တန်ဖိုးကြီးရှားပါး ကသမြင်းငါးနှင့် ဆေးဖက်ဝင် ငါးစည်ဖောင်းများ

ကသမြင်ငါးသည် ငါးပုတ်သင် (ခေါ်) ငါးပျက်အုပ်စုဝင် (Sciaenid fish) များ ဖြစ်ကြပြီး ကမ်းရိုးတန်းရေပြင်၊ ပင်လယ်အော်၊ မြစ်ဝနှင့် ကမ်းဦးရေတိမ်ပိုင်းတို့တွင် နေထိုင်လေ့ရှိကြပါ သည်။ ယင်းငါးသည် အဂ်လ်ပ်အမည်အားဖြင့် Chinese Bahaba (or) Yellow Croaker ဟု ခေါ်ဆိုကြပြီး သိပ္ပံအမည်မှာ Bahaba Taipingensis ဖြစ်ပါသည်။
ကသမြင်ငါးအပါအဝင် Sciaenid fish များ၏ ထူးခြားမှုမှာ ငါးစည် ဖောင်း (swimbladder (or) fish-maw) မှ တစ်ဆင့် ကြွက်သားကိုအသုံးပြုကာ အသံထုတ်လုပ်ပေးလေ့ရှိကြပါသည်။ ထို့ကြောင့် ငါးပုတ်သင်/ငါးပျက် အုပ်စုဝင် ငါးများကို “croakers or drums” ဟု တင်စားခေါ် ဝေါ်ကြပါသည်။ ၎င်းအပြင် “meagres or weak fishes” ငါးများဟူ၍လည်း အမည်တွင်ပြန်ပါ သေးသည်။
ကသမြင်ငါးအပါအဝင် ငါး ပုတ်သင်/ငါးပျက်အုပ်စုဝင်ငါးများ သည် ရေအောက်ကြမ်းပြင်နေငါး (demersal fish) များဖြစ်ကြပြီး ရေချိုရေငန်စပ်၊ ရေငန်ပိုင်းတွင် အများဆုံးတွေ့ရပြီး ကမ်းရိုးတန်းရေပြင်၊ ကမ်းခြေအနီးတွင်လည်း တွေ့ရတတ်ပါသည်။ အထူးသဖြင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် မုတ္တမပင်လယ်ကွေ့တို့တွင် ကသမြင်ငါးကို ပိုမို တွေ့ရတတ် ပါသည်။ကသမြင်ငါးမှာ အသားစားငါး(carnivorous fish) များဖြစ်ကြပြီး ငါးငယ်နှင့် ကျောရိုးမဲ့ရေသတ္တဝါများကို ၄င်းတို့၏ အစာအဖြစ် စား
လေ့ရှိကြပါသည်။

သိန်းရာချီအဖိုးတန်သောကသမြင်ငါးစည်ဖောင်းနှင့် အသုံးဝင်ပုံများ
ငါးစည်ဖေါင်းကို အင်္ဂလိပ်လို Swimbladder (or) Air Bladder (or) Fish Maw ဟု ခေါ်ဆိုကြသည်။ ငါးစည်ဖောင်းကို ပင်လယ်ပိုင်းဒေသ နှင့် ဆက်စပ်နေသော ကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ် အစရှိသည့် နေရာဒေသများတွင်သာ တွေ့ရများပါ သည်။ ငါးစည်ဖေါင်းသည် အရိုးမာငါးအုပ်စု (Bony Fish) တွင် အများစုပါရှိကြပြီး စည်ဖောင်းအရွယ်အစားနှင့် ငါးအမျိုးအစားအလိုက် တန်ဖိုး
ကြီးမြင့်ကြပါသည်။
ငါးစည်ဖောင်းမှန်သမျှ စျေးကောင်းပြီး ဆေးဘက်ဝင်ကြပါ သည်။ ငါးစည်ဖောင်းများတွင် ငါး ပုတ်သင် (croaker) အုပ်စုဝင်ဖြစ်သော ကသမြင်ငါးမှရသော ငါးစည် ဖောင်းမှာ သိန်းရာချီအဖိုးတန်ပြီး ဆေးဘက်ဝင်ကြပါသည်။
ပင်လယ်အောက်ခြေတွင် တွင်းတူးနေထိုင်သောငါး၊ အရိုးမာငါးတချို့နှင့် အရိုးနုငါးများတွင် ငါးစည်ဖေါင်းများ မပါရှိကြပါ။ အရိုးနုငါး ငါးမန်း၊ ငါးလိပ်ကျောက်များတွင်လည်း လေစည်ဖောင်းမပါရှိကြဘဲ ၄င်းတို့၏အသည်းတွင်ရှိသော အဆီသိုလှောင်မှုသည် ကိုယ်ထည် ပေါ့ပါး ကာ ရေအနက်တွင် ထိန်းညှိနိုင်ကာ ရေပေါ် ပေါ်စေနိုင်ပါသည်။
