အိန္ဒိယနိုင်ငံ၏ ဈေးကွက်အတွင်းလုံလောက်မှုမရှိသည့် ကုလားပဲနှင့် ပဲစင်းငုံတို့၏ ဈေးနှုန်း တည်ငြိမ်ရေးကို စားတော်ပဲတင်သွင်းမှုက အကူအညီဖြစ်

အိန္ဒိယနိုင်ငံ၏ ဈေးကွက်အတွင်းလုံလောက်မှုမရှိသည့် ကုလားပဲနှင့် ပဲစင်းငုံတို့၏ ဈေးနှုန်း တည်ငြိမ်ရေးကို စားတော်ပဲတင်သွင်းမှုက အကူအညီဖြစ်

ရုရှားနှင့် ကနေဒါနိုင်ငံတို့မှ စားတော်ပဲ (Yellow Peas) တင်သွင်းမှုသည် ပြီးခဲ့သည့် ခြောက် နှစ်အတွင်း အမြင့်မားဆုံးဖြစ်လာမှုနှင့်အတူ သရေစာလုပ်ငန်း၊ ဟိုတယ်နှင့် စားသောက်ဆိုင်များ၊ လမ်းဘေးအစားအစာနှင့် ပဲမျိုးစုံထုတ်လုပ်သည့်လုပ်ငန်းများတွင်အသုံးပြုသည့် ဈေးကြီးသော ပဲ အမျိုးအစားများနေရာ၌ အစားထိုးအသုံးပြုလာခြင်းအားဖြင့်  ကုလားပဲနှင့် ပဲစင်းငုံများ၏ ပြည်တွင်း ဈေးနှုန်းများတည်ငြိမ်စေရန်အတွက် အထောက်အကူဖြစ်စေခဲ့ကြောင်း The Economic Times သတင်းစာက ဖော်ပြထားပါသည်။ 

အိန္ဒိယအစိုးရသည် မီးဖိုချောင်သုံး အခြေခံပဲအမျိုးအစားနှစ်မျိုးဖြစ်သည့် မတ်ပဲနှင့် ပဲစဉ်းငုံ များ၏ ဈေးနှုန်းအဆမတန်မြင့်တက်ခဲ့သည့် ပြီးခဲ့သည့်ဒီဇင်ဘာလတွင် စားတော်ပဲကို အခွန်လွတ် တင်သွင်းခွင့်ပြုခဲ့ကြောင်း၊  ယင်းကဲ့သို့ တင်သွင်းခွင့်ပြုခဲ့ခြင်းသည် ဈေးကွက်အတွင်း ပဲမျိုးစုံကို ဈေးနှုန်းသက်သာစွာဖြင့် ပိုမိုရရှိလာသဖြင့် တင်ရှားသည့် အလှည့်အပြောင်းတစ်ခု ဖြစ်စေခဲ့ ကြောင်း၊ စားတော်ပဲကို ပဲမှုန့်၊ အလုံး၊ ခွဲခြမ်း စသည့်ပုံစံမျိုးစုံဖြင့် နေ့စဉ်စားသုံးကြကြောင်းနှင့် ယင်း ကို လမ်းဘေးအစားအစာများတွင် သာမက လျင်မြန်စွာကြီးထွားလျှက်ရှိသည့် သရေစာထုတ်ကုန် များတွင်လည်း အဓိကပါဝင်သည့် ပဲအမျိုးအစားတစ်မျိုးဖြစ်ကြောင်း ပဲကုန်သည်တစ်ဦးက ပြော ကြားထားသည်။ 

ပြည်ပမှ တင်သွင်းလာသော စားတော်ပဲအမြောက်အမြားသည် မကြာမီရောက်ရှိလာတော့ မည်ဖြစ်ကြောင်း၊ စားတော်ပဲဈေးနှုန်းသည် ၁ ကီလိုလျင် ၄၂ ရူပီးနှင့် လက်ရှိဈေးကွက်ထဲတွင် ဈေး အသက်သာဆုံး ပဲအမျိုးအစားဖြစ်ပါကြောင်း၊  လက်ရှိတွင် တန်ချိန် ၆ သိန်းခန့် တင်သွင်းထားပြီး လာမည့်ဇွန်လမတိုင်မီ တန်ချိန် ၉ သိန်းမှ ၁ သန်းခန့် တင်သွင်းနိုင်မည်ဟု  ခန့်မှန်းထားကြောင်းနှင့် စားတော်ပဲသည် ဈေးကွက်အတွင်း ရှားပါးနေသော အခြားပဲအမျိုးအစားများ၏ ဝယ်လိုအားကို လျှော့ချရန် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍သော်လည်းကောင်း ကူညီပေးခဲ့ကြောင်း Mahara- shtra ပြည်နယ် အခြေစိုက် ပဲမျိုးစုံတင်သွင်းသူ Vivek Agarwal က ပြောသည်။

