စားအုန်းဆီရည်ညွှန်းဈေးနှုန်း ၃ ပတ်အတွင်း အနိမ့်ဆုံးဈေး ၆,၅၆၅ ကျပ်သို့ ကျဆင်း

ရန်ကုန်ဈေးကွက်အတွက် သတ်မှတ်ထားသော စားအုန်းဆီ လက်ကားရည်ညွှန်းနှုန်းမှာ လွန်ခဲ့သည့် သုံးပတ်အတွင်း တစ်ပိဿာလျှင် ၆၅၈၅ ကျပ် စံချိန်တင်ဈေးမှ အောက်တိုဘာ ၃၀ ရက်နေ့ နောက်ဆုံးပတ်တွင် ၆၅၆၅ ကျပ်သို့ အနည်းငယ်ကျဆင်းခဲ့ကြောင်း စားသုံးဆီတင်သွင်း ဖြန့်ဖြူးရေး ကြီးကြပ် မှုကော်မတီမှ သိရသည်။