သို့သော် ငါးအများစုသည် ငါးစည် ဖောင်းပါရှိခြင်းကြောင့် ရေမျက်နှာ ပြင်မှ နက်ရှိုင်းသော ရေအောက်လွှာအထိ ကိုယ်ထည်ကိုထိန်းညှိကာ သွားလာနိုင်ကြသည်။ Drums and Croakers ဟုအမည်တွင်သော ငါး ပုတ်သင်/ငါးပျက်အုပ်စုဝင် ငါးများ သည် လေစည်ဖောင်းမှ အသံထုတ်ကာ မျိုးတူငါးများအချင်းချင်း ဆက်သွယ်သွားလာကြပါသည်။
ငါးစီဖေါင်းသည် အရိုးမာငါးများကို ရေပေါ်တွင်ပေါ်စေရန်အတွက် ထိန်းချုပ်ပေးခြင်းကို အဓိကဆောင် ရွက်ပေးပါသည်။ ထို့ပြင် ငါးအများစုသည် လေစည်ဖောင်းသွားရမည့် ရေအတိမ်အနက်ကို ဆုံးဖြတ်ကာ အသံကိုထုတ်လွှတ်ခြင်း၊ အသံကိုပြန် ကြားစေခြင်းဖြင့် အကြား အာရုံနှင့် ဆက်နွယ်ပေးကာ သွားလိုရာကို ဆောင်ရွက်ပေးပါသည်။ စည်ဖောင်းပါ ငါးများတွင် စည်ဖောင်းအရွယ် အစားမှာ ရေချိုငါးတွင် ခန္ဓာကိုယ်ထည်၏ ၅% ပမာဏရှိပြီး ရေငန်ငါးတွင် ၇ % ရှိကြသည်။ အချို့ငါးများတွင် ၄င်းထက် ပိုကြီးကြပါသည်။
စည်ဖေါင်းပါရှိသောငါးများတွင် ကသမြင်ငါး၏ စည်ဖေါင်းသည် အလွန်တန်ဖိုးကြီးလှသည်။ ကသမြင်ငါးသည်လည်း ရှားပါးငါးမျိုးစိတ်ဖြစ်ပြီးငါး၏အကောင်အရွယ်အစားသည် ၆ ပေ ခွဲခန့်မျှ ကြီးထွားနိုင်ပြီး အလေးချိန်အားဖြင့် ၁၀၀ ကီလိုဂရမ်ထိ ရှိတတ်ပါသည်။အရောင်မှာ ရွှေရောင်၊ငွေရောင် နှစ်မျိုးရှိသည်ဟု သိရပြီး ရွှေရောင်မှာ စျေးပိုရပါသည်။

ထူးခြားမှုမှာ ကသမြင်ငါးကို ကံကောင်းသူများမှသာ ရမိတတ်ပါသည်။ တကူးတက ရှာဖွေဖမ်း ဆီး၍မရတတ်သလို ကံစပ်မှသာ ရမိကြသည်ဟု သိရသည်။ ထို့ကြောင့်လည်း ကသမြင်ငါးကို Lucky ငါးဟု ခေါ်ကြသည်။ ကသမြင်ငါးမှာ ပိုက်တွင်ဖမ်းမိသည်နှင့် တစ်ပြိုင်နက် သေဆုံးကုန်သည်သာများပြီး အရှင်မိဖို့ အလွန်နည်းပါးလှသည်ဟု ဆို သည်။ ထိုငါးကို ရသော ရေလုပ်သားများမှာလည်း ထီဆုကြီးပေါက်သကဲ့ သို့ ပျော်ရွှင်ကြရပါသည်။
ကသမြင်ငါးကို ဖမ်းမိလျှင် စည်ဖေါင်းအနေအထားကိုသိရှိရန် ဝမ်း ဗိုက်ကို လက်ဖြင့်စမ်းပြီး စည်ဖေါင်းအထူအပါးကို ခန့်မှန်းပြီး စျေးပေးကြပါသည်။အထီးစည်ဖောင်းသည် ရှည်မျောမျောလေးဖြစ်ပြီး အမစည်ဖေါင်းသည် ဝိုင်းသည်ဟု ဆိုကြပါသည်။အထီးစည်ဖေါင်းသည် အလယ်တွင် ထူပြီး ဘေးပတ်ချာ လည် ပါးပါသည်။ အမစည်ဖေါင်းသည် တစ်ချပ်လုံး ပါးပါသည်။ ကသမြင်ငါးအထီး၏ စည်ဖေါင်းသည် အသားထူသဖြင့် အမထက် ဈေးပိုရပါသည်။ ဥပမာ - ငါးတစ်ကောင် ပိဿာ ၂၀ ရှိလျှင် စည်ဖေါင်းခန့်မှန်းခြေ ၂၀ ကျပ် သားခန့် ရှိနိုင်သည်ဟု ကျွမ်းကျင်သူများက ခန့်
မှန်းကြပါသည်။
