ဇူလိုင်လတွင် ဓာတ်မြေသြဇာ ရည်ညွှန်းဈေးနှုန်းမြင့်တက်

ဇူလိုင်လတွင် ဓာတ်မြေသြဇာ ရည်ညွှန်းဈေးနှုန်းမြင့်တက်

ဓာတ်မြေသြဇာရည်ညွှန်းဈေးနှုန်းများ ဇွန်လတွင် မှတ်ပုံတင်ထားသည့် နှုန်းထားများနှင့် နှိုင်းယှဉ်ပါက ၂၀၂၅ ခုနှစ် ဇူလိုင်တွင် အနည်းငယ် မြင့်တက်လာကြောင်း မြန်မာနိုင်ငံ ဓာတ်မြေသြဇာ၊ မျိုးစေ့နှင့် ပိုး သတ်ဆေး လုပ်ငန်းရှင်များအသင်း (MFSPEA) မှ ထုတ်ပြန်ခဲ့သည်။

၂၀၂၅ ခုနှစ် ဇွန်အတွက် ရည်ညွှန်းစျေးနှုန်းများမှာ ယူရီးယားဓာတ်မြေသြဇာ ၅၀ ကီလိုဂရမ်  တစ်အိတ်လျှင် ၉၅,၀၀၀ ကျပ်၊ Rock Phosphate ၅၀ ကီလိုဂရမ်တစ်အိတ်လျှင် ၁၂၄,၀၀၀ ကျပ်နှင့် Di Ammo-nium Phosphate ၅၀ ကီလိုဂရမ်တစ်အိတ်လျှင် ၁၃၅,၀၀၀ ကျပ် ဖြစ်သည်။

ဇူလိုင်တွင် ယူရီးယားဓာတ်မြေသြဇာ ၅၀ ကီလိုဂရမ်တစ်အိတ်လျှင် ငွေကျပ် ၁၀၂,၀၀၀၊ Rock Phosphate ၅၀ ကီလိုဂရမ်တစ်အိတ်လျှင် ၁၂၄,၀၀၀ နှင့် Di Ammonium ၅၀ ကီလိုဂရမ်တစ်အိတ်လျှင် ၁၄၅,၀၀၀ ကျပ်တို့အထိ ဈေးတက်ခဲ့သည်။ ဇူလိုင်လတွင် တစ်အိတ်လျှင် ကျပ် ၇,၀၀၀ မှ ၁၀,၀၀၀ အတွင်း ယခင်လထက် တိုးလာကြောင်း ကိန်းဂဏန်းများအရ သိရှိရသည်။

အထက်ဖော်ပြပါဈေးနှုန်းများမှာ ရန်ကုန်တိုင်းဒေသကြီးအတွက် သတ်မှတ်ထားသည့် ဈေးနှုန်းများ ဖြစ်သောကြောင့် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် သယ်ယူပို့ဆောင်ခပေါ် မူတည်၍ ဈေးနှုန်းအနည်းငယ် ကွာခြားနိုင်သည်ဟု MFSPEA မှ ဖော်ပြထားသည်။ ထို့အပြင် ရည်ညွှန်းစျေးနှုန်းများကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထပ်မံကြေညာပေးမည်ဖြစ်သည်။ 

ဈေးနှုန်း ပိုမိုရောင်းချသူများရှိပါက ဝယ်ယူသူများအနေ ဖြင့် ၀၆၇ - ၄၁၀၀၃၂ နှင့် ၀၉ - ၉၈၈ ၅၃၉ ၃၆၀ များမှတစ်ဆင့် ကော်မတီထံသို့ တိုင်ကြားနိုင်သည်။ MFSPEA သည် အသင်းဝင် ကုမ္ပဏီများအား ရည်ညွှန်းစျေးနှုန်းများကို လိုက်နာရန် တောင်းဆိုထားပြီးဖြစ်သည်။

လက်ရှိတွင် စိုက်ပျိုးသူများအနေဖြင့် အရည်အသွေးမီ ဓာတ်မြေသြဇာများ ပြတ်လပ်မှုနှင့် မကြုံတွေ့စေရေးအတွက် ၃ လတစ်ကြိမ် မြေသြဇာကော်မတီ အစည်း အဝေး ကျင်းပလျက်ရှိသည်။ မြေသြဇာနည်းပညာ အဖွဲ့၏ ခွင့်ပြုချက်ဖြင့် မြေသြဇာမှတ်ပုံတင်ခြင်း ၁၂၂၉၇ ခုကို ၄၃ ကြိမ်မြောက် မြေသြဇာကော်မတီ အစည်းအဝေးအပြီးတွင် ခွင့်ပြုပေးခဲ့ပါသည်။ တစ်ဦးချင်း၏ သဘောတူညီချက်ဖြင့် မှတ်ပုံတင်မှု ၂,၀၈၈ ကို ဆန္ဒအလျောက် ပယ်ဖျက်ခဲ့ပါသည်။ တရားဝင် သက်တမ်းကုန်ဆုံးရန် မှတ်ပုံတင်မှု ၂၈၆၇ ခုကို ရုပ်သိမ်းခဲ့ပြီး မှတ်ပုံတင် ၇၃၄၂ ခုကို ဆက်လက်ဆောင်ရွက်ဆဲဖြစ်ကြောင်း သိရှိရသည်။

ဥမ္မာထွန်း

https://www.gnlm.com.mm/fertilizer-reference-prices-edge-up-in-july/