ရန်ကုန်ဈေးကွက်
၂၅-၁၀-၂၀၂၅ ရက်နေ့ ကောက်ယူဈေးနှုန်းများဖြစ်ပါသည်။
ဆန်ဈေးကွက်
ယခုရက်သတ္တပတ်အတွက်ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်းလမ်း)တွင် ထုတ်ပြန်ထားသည့် ဆန်ဈေးနှုန်းများအရ ရွှေဘိုပေါ်ဆန်းဆန် အဟောင်း အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၆၀၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၅၅၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ရွှေဘိုပေါ်ဆန်းဆန် အသစ် အလတ်စ တစ်တင်းခွဲ တစ်အိတ်လျှင် ၁၅၀၀၀၀ ကျပ်နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၁၄၅၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဖျာပုံပေါ်ဆန်း အဟောင်း အလတ်စတစ်တင်းခွဲတစ်အိတ်လျှင် ၁၂၀၀၀၀ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဇီယာဆန်အသစ် အလတ်စ တစ်တင်းခွဲတစ်အိတ်လျှင် ၅၅၀၀၀ကျပ် နှုန်းနှင့် အောက်စတစ်အိတ်လျှင် ၅၂၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း အကြမ်း အလတ်စ တစ်တင်းခွဲ တစ်အိတ် လျှင် ၄၈၀၀၀ ကျပ်နှင့် အောက်စတစ်တင်းခွဲတစ်အိတ်လျှင် ၄၇၀၀၀ ကျပ်နှုန်းဖြင့် လည်းကောင်း၊ ငစိန်ဆန်အလတ်စတစ်တင်းခွဲအိတ်လျှင် ၅၂၀၀၀ ကျပ်နှုန်း နှင့် အောက်စတစ်အိတ်လျှင် ၅၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်းရောင်းဝယ်လျက် ရှိကြသည်။ ယခင်အပတ်ဈေးနှုန်းများဖြင့် နှိုင်းယှဉ် ပါက ရွှေဘိုပေါ်ဆန်း ဆန်ဟောင်း၊ ဆန်သစ်တစ်အိတ်လျှင် ၅၀၀ ကျပ်ဝန်းကျင် ဈေးမြင့်ခဲ့ ကြောင်းသိရသည်။ ရွှေဘိုပေါ်ဆန်းမှာ ဆန်ဟောင်းလက်ကျန်နည်းလာချိန်ဖြစ်ခြင်းနှင့် ပုံမှန်ဝယ် ယူစားသုံးမှုရှိခြင်းကြောင့် ဈေးမြင့်လာခြင်းဖြစ်သည်။ ဖျာပုံပေါ်ဆန်းမှာ ကုန်အဝင်အလွန်နည်း ခြင်းနှင့် ဝယ်ယူစားသုံးမှုနည်းခြင်းကြောင့်လည်းကောင်း၊ ဇီယာဆန်မှာ ဆန်သစ်အဝင်လှိုင်ချိန် ဖြစ်ခြင်းနှင့် ရောင်းလိုအား၊ ဝယ်လိုအားမျှနေခြင်းကြောင့် လည်းကောင်း၊ ဧည့်မထနှင့် ငစိန် ဆန်အမျိုးအစားများမှာ ပြည်ပပို့ဆန်ဈေးနှုန်းများ ကျဆင်းနေမြဲဖြစ်ခြင်းနှင့် ပြည်ပတင်ပို့မှုမှာ လည်းပုံမှန်ရှိခြင်းတို့ကြောင်းလည်းကောင်း ယခင်အပတ်ဈေးနှုန်းများဖြင့်သာ ဈေးငြိမ်အရောင်း အဝယ်အေးလျက်ရှိသည်။တရုတ်နှင့်အာဖရိကနိုင်ငံများသို့ ပုံမှန်ဆန်တင်ပို့မှုရှိပြီး အခြားနိုင်ငံများ သို့လည်းပိုမိုတင်ပို့နိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းတို့မှလည်း သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ဆန်ချော၊ ဆန်ကြမ်းများအား ကားဖြင့်လှည့်လည် ရောင်းချ ပေးလျက်ရှိသည်။ ရန်ကုန် ဈေးကွက် သို့ ဖျာပုံ၊ မော်ကျွန်း၊ ဘိုကလေး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ၊ ကော့မှူး၊ တွံတေး၊ ဝါးခယ်မ၊ မြောင်းမြ၊ ကျိုက်လတ် ၊ လပွတ္တာ၊ ရွှေဘိုဒေသများမှ ဆန်ဝင်ရောက်မှု ပုံမှန်ရှိခဲ့ကြောင်း သိရ သည်။
