ရွှေဘိုပေါ်ဆန်းမှာ ရွှေဘိုဒေသတစ်ခုထဲမှ ဝင်ရောက်သော ဆန်ဖြစ်ခြင်း၊ အဝင်နည်းခြင်း၊ အဟောင်းလက်ကျန်မရှိတော့ခြင်း၊ မြို့တွင်းစားသုံမှု များခြင်းတို့ကြောင့် တစ်အိတ် ၁၂၅၀၀၀ကျပ်မှ ၁၃၀၀၀၀ကျပ်သို့ ဈေးမသိမသာမြင့်သွားပြီး ရန်ကုန်ပေါ်ဆန်း မှာ အဝင်များလာခြင်း အသစ်အားမြို့တွင်းသုံးစွဲမှုနည်းသေးခြင်းကြောင့် တစ်အိတ် ၁၁၅၀၀၀ ကျပ်မှ ၁၁၀၀၀၀ ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။ မနောသုခဆန်မှာ အသစ်ဝင်ရောက်သော်လည်း အဟောင်းလက်ကျန်နည်းသွားခြင်းကြောင့် တစ်အိတ် ၇၆၀၀၀ ကျပ်မှ ၇၈၀၀၀ကျပ်သို့ ဈေးမြင့်သွားသည်။ ဇီယာမျိုးနွယ်ဝင်ဆန်များမှာ ပြည်ပပို့ရန် အဝယ်နည်းခြင်း အဝ
တောင်ငူမြို့နယ်တွင် ရာသီပေါ်မရမ်းချိုသီးများ ရောင်းအားကောင်းနေကြောင်း သစ်သီး ရောင်းချသူများထံမှ သိရှိရသည်။ တောင်ငူတွင် လတ်လတ်ဆတ်ဆတ် ခူးဆွတ်ထားသော မရမ်းချိုသီးများ ဝယ်ယူရရှိနိုင်သည်မှာ တစ်ပတ်ခန့်ရှိနေပြီး ဝယ်ယူလိုသူ အများအပြား ရှိနေသည်။
ရွှေဘိုပေါ်ဆန်းဆန် အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၄၈၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၄၅၀၀၀ ကျပ်နှုန်း၊ ရွှေဘိုပေါ်ဆန်း အသစ် အလတ်စတစ်တင်းခွဲတစ်အိတ်လျှင် ၁၃၃၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၃၀၀၀၀ကျပ်နှုန်း၊ ဖျာပုံပေါ်ဆန်း အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ်နှုန်း၊ ပေါ်ကျွဲဆန် အလတ်စတစ်တင်းခွဲ တစ်အိတ်လျှင် ၁၀၁၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၀၀၀၀၀ ကျပ်နှုန်း၊ ဇီယာဆန် ဟောင်းအလတ်စ တစ်တင်းခွဲတစ်အိတ်လျှင် ၈၁၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၈၀၀၀၀ ကျပ်နှုန်း၊ ဧည့်မထဆန် ၂၅ ရာခိုင်နှုန်းအကြမ်း အလတ်စတစ်တင်း
နေပြည်တော်၊ မတ်၂၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် နိုင်ငံ့ဝန်ထမ်းများအတွက် ဥပဒေအသိပညာဖြန့်ဝေခြင်း ဆင့်ပွားသင်တန်း အမှတ်စဉ်(၃) ကို မတ် ၂၄ ရက် နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ် ၃၆ ၌ ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် နှင့် ဌာနတာဝန်ရှိသူများ၊ ဥပဒေအသိပညာ ဆင့်ပွားဖြန့်ဝေပေးကြမည့် သင်တန်းနည်းပြများ၊ နိုင်ငံ့ဝန်ထမ်း သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ယူကရိန်းပန်းသီးများ တင်သွင်းရာတွင် လွယ်ကူချောမွေ့စေရေးအတွက် ယူကရိန်းနိုင်ငံ၏ အစားအသောက်ဘေးကင်းရေးနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုမှ ထုတ်ပြန်ထားသည့် အစီအစဉ်တစ်ရပ်ကို ကနေဒါအစား အစာစစ်ဆေးရေးအေဂျင်စီ(CFIA)က တရားဝင် ခွင့်ပြုခဲ့သည်။
ယခင်နှစ်က ဒူးရင်းတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၉ ဘီလီယံကျော်ရှိပြီး ထိုင်း နိုင်ငံ၏ ထိပ်တန်းလယ်ယာထွက်ကုန်ဖြစ်ခဲ့ကြောင်း ကုန်သွယ်မှုမူဝါဒနှင့် မဟာ ဗျူဟာရုံး (TPSO) မှ သိရှိရသည်။ TPSO ၏ ညွှန်ကြားရေးမှူးချုပ် Poonpong Naiyanapakorn က ထိုင်းဒူးရင်းသီး၏ အရည်အသွေးနှင့် ထူးခြားသော အရသာများကြောင့် ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအား ကြီးထွားမှုနှင့် ယခုကဲ့သို့ အောင်မြင်ရခြင်းဖြစ်သည်ဟု ယူဆကြောင်း ပြောကြားသည်။
အိန္ဒိယအစိုးရသည် ၂၀၂၂ ခုနှစ် စက်တင်ဘာလမှစတင်၍ စည်းမျဉ်းစည်းကမ်းထုတ်ပြန်၍ ပိတ်ပင်ထားသော ၁၀၀ ရာခိုင်နှုန်း ဆန်ကွဲတင်ပို့မှုကို မတ် ၇ ရက်က ရုပ်သိမ်းလိုက်ကြောင်း သိရသည်။ အဆိုပါနေ့ ညနေပိုင်းတွင် ထုတ်ပြန်လိုက်သော နိုင်ငံခြားကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန (DGFT) ၏ အမိန့်ကြော်ငြာစာအမှတ် ၆၁/၂၀၂၄-၂၅ အရ ယခုအခါ အိန္ဒိယနိုင်ငံမှ ဆန်ကွဲတင်ပို့မှုကို ယခင်က "တားမြစ်ထားသည့်" အဆင့်မှ လွတ်လပ်စွာ တင်ပို့ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။
တစ်ကမ္ဘာလုံးအတိုင်းအတာအရ ပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ယူမှုအပေါ် အလေးပေးမှု မြင့်တက်လာသည်နှင့်အညီ ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှုတွင် ကမ္ဘာ့ ဒုတိယအဆင့်နိုင်ငံဖြစ်သည့် မလေးရှားနိုင်ငံသည်လည်း ရေရှည်တည်တံ့သည့် ဆီအုန်းလုပ်ငန်း ကဏ္ဍတွင် ချန်ပီယံဖြစ်စေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မလေးရှားစားအုန်းဆီအသင်း (Malaysian Palm Oil Association – MPOA) က ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။