(ယခင်အပတ်မှ အဆက်)
စိုက်ပျိုးရေးမိုးလေဝသပညာရပ် လေ့လာရန်အတွက် စိုက်ပျိုးရေးဆိုင်ရာရူပဗေဒ (Agricultural Physics) အပြီး နောက်ဆက်စပ်ဘာသာများမှာ -
မြန်မာနိုင်ငံသည် လူမျိုးပေါင်းစုံနေထိုင်သည်နှင့်အတူ ယဉ်ကျေးမှုအမွေအနှစ်များ ပေါကြွယ်ဝပြီး ရိုးရာဓလေ့ထုံးတမ်းများကို နေ့စဉ်လူနေမှုဘဝနှင့် ယှဉ်တွဲလက်ကိုင်ထားသောနိုင်ငံဖြစ်သည်။ စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည့်အလျောက် ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းသည်လည်း အရေးပါသောကဏ္ဍမှပါဝင်ပြီး အဓိကအစားအစာ အရင်းအမြစ်အဖြစ်သာမက နိုင်ငံ၏ ယဉ်ကျေးမှုများနှင့် အလေ့အထများကို သိသာထင်ရှားစေပါသည်။ ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းသည် ဝါသနာအရသာမက လူမှုဘဝနေထိုင်မှုမြှင့်တင်ရေး၊ ကျန်းမာရေး ကောင်းမွန်ရေးနှင့် သဘာဝပတ်ဝန်းကျင်နှင့် ထိတွေ့ဆက်ဆံနိုင်ရန် ပြီးပြည့်စုံသောနည်းလမ်းတစ်ခုပင်ဖြစ်သည်
မြန်မာနိုင်ငံ ဝါနှင့် ဝါထွက်ပစ္စည်း ကုန်သည်များနှင့် ကုန်ထုတ်လုပ်ငန်းရှင်များအသင်း သည် ရာသီဥတု ပြောင်းလဲမှုဒဏ်ခံနိုင်သော၊ မြင့်မား သောအပူချိန်နှင့် ပိုးမွှားရောဂါဒဏ်ခံနိုင်သော၊ အထွက်နှုန်း မြင့်မားသော ဝါမျိုးများကို သင့်တင့်သောဈေးနှုန်းဖြင့် ရရှိရန် အိန္ဒိယနိုင်ငံ၊ ဥဇဘက် ကစ္စတန်နိုင်ငံတို့နှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ဘင်္ဂလားဒေ့ရှ်သို့ ဆန်အမြောက် အမြား တင်ပို့နေသည့် ကုန်သည်ကြီးများ၏ လှုပ်ရှားမှုကြောင့် အိန္ဒိယပြည်တွင်းဆန်ဈေးနှုန်းများ ၂ ရက်အတွင်း ၁၄ ရာခိုင်နှုန်းအထိ ရုတ်တရက် မြင့်တက်သွားခဲ့ ကြောင်း သိရှိရသည်။ ဘင်္ဂလားဒေ့ရှ်အစိုးရက ဆန်တန်ချိန် ငါးသိန်းကို အကောက် ခွန်ကင်းလွတ်ခွင့် ပေးထားသော ကြောင့် ယင်းသို့ပြည်တွင်းဈေးကွက် ကမောက်ကမဖြစ်မှု ပေါ်ပေါက်လာခြင်းဖြစ် သည်။
မလေးရှား၊ ကွာလာလမ်ပူတွင် Jefo မှ ဦးစီးကျင်းပသော Malaysia Poultry Workshop 2025 တွင် မလေး ရှားမွေးမြူရေးလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ Datuk Jeffrey Ng Choon Ngee က မလေးရှားကြက် မွေးမြူရေးလုပ်ငန်း၏ အနာဂတ် သေချာစေရန်အတွက်ပြုပြင်ပြောင်း လဲမှုများ ချက်ခြင်းဆောင်ရွက်ရန်လိုအပ်ကြောင်း တောင်းဆိုခဲ့သည်။
အင်ဒိုနီးရှားအစိုးရသည် ၂၀၂၅ ပထမနှစ်ဝက်တွင် အသားတိုးနွားငယ် (feeder cattle) တင်သွင်းမှုအတွက် ကိုတာအရေအတွက်ကို ၁၈၄,၀၀၀ ကောင်ဖြင့် တရားဝင် တိုးမြှင့်လိုက်သည်။ ဤပြင်ဆင်မှုကြောင့် တစ်နှစ်တာ နွားအရှင်တင်သွင်းမှု ပမာဏစုစုပေါင်းသည် မူလ ၃၅၀,၀၀၀ ကောင်မှ ၅၃၄,၀၀၀ ကောင်ရေအထိ တိုးလာစေခဲ့သည်။
ဤဆောင်ရွက်မှုကို ပြည်သူများနှင့် ပြည်တွင်း တိရစ္ဆာန်မွေးမြူရေးဆိုင်ရာ စီးပွားရေးလုပ်ငန်းများအတွက် ကျယ်ပြန့်သည့် စီးပွားရေးအကျိုး ကျေးဇူးများ ပေးစွမ်းနိုင်သည့် မူဝါဒဖြစ်သည်ဟု ယုံကြည်ကြသည့် အသားတိုးတိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများက ကြိုဆိုခဲ့ကြသည်။