သန်းကျော် ရှိသည့်အတွက် ပဲမျိုးစုံသည် မြန်မာနိုင်ငံအတွက် ဒုတိယ အရေးကြီးသော သီးနှံဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံသည် ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့မှုတွင် အာဆီယံ နိုင်ငံမျ