ကသမြင်ငါးစည်ဖေါင်းအခြောက်ကို နေရောင်တွင်ထောင်ကြည့်လိုက်လျှင် ရွှေရောင် လဲ့လဲ့၊ ငွေရောင်အမှုန်လေး များကိုမြင်တွေ့ရပါ သည်။ တချို့ရေလုပ်သားများသည် စည်ဖေါင်းကို နေမလှန်းကြသည်မှာအလေးချိန်စီးအောင် ဖြစ်ပါသည်။ စည်ဖောင်းတွင် သွေးစွန်းရာ၊ပွန်းပဲ့ရာ၊ စည်ဖေါင်းအတံရှည်ထိပ်ပိုင်းလေး ပဲ့နေပါက စျေးကောင်းမရကြပေ။ ထို့ကြောင့် ယခုနောက်ပိုင်း၌ အကောင်လိုက် ရောင်းကြခြင်း ဖြစ်ပါသည်။ စည်ဖေါင်းအရောင်လှလေစျေး ကောင်းရလေ ဖြစ်သည်။
ကသမြင်ငါးစည်ဖေါင်းသည် လူမမာများအတွက် အင်အားပြည့်ဖြိုးစေပါသည်။ နှလုံးကိုလည်း အကျိုးပြုသည်ဟု သိရပါသည်။ တရုတ်လူမျိုးများ ဆေးဝါးဖော်စပ်ရာ၌ လည်းသုံးကြပြီး အလွန်အဖိုး တန်လှပါသည်။ ထို့ပြင် တန်ဖိုးကြီးရေမွှေးများထုတ်လုပ်ရာတွင် လည်း အသုံးပြုကြပါသည်။ အာရပ်လူမျိုးများ ကလေးမွေးပြီး မီးနေသည် ဘဝတွင် ကသမြင်ငါးစည် ဖေါင်းကို မီးရှို့အငွေ့ရှူကြသည်ဟု ဆိုကြပါ သည်။ တချို့တရုတ်လူမျိုး နွယ်စုတစ်မျိုးသည် ယောက်ျား (သို့မ ဟုတ်) မိန်းမတင်တောင်းရာတွင် သုံးကြပါသည်။ ထိုသာမက ကသမြင် စည်ဖောင်းကို ကျည်ကာမှန်ပြုလုပ်ရာတွင်လည်း
အသုံးပြုကြပါသည်။
ကသမြင်ငါး၏အသားသည် ကြမ်းသည်ထင်ရသော်လည်း အရသာရှိသော ငါးတစ်မျိုး ဖြစ်ပါသည်။ အသားသည်နူးညံ့၍ အရေခွံမှာ စားလိုက်လျှင် ထုတ်ထုတ်လေးနှင့် စား ၍ကောင်းသည်ဟု ဆိုကြပါသည်။
- အေးအေးနှင့်ကျက်အောင် လှော်ရပါမည်။
- ပြီးနောက် လှော်ထားသောစည်ဖောင်းကို ပွလာအောင် ၁၀ မိနစ်ခန့် ရေစိမ်ထားရပါမည်။
- ရေစိမ်ပြီးနောက် ရေစစ်ပြီးပါက စည်ဖောင်းများကို ကတ်ကြေးဖြင့် အနေတော် အချောင်းလေးများဖြတ်ရပါမည်။
- ထို့နောက် လှီးဖြတ်ထားသောစည်ဖောင်းခြောက်ကို ဆီအနည်း ငယ်၊ ကြက်သွန်ဖြူ၊ ကြက်သွန် နီ ပါးပါးလှီး၊ ပဲမှုန့်၊ ငံပြာရည်၊ သံပုရာရည်၊ ငရုတ်သီးစိမ်းတို့ဖြင့်ရောနယ်ပြီး ရှောက်ရွက်နှင့် နံနံပင်လေးဖြူးပြီးလျှင် သုံးဆောင်၍ ရပါပြီ။
ရှောက်ရွက်နံ့လေးသင်းနေပြီး သံပုရာရည်ညှစ်ထားသော ငါးစည်ဖေါင်းသုပ်မှာ အရသာထူးလှသောကြောင့် စားဖူးသူတိုင်းနှစ်သက်ကြသော ပင်လယ်စာတစ်မျိုး ဖြစ်ပေသည်။
ငါးစည်ဖေါင်းကိုစားသုံးခြင်းဖြင့် အရွယ်တင်နုပျိုစေပြီး နှလုံးနှင့်သက်ဆိုင်သော ရောဂါများ အတွက်အကျိုးပြုပြီး သက်ကြီးရွယ်အိုများ နှင့်ကိုယ်ဝန်ဆောင်မိခင်များအတွက်လည်း သင့်တော်သည်ဟုဖတ်မှတ်ရဖူးပါသည်။ထို့ ကြောင့် စာဖတ်သူများ ဗဟုသုတရရှိစေရန် အလို့ငှာ တန်ဖိုးကြီးရှားပါးကသမြင်ငါးနှင့် ဆေးဘက်ဝင် ငါးစည်ဖေါင်းများအကြောင်းကို လေ့လာရေးသား
လိုက်ရပါသည်။
ပင်လယ်ပြာ(ငါးဦးစီး)