စင်ကာပူနှင့်ချုပ်ဆိုမည့် ကြက်သားတင်ပို့မှု သဘောတူစာချုပ် သီရိလင်္ကာပြုစုပြီးစီး

မကြာသေးမီက စင်္ကာပူအစားအ သောက်အေဂျင်စီ (SFA) မှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ လာရောက်ကြည့်ရှုခဲ့ပြီးနောက်၊ သီရိလင်္ကာကြက်သားထုတ်ကုန်တင်ပို့သူများသည် စင်္ကာပူဈေးကွက်သို့ ဝင်ရောက်နိုင်မည်ဟု မျှော်လင့်နေကြသည်။
အဆိုပါကိုယ်စားလှယ်အဖွဲ့အား သီရိလင်္ကာတင်ပို့မှုဖွံ့ဖြိုးရေးဘုတ် အဖွဲ့ (EDB) မှ ဖိတ်ကြားခဲ့ပြီး၊ နှစ်ဖက်အဖွဲ့များသည် SFA ၏ ကြက် သားသတ်ရုံများအပေါ် စစ်ဆေးမှုအခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
SFA သည် ပထမဦးစွာ ၂၀၂၄ မတ်လတွင် New Anthony’s Farm၊ Nelna Farm နှင့် Ceylon Grain Elevators တို့ကို သွားရောက်ကြည့်ရှုခဲ့သည်။
၎င်းတို့သည် ဒုတိယအကြိမ်အဖြစ် Pussella Farm၊ Jaya Farm နှင့် Bairaha Farms PLC တို့ကို စစ်ဆေးရန် ဇူလိုင်လကုန်ပိုင်းတွင် သွား ရောက်ခဲ့သည်။
နောက်ဆုံးအကြိမ်သွားရောက်စစ်ဆေးစဉ်တွင် စင်္ကာပူသို့ တင်ပို့မှုများအတွက် တိရစ္ဆာန်မွေးမြူထုတ် လုပ်မှုနှင့်ကျန်းမာရေးဌာန၏ စွမ်းဆောင်ရည်ကိုလည်း စစ်ဆေးခဲ့သည်။
မကြာသေးမီက အစိုးရအချင်းချင်း ဆွေးနွေးပွဲတွင် သီရိလင်္ကာအာဏာ ပိုင်များက ရောဂါကင်းရှင်းမှုအခြေ အနေ၊ မဟာဗျူဟာဆိုင်ရာပထဝီဝင်တည်နေရာနှင့် ယှဉ်ပြိုင်နိုင်သောထုတ်ကုန် အရည်အသွေးတို့ အပေါ် အခြေခံ၍ အရည်အသွေးမြင့်ကြက် သားထုတ်ကုန်များကို ပေးသွင်းနိုင်သောစွမ်းရည်ရှိကြောင်း အလေးပေးပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ်တွင် သီရိလင်္ကာသည် မော်လဒိုက်၊ ကာတာ၊ ဗီယက်နမ်၊ ဟောင်ကောင်နှင့် ဂျပန်တို့အပါ အဝင် ပြည်ပနိုင်ငံများသို့ ကန်ဒေါ်လာ ၅ ဒသမ ၄ သန်းတန်ဖိုးရှိသောကြက် သား ထုတ်ကုန်များကို တင်ပို့ခဲ့ပြီး၊ ယခင်နှစ်နှင့်နှိုင်းယှဉ်၍ ၃၇ ရာခိုင် နှုန်း တိုးတက်မှုရှိခဲ့သည်။ တရုတ်ဈေးကွက်သို့ ဝင်ရောက်ရန် ကြိုးပမ်းမှုများလည်း ဆောင်ရွက်လျက်ရှိသည်။
အဆိုပါအစည်းအဝေးကို EDB ဥက္ကဋ္ဌ/အမှုဆောင်အရာရှိချုပ် Mangala Wijesinghe ဦးဆောင်ခဲ့ပြီး၊ ဒါရိုက်တာချုပ် Champika D. Dharmasena၊ EDB ၏အကြီးတန်းအရာရှိများ၊ တိရစ္ဆာန်မွေးမြူထုတ် လုပ်မှုနှင့်ကျန်းမာရေးဌာန (DAPH) နှင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ မြေယာနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အရာရှိကြီးများတက်ရောက်ခဲ့သည်။
SFA ကိုယ်စားလှယ်အဖွဲ့တွင် အရာရှိကြီးများဖြစ်သော Joint Operations Division ၏ ဒုတိယဒါရိုက်တာ Herman Teo၊ Senior Assistant Director Low Bee Leng၊ စည်းမျဉ်းစံနှုန်းနှင့် တိရစ္ဆာန်ကုသရေးဆေးဝါးရုံးမှ ဆရာဝန် Dr M Yoganandhini နှင့် Southwest Regional Office Manager Alex Chen တို့ ပါဝင်သည်။
ညွှန်ကြားရေးမှူးချုပ် Dr Hemali Kothalawala၊ တွဲဖက် ညွှန်ကြား ရေးမှူးချုပ် Dr H Kothalawala နှင့် နည်းပညာကျွမ်းကျင်သူများသည် တိရစ္ဆာန်မွေးမြူထုတ်လုပ်မှုနှင့်ကျန်းမာရေးဌာနကို ကိုယ်စားပြု တက်ရောက်ခဲ့ကြသည်။
တိရစ္ဆာန်မွေးမြူမှုဖွံ့ဖြိုးရေးဌာန တွဲဖက်အတွင်းရေးမှူး Dr Palika Fernando သည် စိုက်ပျိုးရေး၊ မွေးမြူရေး၊ မြေယာနှင့် ဆည်မြောင်းဝန်ကြီးဌာနကိုကိုယ်စားပြုတက်ရောက် ခဲ့သည်။
TTP
www.asian-agribiz.com