အစေ့ထုတ်ပြောင်းဈေးကွက်
ကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲများနှင့်အတူ ကမ္ဘာ့ရွှေဈေးနှင့် နိုင်ငံတကာ ငွေလဲနှုန်းမတည်ငြိမ်မှုများခြင်း၊ မုန်တိုင်းမိုးများ ရွာသွန်းသော ကာလဖြစ်၍ အရောင်းအဝယ်အေးခြင်း၊ ပင်လယ်ရေကြောင်းမှ တင်ပို့မှု နည်းခြင်း၊ တိရစ္ဆာန်အစာအဖြစ်လည်း ဝယ်ယူမှုနည်းခြင်း၊ လှောင်လက်များမှ ဝယ်ယူမှု မရှိခြင်းနှင့် တောင်သူများမှ ရောင်းလိုအားများခြင်းတို့ကြောင့် အစေ့ထုတ်ပြောင်းဈေးနှုန်းများ ယခင်အပတ်ထက် ဆက်လက်ဈေးနိမ့်ခဲ့သည်။ အစေ့ထုတ်ပြောင်း၅၄ပိဿာလျှင် ယခင်အပတ် ပျမ်းမျှဈေးနှုန်း မှာ ၇၈၈၄၀ ကျပ်ပင်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၇၈၃၀၀ ကျပ်သို့ ရောက်ရှိဈေးနိမ့်ခဲ့သည်။ ဇွန်လတတိယရက်သတ္တပတ်မှ စတင်ကာ ယခု အောက်တို ဘာစတုတ္ထရက်သတ္တပတ်တိုင်အောင် အဆင့်ဆင့် ဈေးနိမ့်လာခဲ့ခြင်းဖြစ် သည်။
ပဲမျိုးစုံဈေးကွက်
အဓိက ဝယ်လက်ဖြစ်သော အိန္ဒိယနိုင်ငံတွင် အောက်တိုဘာလအတွင်း မတ်ပဲအသစ် များဈေးကွက်သို့ ဝင်ရောက်မှုများခဲ့ခြင်းကြောင့် မတ်ပဲဈေးနှုန်းများကျဆင်းလာခြင်းအပြင် မြန်မာ့မတ်ပဲ ဝယ်လိုအားနည်းလာခြင်းကြောင့် မြန်မာ့မတ်ပဲများဈေးနိမ့်ခဲ့ပြီး အရောင်း အဝယ်ဖြစ်မှုလည်း နည်းခဲ့သည်။ မတ်ပဲ(သင်္ဘောတင်) တစ်တန်လျှင် ယခင်အပတ်ပျမ်းမျှ ဈေးနှုန်းမှာ ၂၇၀၅၀၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၂၆၉၂၀၀၀ ကျပ်သို့ ရောက်ရှိဈေးနိမ့် ခဲ့သည်။ ယခုရက်သတ္တပတ်အတွင်း ကုန်စည်ဒိုင်ဖွင့်ရက် ၅ ရက်ရှိခဲ့ပြီး ကုန်သေတ္တာ ၃၀လုံး ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံရှိ ဒေသအချို့၌ မိုးရွာသွန်းမှုများကြောင့် စိုက်ခင်းအချို့ ရေလွှမ်းပျက်စီးမှုများရှိခဲ့မှုကြောင့် ပဲစင်းငုံဈေးနှုန်းမှာမူ ဈေးမြင့်ခဲ့ကြသည်။ အာဖရိကရှိနိုင်ငံအချို့မှလည်း တင်သွင်းမှု ရှိခြင်းကြောင့် မြန်မာ့ပဲစင်းငုံများအား ဝယ်ယူမှုမှာလည်း လျော့နည်းလျက်ရှိသည်။ ပြည်တွင်း၌လည်း ပဲစင်းငုံလက်ကျန်နည်းလာချိန်ဖြစ်ခြင်းနှင့် ပြည်ပအဝယ်ရှိလာခြင်း၊ ပဲခွဲစက်များမှလည်း ဝယ်ယူမှုရှိခြင်းတို့ကြောင့် ပဲစင်းငုံ(သင်္ဘောတင်)တစ်တန်လျှင် ယခင်အပတ် ပျမ်းမျှဈေးနှုန်းမှာ ၂၅၇၅၀၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၂၆၄၅၀၀၀ ကျပ်သို့ ရောက်ရှိဈေးမြင့် ခဲ့ခြင်းဖြစ်သည်။ ကုန်စည်ဒိုင် ဖွင့်ရက် ၅ ရက်အတွင်း ကုန်သေတ္တာ ၂၅ လုံးခန့်အရောင်း အဝယ် ဖြစ်ခဲ့ကြောင်း သိရသည်။ ပဲတီရွှေဝါဈေးနှုန်းမှာ ပြည်ပဝယ်လက်များမှ အရောင်းအဝယ်နည်းခဲ့ သော်လည်း ဆောင်းပဲများ စိုက်ပျိုးချိန်နီးလာခြင်းကြောင့် မျိုးအဖြစ် ဝယ်ယူမှုများရှိကာ ဈေးငြိမ် လျက်ရှိသည်။ ထောပတ်ပဲ၊ ပဲလွမ်းဖြူ၊ ပဲပုပ်များမှာ အဟောင်း လက်ကျန်နည်းကာ အရည်အသွေးနိမ့်လာခြင်း၊ ပြည်တွင်းပြည်ပမှ ဝယ်လိုအားနည်းခြင်းတို့ ကြောင့် ယခင်အပတ်ထက် ဈေးနိမ့်ခဲ့ကြသည်။ ထောပတ်ပဲ ၃ တင်း/ ၆၀ ပိဿာလျှင် ယခင်အပတ် ပျမ်းမျှဈေးနှုန်းမှာ ၁၉၄၇၀၀ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၁၈၉၃၀၀ ကျပ်သို့ လည်းကောင်း၊ ပဲလွမ်းဖြူ ၃ တင်း / ၆၀ ပိဿာလျှင် ယခင်အပတ် ပျမ်းမျှဈေးနှုန်းမှာ ၂၅၉၉၅၀ ကျပ်ဖြစ်ပြီး ယခုအပတ် ဈေးနှုန်းမှာ ၂၅၇၅၅၀ ကျပ်သို့လည်းကောင်း၊ ပဲပုတ်ပဲ ၃ တင်း / ၆၀ ပိဿာလျှင် ယခင်အပတ် ပျမ်းမျှဈေးနှုန်းမှာ ၃၄၂၆၀၀ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၃၃၇၅၀၀ ကျပ်သို့လည်းကောင်း အသီးသီးရောက်ရှိ ဈေးနိမ့်ခဲ့ကြသည်။ ဘိုကိတ်ပဲမှာ ပဲဟောင်းလက်ကျန်နည်းလာချိန်ဖြစ်သော် လည်း ရောင်းလိုအား ဝယ်လိုအားမျှနေခြင်းကြောင့် ယခင်အပတ်ဈေးနှုန်းများဖြင့်သာ ဈေးငြိမ် အရောင်းအဝယ်အေးခဲ့သည်။ ဘိုကိတ်ပဲ ၃ တင်း / ၆၀ ပိဿာလျှင် ယခင်အပတ်နှင့်ယခုအပတ် ပျမ်းမျှဈေးနှုန်းမှာ ၂၁၅၁၀၀ကျပ်ဖြစ်သည်။ ကုလားပဲမှာ ပဲဟောင်းလက်ကျန်နည်းခြင်းနှင့် လှောင်လက်များ လက်ဝယ်သာ ပဲရှိခြင်းတို့ကြောင့် ယခင်အပတ်ထက် ဈေးမြင့်ခဲ့သည်။ ကုလားပဲ တစ်ပိဿာလျှင် ယခင်အပတ်ပျမ်းမျှဈေးနှုန်းမှာ ၄၂၉၈ ကျပ်ဖြစ်ပြီး ယခုအပတ်ဈေးနှုန်းမှာ ၄၃၄၀ကျပ်ဖြစ်သည်။
စားသုံးဆီဈေးကွက်
စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း၊ လုပ်ငန်းကြီးကြပ်မှု ကော်မတီ၏ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်မှ ၃၀ ရက်အထိ ကုန်ဆုံးသောကာလအတွက် ထုတ်ပြန်ထားသော ရန်ကုန်အထိုင်လက်ကားရည်ညွှန်းဈေးနှုန်းမှာ ၆၅၆၅ ကျပ်ဖြစ်သည်။ ယခင်အပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ၂၀ ကျပ်နှုန်း ဈေးနိမ့်လာ ခဲ့ခြင်း ဖြစ်သည်။ပြင်ပရှိလက်လီဈေးကွက်တွင် သတ်မှတ်ထားသော ဆီဆိုင်အချို့၌ ရည်ညွှန်းဈေး နှုန်းထက်များစွာ မကွာသော ဈေးနှုန်းများဖြင့် တစ်အိမ်ထောင်လျှင် စားအုန်းဆီ (၅၀)ကျပ်သား နှုန်း ရောင်းချပေးလျက်ရှိသည်။ အချို့သော မြို့နယ်များတွင် စားအုန်းဆီတစ်ပိဿာ၏ ပြင်ပ ပေါက်ဈေးမှာ ၁၀၀၀၀ ကျပ်ဝန်းကျင်ဖြစ်သည်။
အေးသန္တာဝင်း