၂၀၂၄ ခုနှစ်၊ ပြက္ခဒိန်နှစ်တွင် အိန္ဒိယနိုင်ငံ၏ ပြည်ပမှ ပဲမျိုးစုံတင်သွင်းမှု တန်ချိန် ၆၆ ဒသမ ၃၃ သိန်းထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း သိရသည်။ အဆိုပါကာလအတွင်း ပြည်တွင်းမှ ပဲမျိုးစုံ အထွက်နှုန်းကျဆင်းပြီး ဈေးနှုန်းများ မြင့်တက်လာမည်စိုးသဖြင့် အစိုးရအနေဖြင့် ပဲမျိုးစုံကို ပြည်ပမှ အကောက်ခွန်လွတ် တင်သွင်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း The Hindu Businessline သတင်းဌာနက ယခုလ ၂၉ ရက်က ဖော်ပြ သည်။
ဂျပန်နိုင်ငံအနေဖြင့် ဖိလစ်ပိုင် ငှက်ပျောတင်သွင်းမှု တိုးမြှင့်ရေးကို အာရုံစိုက်လာပြီး နှစ်နိုင်ငံ ကုန်သွယ်မှုဆက်ဆံရေး တိုးမြှင့်ရန် စိတ်ဝင် စားကြောင်း ဖော်ပြခဲ့သည်။ ဂျပန်ငှက်ပျော ဈေးကွက်ဝေစု ပိုမိုကြီးမားစွာပြန်လည်ရရှိရန် ဂျပန်-ဖိလစ်ပိုင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် (JPEPA) ကို ပြန်လည်သုံးသပ်ရန် ဖိလစ်ပိုင်က အဆိုပြုခဲ့သည်။ တိုကျိုရှိ ဖိလစ်ပိုင်သံရုံး၏ စီးပွားရေးအတိုင်ပင်ခံ Dita Angara-Mathay ၏အဆိုအရ ဖိလစ်ပိုင်သည် ၂၀၁၂ ခုနှစ်က ဂျပန် ငှက်ပျောဈေးကွက်၏ ၉၀ ရာနှုန်း ခန့်ကို ရရှိထားပြီး အဆိုပါဝေစုသည် ၂၀၂၃ ခုနှစ်တွင် ၇၉ ရာနှုန်း နှင့် ၂၀၂၄ ခုနှစ်တွင် ၇၅ ရာ
အာဂျင်တီးနားအစိုးရသည် ပဲပုပ်၊ နေကြာစေ့နှင့် အခြားသီးနှံများအပေါ် လယ်ယာပို့ကုန်ခွန် လျှော့ချမည့်အစီအစဉ်ကို ကြေညာခဲ့ကြောင်း Buenos Aires Herald က ဇန်နဝါရီ ၂၃ ရက်တွင် သတင်းထုတ်ပြန်သည်။
သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ Manuel Adorni နှင့် စီးပွားရေးဝန်ကြီး Luis Caputo က ဇန်နဝါရီ ၂၃ ရက်နေ့တွင် ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲတွင် အဆိုပါကိစ္စအား ဇန်နဝါရီ ၂၇ ရက်မှ ဇွန်ကုန်အထိ ယာယီဆောင်ရွက်မည်ဖြစ်ကြောင်း၊ အရင်းအမြစ်များ မရှိ၍ အပြောင်းအလဲကို အမြဲတမ်း မပြုလုပ်နိုင်သေးကြောင်း Caputo ကပြောသည်။
အိန္ဒိယအစိုးရမှ ပဲစင်းငုံ၊ ဒေသအခေါ် tur (arhar/red gram) အား ၂၀၂၆ ခုနှစ်၊ မတ် ၃၁ ရက်နေ့အထိ လွတ်လပ်စွာတင်သွင်းခွင့်ပြုခဲ့ကြောင်း သိရသည်။ အိန္ဒိယ နိုင်ငံခြား ကုန်သွယ်မှု ညွှန်ကြားမှုအထွေထွေဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်နေ့စွဲဖြင့် အမိန့်ကြော်ငြာစာ အမှတ်၊ ၅/၂၀၂၄-၂၅ ဖြင့် ထုတ်ပြန်ကြေညာခဲ့ကြောင်း The Hindu Businessline သတင်းဌာနမှ ယခုလ ၂၁ ရက်က ဖော်ပြသည်။
ယခင်က ထုတ်ပြန်ကြေညာခဲ့သော မူဝါဒအခြေအနေအရ အဆိုပါပဲအမျိုးအစားအား အကောက်ခွန်လွတ် တင်သွင်းခွင့်ကို ၂၀၂၅ ခုနှစ် မတ် ၃၁ ရက်နေ့အထိ အတည်ပြုသတ်မှတ်ထားကြောင်း သိရသည်။
ရှမ်းပြည်နယ်၊ တောင်ပိုင်းဒေသရှိ နောင်တရားမြို့မှထွက်ရှိသော ချင်းအများစုကို မြဝတီမြို့မှ အများဆုံးမှာယူကြောင်း မြို့တွင်းရှိ ချင်းဈေးကွက်အရ သိရှိရသည်။ ရန်ကုန်၊ မန္တလေး နှင့် မြဝတီမြို့များမှ မှာယူလျက်ရှိကြပြီး ၎င်းတို့အနက် မြဝတီသည် အများဆုံး ဝယ်ယူသူဖြစ်ကြောင်း သိရှိရသည်။
မြိတ်ဒေသမှ ရာသီပေါ် မရမ်းသီးများကို ထိုင်းနိုင်ငံမှ မှာယူမှုများသောကြောင့် ရောင်းအားကောင်းနေကြောင်း မြိတ်ဈေးကွက်သတင်းအရ သိရှိရသည်။
ယခုအချိန်တွင် မြိတ်ဒေသတွင် မရမ်းသီးများ ပေါပေါများများထွက်ရှိနေပြီး အရွယ်အစား သေးငယ်သော အသီးများသည် ပို၍ ရောင်းအားကောင်းနေပါသည်။ မရမ်းသီးသည် ယခုအချိန်တွင်သာ ပေါ်သောသီးနှံဖြစ်သည်။ မရမ်းသီးသည် သရက်နှင့် ကြက်မောက်သီးတို့နှင့် မတူသည်မှာ မရမ်းသီး အစိမ်းစားသည့် ရာသီကုန်ပါက ဈေးကွက်မှ ခဏပျောက်သွားတတ်ပြီး၊ ယခုအချိန် သည် ရောင်းအကောင်းဆုံး ရာသီချိန် ဖြစ်သည်။