အိန္ဒိယနိုင်ငံသည် ယခုဘဏ္ဍာနှစ်အတွင်း ဘာစမာတီဆန်ကို ကန်ဒေါ်လာ ၅ ဘီလီယံကျော် စံချိန်တင်ရောင်းချရဖွယ်ရှိ

အိန္ဒိယနိုင်ငံသည် ဘာစမာတီဆန်ကို အရှေ့အလယ်ပိုင်းဒေသ၊ ယူကေနှင့် အမေရိကန်ပြည် ထောင်စုတို့ကဲ့သို့ ဈေးကွက်အသီးသီးမှဝယ်လိုအားမြင့်တက်လာသည့်အတွက် ယခုဘဏ္ဍာနှစ် အတွင်း ကန်ဒေါ်လာ ၅ ဘီလီယံကျော် စံချိန်တင် တင်ပို့ရောင်းချရဖွယ်ရှိကြောင်း သိရသည်။ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်၏ ပထမ (၁၀) လတာ ကာလအတွင်း ဘာစမာတီဆန်တင်ပို့မှု ၂၀ ရာခိုင်နှုန်း တိုးမြင့် ခဲ့ကာ ကန်ဒေါ်လာ ၄ ဒသမ ၅၈၆ ဘီလီယံအထိ ရရှိခဲ့ပြီးဖြစ်သည်။
ရာမာဒန် (Ramadan) ပွဲတော်ရာသီ နီးကပ်လာပြီဖြစ်သဖြင့် အဆိုပါ ပို့ကုန်တန်ဖိုးမှာ ကန် ဒေါ်လာ ၅ ဘီလီယံကို ကျော်လွန်သွားနိုင်ကြောင်း ခန့်မှန်းထားသည်။ အိန္ဒိယနိုင်ငံမှ ပြည်ပသို့ ဘာစ မာတီဆန်တင်ပို့ရောင်းချမှုတန်ဖိုးမှာ နှစ်အလိုက် တက်ကျပြောင်းလဲလျက်ရှိပြီး လွန်ခဲ့သော ၂၀၁၃-၁၄ ဘဏ္ဍာနှစ်က ကန်ဒေါ်လာ ၄ ဒသမ ၈၇ ဘီလီယံအထိ စံချိန်တင် တင်ပို့နိုင်ခဲ့သည်။
၁၉၉၅ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ပို့ကုန်ဈေးကွက်အသီးသီးရှိ ဘာစမာတီဆန်စားသုံးမှုမှာ တန်ချိန် ၀ ဒသမ ၅ သန်းမှ တန်ချိန် ၄ သန်းအထိ တိုးမြင့်လာကြောင်း၊ ကမ္ဘာ့ဆန်ရောင်းဝယ်မှု စုစု ပေါင်းတွင် ဘာစမာတီဆန်၏ ဈေးကွက်ဝေစုမှာ ၈ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။ အိန္ဒိယ ဘာစ မာတီဆန်၏ ဖြစ်ပေါ်တိုးတက်မှုကို ထင်ရှားသော အဆင့် (၃) ဆင့်ဖြင့်ခွဲခြား လေ့လာကြည့်ရှုနိုင် ကြောင်း၊ ပထမအဆင့်မှာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) မှ သဘောတူခွင့်ပြုခဲ့သည့်အတွက် ဥရောပဈေးကွက်သို့ ပထမဦးဆုံးဝင်ရောက်နိုင်ကာ ဈေးကွက်စတင်ရရှိခဲ့ကြောင်း၊ ဒုတိယမှာ Pusa-1121 ဘာစမာတီဆန်မျိုးကွဲကို စမ်းသပ်စိုက်ပျိုးအောင်မြင်ခဲ့ပြီးနောက် အီရန်ဈေးကွက်တွင် အဆိုပါ ဆန်မျိုးကွဲကို ကြိုက်နှစ်သက်သူ တိုးတက်များပြားလာခြင်းဖြစ်ကြောင်း၊ တတိယအနေဖြင့် ကမ္ဘာ တစ်ဝှမ်းတွင် အခြေချနေထိုင်သော အိန္ဒိယလူမျိုးဦးရေတိုးတက် များပြားလာသည့်အတွက် ၎င်းဆန် ဝယ်ယူမှုပိုမိုများပြားလာခြင်းဖြစ်ကြောင်း သိရသည်။
“အရေးကြီးသည့်အချက်က လွန်ခဲ့သည့် (၆) နှစ်တာကာလအတွင်း ဥရောပသို့ ဘာစမာတီ ဆန် တင်ပို့မှုကျဆင်းလာခဲ့တာပါ။ အဆိုပါ အခြေအနေကို ကာကွယ်နိုင်မည်ဆိုပါက ပို့ကုန် ကန် ဒေါ်လာ ၅ ဘီလီယံကို ကျနော်တို့ စောစောစီးစီးကျော်ဖြတ်သွားနိုင်ပါတယ်။” ဟု ကုန်သွယ်ရေး လေ့ လာသူနှင့် “ဒေသဆိုင်ရာအညွှန်း သဘာဝသမိုင်း (The Natural History Geographical Indication)” အမည်ရှိ ဘာစမာတီဆန်အကြောင်း စာအုပ်အား ရေးသားထုတ်ဝေခဲ့သူ S Chandra- sekaran က ပြောကြားခဲ့သည်။
