ရုရှားသို့ နယ်သာလန်မှ ခေတ်မီစိုက်ပျိုးရေးစက်များ တင်ပို့မှုမြှင့်တက်လာ

လက်ရှိတွင် နယ်သာလန်သည် ယူကရိန်းပဋိပက္ခမတိုင်မီကထက် ရုရှားနိုင်ငံသို့ စိုက်ပျိုးရေး ထွက်ကုန်များ၊ ခေတ်မီစိုက်ပျိုးရေးစက်ပစ္စည်းများနှင့် ကာကွယ်ဆေးများ ပိုမိုတင်ပို့လျက်ရှိကြောင်း NL Times သတင်းဌာနက ဖော်ပြထားပါသည်။
နယ်သာလန်နိုင်ငံမှ ခေတ်မီစိုက်ပျိုးရေးစက်ပစ္စည်းများနှင့် ကာကွယ်ဆေးများကို ရုရှားနိုင်ငံ တွင် အထူးဝယ်လိုအားများနေကြောင်း၊ ရုရှားသို့ နယ်သာလန်၏ တင်ပို့မှုသည် ၂၀၂၁ ခုနှစ်တွင် ယူရို ၁၈၄ သန်းမှ ၂၀၂၂ ခုနှစ်တွင် ယူရို ၂၃၉ သန်းအထိ တိုးလာခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် ပထမကိုးလ အတွင်း နယ်သာလန်၏ ပို့ကုန်ပမာဏသည် ယူရို ၁၇၂ သန်းရှိသဖြင့် အပြုသဘောဆောင်သော လမ်းကြောင်းများကို တွေ့ရှိရကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရန် အတွက် ရုရှားဈေးကွက်တွင် အခြားသော ထုတ်ကုန်များလည်း ဝယ်လိုအားရှိနေကြောင်း၊ နယ်သာ လန်ကုမ္ပဏီများသည် ရုရှားနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် တည်ဆောက်ရာတွင် အထောက်အကူပြုနေကြောင်း ဖော်ပြထားပါသည်။
ရုရှားတွင် ဖန်လုံအိမ်စိုက်ပျိုးမှုများ ဖွံ့ဖြိုးတိုးတက်လာစေရန် နယ်သာလန် စီးပွားရေး အသိုင်းအဝိုင်းသည် ထင်ရှားသောအခန်းကဏ္ဍမှ ပါဝင်နေကြောင်း မော်စကိုရှိ နယ်သာလန် စိုက်ပျိုး ရေးကောင်စီအဖွဲ့ဝင်တစ်ဦးမှ ပြောကြားခဲ့သည်။
NL Times ၏ သတင်းအချက်အလက်များအရ ရုရှားသည် ၂၀၂၂ နှင့် ၂၀၂၃ ခုနှစ်များတွင် ယခင်ကထက် ဂျုံနှင့် ဂျုံမှုန့်ကို ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ရုရှားသည် လယ်ယာထွက် ကုန်ပမာဏတန်ဖိုး ယူရို ၂၃.၅ ဘီလီယံ တင်ပို့နိုင်ခဲ့ကြောင်း၊ ယခု ၂၀၂၄ ခုနှစ်တွင် ယူရို ၄၀ ဘီလီယံ ကျော်အထိ တင်ပို့နိုင်မည်ဟု ခန့်မှန်းကြောင်း သိရှိရပါသည်။
ခွန်မျိုးသူ
Source : https://tass.ru/ekonomika/20309287