ဆီထွက်သီးနှံ ပန်းတိုင်အထွက်ရရှိရေး၊ ဖျက်ပိုးဘက်စုံ ကာကွယ်ပေး

Image
ပန်းနှမ်း

ဆီထွက်သီးနှံ (မြေပဲ၊နှမ်း၊နေကြာ၊ဆီမုန်ညှင်း၊ပန်းနှမ်း) များပန်းတိုင်အထွက်နှုန်းရရှိနိုင်ရန် ဖျက်ပိုးများ (ပိုးမွှား၊ ရောဂါ၊ ပေါင်း) ကာကွယ်နှိမ်နင်းခြင်းများအား စတင် မျိုးစေ့ချချိန်မှစ၍ ရိတ်သိမ်းချိန် တစ်လျှောက်လုံးအချိန်ကိုက်ဆောင်ရွက်သွားရန်အထူးလိုအပ်လှပါသည်။ စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲအနေဖြင့် ရာသီအလိုက်ကျရောက်တတ်သော ဖျက်ပိုးများအား သီးနှံစိုက်တောင်သူများသိရှိစေရန်နှင့် ကြိုတင်ကာကွယ်နှိမ်နင်းမှုများအချိန်မီ ဆောင်ရွက်နိုင်ရန် ကြိုတင်သတိပေး ချက်  (Early warning) များအား တိုင်းဒေသကြီး/ပြည်နယ်များသို့ ထုတ်ပြန်ပေးပို့ခြင်း၊ သီးနှံကာကွယ်ရေးဌာနခွဲ ဝက်ဆိ

တရုတ်သို့ နာနတ်သီးတင်ပို့မှုအတွက် အဆိုပြုလွှာများ ဖိတ်ခေါ်

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ စိုက်ပျိုးရေးဦးစီးဌာနမှ တရုတ်နိုင်ငံသို့ နာနတ်သီးတင်ပို့ရန်အတွက် အကျိုးစီးပွားတူ ဆောင်ရွက်ရန် စိတ်ဝင်စားမှု အဆိုပြုလွှာများ(EOI)ကို တောင်းခံထားကြောင်း သိရှိရသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ဓာတ်ကြွင်းကင်းစင်ရေးနှင့် ပိုးမွှားရောဂါကင်းစင်ရေး (Sanitary and Phytosanitary (SPS) Protocol) သဘောတူညီချက်အရ SPS အတိုင်းအတာ သတ်မှတ်ချက်လုပ်ငန်းစဉ်များကို နှစ်စဉ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ချင်းစိုက်ပျိုးထုတ်လုပ်မှု ပြည်တွင်းဈေးကွက်ပေါ်တွင်သာ မှီခိုနေရ

ချင်းစိုက်တောင်သူများ၏  ပြောကြားချက်အရချင်းရောင်းဝယ်ကုန်သွယ်မှုသည်  ပြည်ပတင်ပို့မှု ကျဆင်းသွားပြီးနောက် ပြည်တွင်းစားသုံးမှုအပေါ် မှီခိုနေရပြီဖြစ်သည်။ ချင်းကို ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းနှင့် ကလောဒေသတို့တွင် အဓိက စိုက်ပျိုးကြပြီး ဈေးနှုန်းသည်လည်း ထပ်မံကျဆင်းလာကြောင်း သိရသည်။