အဆိုပါဆန်၏ တန်ဖိုးသတ်မှတ်ချက်နှင့်ပတ်သက်၍လည်း လွန်ခဲ့သော နှစ် (၃၀) ကို ပြန် ကြည့်ပါက အားရဖွယ်မရှိကြောင်း၊ အဓိကမှာ ဘာစမာတီဆန်ကို အခြားပို့ကုန်များနှင့်အတူ ရော နှောသတ်မှတ်ထားသည့်အတွက် ရှိသင့်သည့်တန်ဖိုးမရှိပဲ၊ ဈေးကောင်းမရရှိကြောင်း၊ ထို့ကြောင့် အိန္ဒိယပို့ကုန်လုပ်ငန်းရှင်များနှင့် အစိုးရအနေဖြင့် ဈေးနှုန်းတည်ငြိမ်ရန်နှင့် သတ်မှတ်သော နှုန်းထား တစ်ခုအထက်၌ ပရီမီယမ်အဆင့် ဈေးနှုန်းမျိုးရရှိစေရန် ဆောင်ရွက်သင့်ပါကြောင်း၊ ဘာစမာတီဆန် ပြုပြင်ပြောင်းလဲရေးနှင့် ဈေးကွက်ရှာဖွေဖော်ဆောင်မှု (marketing 2.0) ကို အကောင်အထည်ဖေါ်ဖို့ အဓိကကျပါကြောင်း ၎င်းကပြောကြားခဲ့သည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဧပြီလမှ ဒီဇင်ဘာလအထိ ကာလအတွင်း နိုင်ငံ (၅) ခုမှ ဘာစမာ တီဆန်ကို အများဆုံး ဝယ်ယူခဲ့ပြီး၊ စုစုပေါင်း တန်ချိန် ၃ ဒသမ ၅၄ သန်းပမာဏ၏ ၅၈ ဒသမ ၄၃ ရာ ခိုင်နှုန်း၊ တန်ဖိုးအားဖြင့် စုစုပေါင်း ကန်ဒေါ်လာ ၄ ဒသမ ၅၈၆ ဘီလီယံ၏ ၅၇ ဒသမ ၇၂ ရာခိုင်နှုန်း ကို ဝယ်ယူခဲ့ကြောင်း သိရသည်။ ဆော်ဒီအာရေးဗီးယားနိုင်ငံမှ တန်ချိန် ၆ ဒသမ ၇၅ သိန်း၊ တန်ဖိုး ကန်ဒေါ်လာ ၇၈၀ သန်းဖြင့် အများဆုံးဝယ်ယူပြီး၊ အီရတ်နိုင်ငံက တန်ချိန် ၅ ဒသမ ၀၁ သိန်း၊ တန် ဖိုး ကန်ဒေါ်လာ ၅၄၄ သန်းဖြင့် ဒုတိယအများဆုံးဝယ်ယူခဲ့ကြောင်း သိရသည်။ အီရန်နိုင်ငံက တန် ချိန် ၅ ဒသမ ၁၆ သိန်းနှင့် တန်ဖိုး ကန်ဒေါ်လာ ၅၁၉ သန်းဖြင့် တတိယ အများဆုံးဝယ်ယူခဲ့သည်။
စိတ်ဝင်စားစရာကောင်းသည့်အချက်မှာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဧပြီလမှ ဒီဇင်ဘာလ အထိ ကာလအတွင်း အမေရိကန်ပြည်ထောင်စုက ယူအေအီးနိုင်ငံအား ကျော်တက်ပြီး စတုတ္ထနေရာကို ရယူခဲ့ကြောင်း၊ ၎င်းက ဘာစမာတီဆန်တန်ချိန် ၁ ဒသမ ၇၅ သိန်းနှင့် တန်ဖိုး ကန်ဒေါ်လာ ၂၂၈ သန်း ဝယ်ယူခဲ့ကြောင်း သိရသည်။ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်က ၎င်းသည် အိန္ဒိယ ဘာစမာတီဆန်ကို ဆဌမ အများဆုံးဝယ်ယူသည့် နိုင်ငံအဖြစ် ရပ်တည်ခဲ့ကြောင်း သိရသည်။
သို့ပါ၍ အိန္ဒိယနိုင်ငံသည် လက်ရှိဘဏ္ဍာနှစ်အတွင်း ဘာစမာတီဆန်ကို ကန်ဒေါ်လာ ၅ ဘီလီ ယံတန်ဖိုးအထိ စံချိန်တင်ရောင်းချနိုင်ရန် မျှော်မှန်းထားသည့်အခြေအနေနှင့် ဥရောပ၊ ယူကေနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများသည် အဓိက ဈေးကွက်များဖြစ်ကြ ကြောင်း သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
ကောင်းထွဋ်အောင်
ရည်ညွှန်း။ The Hindu Businessline, Basmati exports set to top record $5 billion-mark this fiscal