ပဲစင်းငုံသည် တစ်ကီလိုလျှင် အနည်းဆုံး ရူပီး ၂၀၀ ဖြင့် လက်လီရောင်းချနေသည်မှာ ကြာ မြင့်နေပြီဖြစ်ကြောင်း၊  ယခုကဲ့သို့ ဈေးနှုန်းကြီးမြင့်မှုကြောင့် ဝယ်လိုအားလည်း ကျဆင်းသွား ကြောင်း၊ စားတော်ပဲသည် ပဲစင်းငုံအတွက် တိုက်ရိုက် အစားထိုးကုန်စည်မဟုတ်သော်လည်း ပဲစင်းငုံ ဝယ်လိုအားကို သွယ်ဝိုက်သောနည်းဖြင့် လျော့ပါးစေရန် ကူညီပေးခဲ့ကြောင်း၊ ပဲခွဲစက်ရုံ အများ အပြားသည်လည်း ၎င်းတို့စက်ရုံများ ဆက်လက်လုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် အခြားသောပဲ အမျိုးအစားများအစား စားတော်ပဲကိုပြောင်းလဲ အသုံးပြုလာကြကြောင်း၊ အချို့သော ပဲကုန်သည် များသည်လည်း တခြားသော ပဲအမျိုးအစားများအစား စားတော်ပဲဘက်သို့ အာရုံစိုက်လာကြ ကြောင်း၊ ထိုသို့သောပြောင်းလဲလာမှုများသည် အခြားသောပဲအမျိုးအစားများအပေါ် သွယ်ဝိုက်၍ ဝယ်လိုအားကျဆင်းစေသည့် အကြောင်းအရင်းတစ်ခုဖြစ်ကြောင်း ကုန်သည်လုပ်ငန်းရှင် တစ်ဦးက ပြောကြားထားသည်။ 

ပြီးခဲ့သည့်  မုတ်သုံရာသီ ပြောင်းလဲခြင်းများကြောင့် မိုးရာသီ ကုလားပဲထွက်ရှိမှုနှင့် ပတ် သက်၍ စိုးရိမ်မှုများ မြင့်တက်လာခဲ့ပြီးနောက် အိန္ဒိယအစိုးရက အနိမ့်ဆုံးသွင်းကုန်စျေးနှုန်း (MIP) ကန့်သတ်ချက်ကို ဖယ်ရှားခဲ့သည်။ ထို့အတူ လက်ရှိတွင် စားတော်ပဲတင်သွင်းမှုကို ဧပြီလ ၃၀ ရက် အထိ အခွန်ကင်းလွတ်ခွင့်ပြုထားပါသည်။ လာမည့်ရက်သတ္တပတ်များအတွင်း ကုလားပဲသီးနှံသစ် များ ဈေးကွက်အတွင်းဝင်ရောက်လာမည်ဖြစ်ရာ ဧပြီလ ၃၀ ရက်အထိ အခွန်ကင်းလွတ်ခွင့်ဖြင့် တင် သွင်းခွင့်ပြုထားသော စားတော်ပဲအား  သက်တမ်းတိုးရန်အစိုးရ၏ဆုံးဖြတ်ချက် အပေါ်မည်ကဲ့သို့ သက်ရောက်မှုရှိမည်ကို စောင့်ကြည့်ရဦးမည်ဟု ပဲလုပ်ငန်းကျွမ်းကျင်သူများက ပြောကြားထား သည်။

အိန္ဒိယအစိုးရသည် မတ်ပဲနှင့် ပဲစဉ်းငုံ ဈေးနှုန်းကြီးမြင့်မှုကို ထိန်းချုပ်နိုင်ရန်အတွက် နည်း လမ်းမျိုးစုံဖော်ထုတ်ဆောင်ရွက်လျက်ရှိပြီး ပြီးခဲ့သည့်နှစ်တွင် စားသောက်ဆိုင်များ၊ ဟိုတယ်များ တွင် ပဲစဉ်းငုံအစား အခြားပဲအမျိုးအစားများကို အစားထိုးအသုံးပြုရန်  စည်းရုံးလှုံဆော် ဆောင်ရွက် ခဲ့သည်ကိုလည်း တွေ့ရှိရပါသည်။ ထို့အပြင် ဘရာဇီး၊ အာဂျင်တီးနား စသည့်နိုင်ငံတို့တွင်လည်း အိန္ဒိယဈေးကွက်အတွက် ပဲစဉ်းငုံစိုက်ပျိုးရေးကို ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ ယခုအခါတွင် စားတော်ပဲအား အခွန်ကင်းလွတ်ခွင့်ပြုထားခြင်းဖြင့် ဈေးကွက်အတွင်း ပဲဈေးနှုန်းများ ထိန်းချုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုအခြေအနေအား သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

မျိုးမြင့်မောင်
        

Source: Imported yellow peas help control bullish trend in chana and tur, which are short in supply, The Economic Times,